Connect with us

Politics, Law & Military

ငြိမ်းချမ်းရေး လုပ်ငန်းစဉ်များအား လေ့လာရန် ပြည်ထောင်စု အဆင့် ပစ်ခတ် တိုက်ခိုက်မှု ရပ်စဲရေး ဆိုင်ရာ ပူးတွဲ စောင့်ကြည့်ရေး ကော်မတီမှ ကိုလံဘီယာနိုင်ငံသို့ သွားရောက်လေ့လာ

တစ်နိုင်ငံလုံး ပစ်ခတ် တိုက်ခိုက်မှု ရပ်စဲရေး သဘောတူစာချုပ် လက်မှတ်ရေးထိုးပွဲ အခမ်းအနားအား အောက်တိုဘာလ ၁၅ ရက်က ကျင်းပခဲ့စဉ် (ဆင်ဟွာ)

ရန်ကုန်၊ ဒီဇင်ဘာ ၃ ရက် (ဆင်ဟွာ)

မြန်မာနိုင်ငံ၏ ထာဝရ ငြိမ်းချမ်းရေး တည်ဆောက်ရန် ကိုလံဘီယာ နိုင်ငံတွင် ငြိမ်းချမ်းရေး လုပ်ငန်းစဉ်များအား လေ့လာရန် အတွက် ပြည်ထောင်စု အဆင့် ပစ်ခတ် တိုက်ခိုက်မှု ရပ်စဲရေး ဆိုင်ရာ ပူးတွဲ စောင့်ကြည့်ရေး ကော်မတီ အဖွဲ့မှ တာဝန်ရှိသူများ ကိုလံဘီယာနိုင်ငံသို့ ထွက်ခွာသွားခဲ့ကြောင်း မြဝတီ သတင်းတွင် ဖော်ပြထားသည်။

လက်နက် ဖြုတ်သိမ်းခြင်း၊ တပ်နေရာ ချထားခြင်း၊ ပြန်လည် ပေါင်းစည်းခြင်း၊ (Disarmament ၊ Demobilization ၊ Reintegration-DDR) နှင့် လုံခြုံရေး ကဏ္ဍ ပြုပြင် ပြောင်းလဲမှု (Security Sector Reform- SSR) လုပ်ငန်းစဉ်များ လေ့လာရန် အတွက် ပြည်ထောင်စု အဆင့် ပစ်ခတ် တိုက်ခိုက်မှု ရပ်စဲရေး ဆိုင်ရာ ပူးတွဲ စောင့်ကြည့်ရေး ကော်မတီ အဖွဲ့ဝင်များက ကိုလံဘီယာနိုင်ငံသို့ သွားရောက် လေ့လာကြခြင်း ဖြစ်သည်။

လေ့လာရေး အဖွဲ့တွင် ကာကွယ်ရေး ဦးစီးချုပ်ရုံး (ကြည်း) မှ ဒုတိယ ဗိုလ်ချုပ်ကြီး ရဲအောင်၊ ဗိုလ်ချုပ် ထွန်းထွန်းနောင်၊ ဗိုလ်ချုပ် မင်းနောင်နှင့် မြန်မာနိုင်ငံ ငြိမ်းချမ်းရေး ပြန်လည် ထူထောင်ရေး လုပ်ငန်း ဗဟိုဋ္ဌာန (MPC) မှ တာဝန်ရှိသူများ၊ ကရင်အမျိုးသား အစည်းအရုံး (KNU) အဖွဲ့မှ ဦးစောထူးထူးလေး၊ ဦးစောမိုရှေး၊ ဒေါ်နော် ကပေါ်ထူး တို့ ပါဝင်ကြောင်း သိရသည်။

၎င်းလေ့လာရေး ခရီးစဉ်သည် ဒီဇင်ဘာလ ၂ ရက်မှ ၁၁ ရက်အထိ ကြာမြင့်မည် ဖြစ်သည်။ (Xinhua)


Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117