China
တရုတ်နိုင်ငံအနေဖြင့် အမေရိကန်နိုင်ငံနှင့်အတူ “အပြုသဘောဆောင်သော မဟာဗျူဟာမြောက် တည်ငြိမ်မှုရှိသည့် တရုတ်-အမေရိကန် ဆက်ဆံရေး” အနှစ်သာရကို စဉ်ဆက်မပြတ် ဖြည့်တင်းသွားရန် ဆန္ဒရှိဟု တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန ပြောကြား
ပေကျင်း၊ မေ ၁၉ ရက် (ဆင်ဟွာ)
အမေရိကန်အိမ်ဖြူတော်က သမ္မတ ထရမ့် တရုတ်နိုင်ငံခရီးစဉ် “အချက်အလက်စာရင်း” ထုတ်ပြန်ခြင်းနှင့် စပ်လျဉ်း၍ တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ ကောကျားခွန်းက မေ ၁၈ ရက် ပုံမှန်သတင်းစာရှင်းလင်းပွဲ၌ မေးခွန်းများကို ဖြေကြားခဲ့သည်။
ယင်းနှင့်စပ်လျဉ်း၍ ကောကျားခွန်းက ခရီးစဉ်ကာလတွင် နှစ်နိုင်ငံအကြီးအကဲများသည် “အပြုသဘောဆောင်သော မဟာဗျူဟာမြောက် တည်ငြိမ်မှုရှိသည့် တရုတ်-အမေရိကန် ဆက်ဆံရေး” ကို နှစ်နိုင်ငံဆက်ဆံရေး၏ အနေအထား သတ်မှတ်ချက်သစ်အဖြစ် ထားရှိကာ နောက်တစ်ဆင့် အဆင့်မြင့်အလွှာ ကူးလူးဖလှယ်မှုနှင့် သံတမန်ရေး၊ ကုန်သွယ်စီးပွားရေး၊ တပ်မတော်နှစ်ရပ်၊ တရားဥပဒေစိုးမိုးရေး စသည့် ကဏ္ဍစုံ တွေ့ဆုံဆွေးနွေးပူးပေါင်းဆောင်ရွက်မှုနှင့်ပတ်သက်၍ အစီအစဉ်ရေးဆွဲခဲ့သလို ဘုံဂရုပြုကြသည့် နိုင်ငံတကာနှင့် ဒေသတွင်း အရေးကြီးကိစ္စရပ်များနှင့်စပ်လျဉ်း၍ အမြင်သဘောထားချင်း နက်ရှိုင်းစွာ ဖလှယ်ခဲ့ကြကြောင်း ပြောကြားခဲ့သည်။
တရုတ်နိုင်ငံအနေဖြင့် အီရန်၊ ကိုရီးယားကျွန်းဆွယ် နျူကလီးယားအရေး စသည့် ကိစ္စရပ်များ၌ ထားရှိသော တစ်သမတ်တည်းရပ်တည်ချက်ကို ဖော်ပြခဲ့ပြီး အမေရိကန်နိုင်ငံက သက်ဆိုင်သူများ၏ ကျိုးကြောင်းဆီလျော်မှုရှိသော စိုးရိမ်ချက်များကို တည့်မတ်စွာ ရှုမြင်ရန်၊ ပြဿနာများကို တွေ့ဆုံဆွေးနွေးမှုမှတစ်ဆင့် ငြိမ်းချမ်းစွာ ဖြေရှင်းခြင်းအား လက်ကိုင်ထားရန် တောင်းဆိုခဲ့ကြောင်း ကောကျားခွန်းက မိတ်ဆက်ပြောကြားခဲ့သည်။
နှစ်ဖက် ကုန်သွယ်စီးပွားကဏ္ဍ အဖွဲ့အစည်းများက တန်းတူညီမျှမှု၊ လေးစားမှု၊ အပြန်အလှန် အကျိုးဖြစ်ထွန်းမှုရှိသော သဘောထားကို အခြေခံ၍ ညှိနှိုင်းဆွေးနွေးခဲ့ရာ တရုတ်-အမေရိကန် ကုန်သွယ်စီးပွားဆက်ဆံရေး တည်ငြိမ်ရန်၊ ကိုယ်စီစိုးရိမ်ပူပန်မှုများအား သင့်လျော်ကောင်းမွန်စွာ ဖြေရှင်းရန်နှင့်စပ်လျဉ်းပြီး ယေဘုယျအားဖြင့် ဟန်ချက်ညီ၍ အပြုသဘောဆောင်သော ရလဒ်များ ရရှိခဲ့ကြောင်း ကောကျားခွန်းက ဆိုသည်။
“တရုတ်နိုင်ငံအနေနဲ့ အမေရိကန်နိုင်ငံနဲ့အတူ နှစ်နိုင်ငံအကြီးအကဲများ ရရှိထားတဲ့ အရေးကြီးသဘောတူညီချက်များကို ဘက်စုံ၊ တိကျ၊ ကောင်းမွန်စွာ ဖောင်ဆောင်သွားဖို့ ဆန္ဒရှိပါတယ်။ တွေ့ဆုံဆွေးနွေးမှု မြှင့်တင်ဖို့၊ ပူးပေါင်းဆောင်ရွက်မှု တိုးချဲ့ဖို့၊ ကွဲလွဲမှုတွေနဲ့ အကဲဆတ်တဲ့ကိစ္စရပ်တွေကို သင့်လျော်ကောင်းမွန်စွာ စီမံဖို့၊ ‘အပြုသဘောဆောင်သော မဟာဗျူဟာမြောက် တည်ငြိမ်မှုရှိသည့် တရုတ်-အမေရိကန် ဆက်ဆံရေး’ ရဲ့ အနှစ်သာရကို စဉ်ဆက်မပြတ် ဖြည့်တင်းဖို့၊ တရုတ်-အမေရိကန် ဆက်ဆံရေး တည်ငြိမ်၊ ကောင်းမွန်စွာ စဉ်ဆက်မပြတ် တိုးတက်ရေးကို တွန်းအားပေးဖို့ ဆန္ဒရှိပါတယ်” ဟု ၎င်းက ပြောကြားခဲ့သည်။ (Xinhua)
—————–
(Chinese Version)
外交部:中方愿同美方一道不断丰富“中美建设性战略稳定关系”内涵
新华社北京5月18日电(记者冯歆然、马卓言)就美国白宫发布特朗普总统访华“事实清单”,外交部发言人郭嘉昆18日在例行记者会上回答提问时表示,访问期间,两国元首同意将“中美建设性战略稳定关系”作为两国关系的新定位,就下阶段高层交往和外交、经贸、两军、执法等各领域对话合作作出规划,就共同关心的国际和地区热点问题深入交换意见。
郭嘉昆介绍,中方表明了在伊朗、朝鲜半岛核等问题上的一贯立场,要求美方正视有关各方的合理关切,坚持通过对话谈判和平解决问题。
郭嘉昆说,双方经贸团队本着平等、尊重、互惠的态度进行磋商,就稳定中美经贸关系、妥善解决各自关切,达成了总体平衡积极的成果。
“中方愿同美方一道全面准确落实好两国元首达成的重要共识,加强对话,拓展合作,妥善处理分歧和敏感问题,不断丰富‘中美建设性战略稳定关系’的内涵,推动中美关系稳定、健康、可持续发展。”他说。(完)
