China
ရှီကျင့်ဖိန်နှင့် ရုရှားနိုင်ငံ သမ္မတ ပူတင် တွေ့ဆုံဆွေးနွေး
ပေကျင်း၊ မေ ၂၀ ရက် (ဆင်ဟွာ)
တရုတ်နိုင်ငံ သမ္မတ ရှီကျင့်ဖိန်သည် တရုတ်နိုင်ငံသို့ နိုင်ငံတော်ခရီးစဉ် ရောက်ရှိလာသော ရုရှားနိုင်ငံ သမ္မတ ပူတင်နှင့် ပေကျင်းမြို့ ပြည်သူ့ခန်းမဆောင်တွင် မေ ၂၀ ရက် နံနက်ပိုင်းက တွေ့ဆုံဆွေးနွေးခဲ့သည်။ နှစ်နိုင်ငံအကြီးအကဲများက တရုတ်-ရုရှား အိမ်နီးချင်းကောင်းပီသရေးနှင့် ချစ်ကြည်ရင်းနှီးစွာ ပူးပေါင်းဆောင်ရွက်ရေး သဘောတူစာချုပ်ကို ဆက်လက်သက်တမ်းတိုးရန် တစ်ပြေးညီ သဘောတူညီခဲ့သည်။
ထို့နောက် နှစ်နိုင်ငံအကြီးအကဲများသည် ဆွေးနွေးပွဲငယ်၊ ဆွေးနွေးပွဲကြီးများ ဆက်တိုက် ကျင်းပခဲ့သည်။
ထိုသို့တွေ့ဆုံဆွေးနွေးရာတွင် ရှီကျင့်ဖိန်က ယခုနှစ်သည် တရုတ်-ရုရှား မဟာဗျူဟာမြောက် ညှိနှိုင်းဆောင်ရွက်မှု မိတ်ဖက်ဆက်ဆံရေး ထူထောင်ခြင်း နှစ် ၃၀ ပြည့်နှင့် “တရုတ်-ရုရှား အိမ်နီးချင်းကောင်းပီသရေးနှင့် ချစ်ကြည်ရင်းနှီးစွာ ပူးပေါင်းဆောင်ရွက်ရေး သဘောတူစာချုပ်” လက်မှတ်ရေးထိုးသည့် ၂၅ နှစ်မြောက် ဖြစ်ကြောင်း၊ တရုတ်-ရုရှား နှစ်နိုင်ငံ လက်မှတ်ရေးထိုးသည့် အိမ်နီးချင်းကောင်းပီသရေးနှင့် ချစ်ကြည်ရင်းနှီးစွာ ပူးပေါင်းဆောင်ရွက်ရေး သဘောတူစာချုပ်သည် ဥပဒေကြောင်းအရ ချစ်ကြည်သင့်မြတ်သည့် အိမ်နီးချင်းချစ်ကြည်ရေး၊ ဘက်စုံ မဟာဗျူဟာမြောက် ညှိနှိုင်းဆောင်ရွက်မှုစနစ် အခြေခံအုတ်မြစ်ကို အတည်ပြုလိုက်ခြင်း ဖြစ်ရာ တရုတ်-ရုရှား ဆက်ဆံရေးသည် ထိုမှသည် ခုန်ပျံကျော်လွှားတိုးတက်မှုကို ဖော်ဆောင်နိုင်ခဲ့ကြောင်း ပြောကြားခဲ့သည်။
တရုတ်-ရုရှား ဆက်ဆံရေးသည် ယနေ့ ဤမြင့်မားသောအဆင့်သို့ ရောက်ရှိအောင် တစ်ဆင့်ချင်း တစ်လှမ်းချင်း လျှောက်လှမ်းနိုင်ခြင်းသည် မိမိတို့အနေဖြင့် “ အခက်အခဲ အကျပ်အတည်းများနှင့် မည်မျှပင် ရင်ဆိုင်ရစေကာမူ ကြံ့ကြံ့ခံခိုင်မာမြဲမြံလျက်ရှိ” သည့် ဇွဲလုံ့လဖြင့် နိုင်ငံရေး အပြန်အလှန် ယုံကြည်မှုနှင့် မဟာဗျူဟာ ညှိနှိုင်းဆောင်ရွက်မှုကို စဉ်ဆက်မပြတ် နက်ရှိုင်းအောင် ဆောင်ရွက်နိုင်ခြင်း၊ “ပိုမို မြင့်မားသောအဆင့်တစ်ခုသို့ တက်လှမ်း” မည့် စိတ်ဓာတ်ဖြင့် ကဏ္ဍစုံ ပူးပေါင်းဆောင်ရွက်ရေးကို တိုးချဲ့နိုင်ခြင်း၊ “လှိုင်းကြမ်းလေဒဏ် မည်မျှပင် ရှုပ်ထွေးကြမ်းတမ်းစေကာမူ တည်ငြိမ်ရင့်ကျက်စွာ တုံ့ပြန်” သည့် သတ္တိဗျတ္တိဖြင့် နိုင်ငံတကာ တရားမျှတမှုနှင့် သမာသမတ်ကျမှုကို ကာကွယ်ပြီး လူသားမျိုးနွယ် အေးအတူ ပူအမျှ အသိုက်အဝန်းကို တွန်းအားပေးတည်ဆောက်နိုင်ခြင်းတို့ကြောင့် ဖြစ်ကြောင်း ၎င်းက ပြောကြားခဲ့သည်။
လက်ရှိ နိုင်ငံတကာ အခြေအနေအောက်တွင် ကုလသမဂ္ဂလုံခြုံရေးကောင်စီ၏ အမြဲတမ်းအဖွဲ့ဝင်နိုင်ငံနှင့် ကမ္ဘာ့အရေးပါသောနိုင်ငံကြီးအနေဖြင့် တရုတ်-ရုရှား နှစ်နိုင်ငံသည် ရေရှည်မဟာဗျူဟာမြောက် မျှော်မှန်းချက်များကို ရှေးရှုကာ ပိုမိုအရည်အသွေးမြင့်မားသော ဘက်စုံမဟာဗျူဟာမြောက် ညှိနှိုင်းဆောင်ရွက်မှုဖြင့် ကိုယ်စီနိုင်ငံ၏ ဖွံ့ဖြိုးတိုးတက်အားကောင်းရေးကို အားဖြည့်ရမည် ဖြစ်ပြီး ပိုမိုတရားမျှတ၍ ကျိုးကြောင်းဆီလျော်သော ကမ္ဘာလုံးဆိုင်ရာ စီမံခန့်ခွဲမှုစနစ် တည်ဆောက်ရန် တွန်းအားပေး ဆောင်ရွက်သွားရမည် ဖြစ်ကြောင်း ရှီကျင့်ဖိန်က ပြောကြားခဲ့သည်။
သမ္မတ ရှီကျင့်ဖိန်က မကြာသေးမီနှစ်များအတွင်း ပြောင်းလဲရှုပ်ထွေးလျက်ရှိသော နိုင်ငံတကာအခြေအနေများကို ရင်ဆိုင်ရာတွင် တရုတ်-ရုရှား နှစ်နိုင်ငံသည် တန်းတူညီမျှအပြန်အလှန်ဆက်ဆံခြင်း၊ အပြန်အလှန် လေးစားခြင်း၊ ကတိကဝတ်များကို အလေးအနက်ထား၍ ကျင့်ဝတ်ကို လိုက်နာခြင်း၊ ပူးပေါင်းဆောင်ရွက်မှုဖြင့် ဘုံအကျိုးစီးပွားဖော်ဆောင်ခြင်းတို့ကို အခြေခံကာ ခေတ်သစ် ဘက်စုံ မဟာဗျူဟာမြောက် ညှိနှိုင်းဆောင်ရွက်မှု မိတ်ဖက်ဆက်ဆံရေးကို ဖွံ့ဖြိုးတိုးတက်စေခဲ့ကြောင်း ၊ နှစ်ဖက် နိုင်ငံရေး အပြန်အလှန် ယုံကြည်မှုသည် အဆက်မပြတ် နက်ရှိုင်းလာပြီး ကုန်သွယ်စီးပွား၊ ရင်းနှီးမြှုပ်နှံမှု၊ စွမ်းအင်၊ သိပ္ပံနည်းပညာ၊ လူမှုယဉ်ကျေးမှု၊ ဒေသန္တရ စသည့်ကဏ္ဍ ပူးပေါင်းဆောင်ရွက်မှုများကို စဉ်ဆက်မပြတ် မြှင့်တင်ခဲ့ရာ ပြည်သူများ စိတ်နှလုံးချင်း ချိတ်ဆက်မှု ပိုမိုခိုင်မာလာခဲ့ကြောင်း၊ တရုတ်-ရုရှား ဆက်ဆံရေးသည် ပိုမိုစွမ်းဆောင်နိုင်ပြီး ပိုမိုလျင်မြန်စွာ ဖွံ့ဖြိုးတိုးတက်သည့် အဆင့်သစ်တစ်ခုသို့ ရောက်ရှိနေပြီဖြစ်ကြောင်း ထောက်ပြခဲ့သည်။
တရုတ်-ရုရှား ဆက်ဆံရေးအား ရေရှည် ကောင်းမွန်တည်ငြိမ်၍ အရည်အသွေးမြင့် ဖွံ့ဖြိုးတိုးတက်စေရန် မယိမ်းမယိုင် ခိုင်မာစွာ မြှင့်တင်ခြင်းသည် နှစ်ဖက်က နှစ်နိုင်ငံ အခြေခံအကျိုးစီးပွားများနှင့် ကမ္ဘာ့ဖွံ့ဖြိုးတိုးတက်မှု ယေဘုယျလမ်းကြောင်းကို ထောက်ရှု၍ ပြုလုပ်သော မဟာဗျူဟာမြောက် ရွေးချယ်မှုတစ်ခုဖြစ်ကြောင်း၊ နှစ်နိုင်ငံ ဌာနအသီးသီးအနေဖြင့် မိမိနှင့် သမ္မတ ပူတင်တို့ ရရှိထားသော အရေးကြီး သဘောတူညီချက်များကို အစွမ်းကုန် လက်တွေ့ဖော်ဆောင်ရမည်ဖြစ်ပြီး သမိုင်း အခွင့်အလမ်းများကို အပြည့်အဝ ဆုပ်ကိုင်ကာ နှစ်နိုင်ငံ၏ အပြန်အလှန် ယုံကြည်မှု အခြေခံအုတ်မြစ်ကို ပိုမိုခိုင်ခံ့စေရန်၊ ပူးပေါင်းဆောင်ရွက်မှု အရည်အသွေး ပိုမို ပြည့်စုံကောင်းမွန်လာစေရန်၊ ချစ်ကြည်ရေးလမ်းကြောင်း ပိုမိုကျယ်ပြန့်လာစေရန် မြှင့်တင်ရမည်ဖြစ်ကြောင်း ၎င်းက ပြောကြားခဲ့သည်။ နှစ်ဖက်အနေဖြင့် နှစ်နိုင်ငံ ဖွံ့ဖြိုးတိုးတက်မှု ရည်မှန်းချက်ကို အာရုံစိုက်ကာ တရုတ်-ရုရှား ပူးပေါင်းဆောင်ရွက်မှုယန္တရား၏ ဘက်စုံမှု၊ ပြည့်စုံမှု ထူးခြားချက်ကို အပြည့်အဝအသုံးပြုကာ ဘက်စုံထောင့်စုံ ပူးပေါင်းဆောင်ရွက်မှုအား စီမံရေးဆွဲမှုကို မြှင့်တင်ရမည်ဖြစ်ကြောင်း၊ ကုန်သွယ်စီးပွားရင်းနှီးမြှုပ်နှံမှု၊ စွမ်းအင်အရင်းအမြစ်၊ ပို့ဆောင်ဆက်သွယ်ရေး၊ သိပ္ပံနည်းပညာ ဆန်းသစ်တီထွင်မှု စသည့် လက်တွေ့ပူးပေါင်းဆောင်ရွက်မှုများ အရည်အသွေးမြှင့် အဆင့်မြှင့်တင်ရေးကို တွန်းအားပေးရမည်ဖြစ်ကြောင်း၊ ရှေ့ပြေးကဏ္ဍ ပူးပေါင်းဆောင်ရွက်မှုများကို တက်ကြွစွာ စီမံဖြန့်ကြက်ထား၍ အရည်အသွေးသစ်ကုန်ထုတ်စွမ်းအားဖြင့် တိုးတက်မှုမောင်းနှင်အားအသစ်ကို ဖန်တီးရမည်ဖြစ်ကြောင်း၊ ခေတ်အဆက်ဆက် ချစ်ကြည်ရင်းနှီးမှု ရှေ့ဆက်ဖော်ဆောင်ရေးအား အရင်းခံ၍ ပညာရေး၊ ယဉ်ကျေးမှု၊ ရုပ်ရှင်၊ ခရီးသွားလာရေး၊ အားကစား စသည့် ပြည်သူအချင်းချင်း ယဉ်ကျေးမှုဖလှယ်ရေး ပူးပေါင်းဆောင်ရွက်မှုကို မြှင့်တင်ကာ နှစ်နိုင်ငံချစ်ကြည်ရင်းနှီးသော ပြည်သူ့ဆန္ဒအခြေခံကို ခိုင်မြဲအောင် လုပ်ဆောင်ရမည်ဖြစ်ကြောင်း၊ နိုင်ငံစုံ ညှိနှိုင်းဆောင်ရွက်မှုကို ထဲထဲဝင်ဝင်ဖော်ဆောင်၍ ကုလသမဂ္ဂ၊ ရှန်ဟိုင်းပူးပေါင်းဆောင်ရွက်မှုအဖွဲ့ (SCO)၊ BRICS ၊ အာရှ-ပစိဖိတ် စီးပွားရေး ပူးပေါင်းဆောင်ရွက်မှုအဖွဲ့ (APEC) စသည့် နိုင်ငံစုံပလက်ဖောင်းများတွင် ညှိနှိုင်းမှုနှင့် တွဲဖက်ဆောင်ရွက်မှုကို တစ်ဆင့်တိုးနီးကပ်စွာ လုပ်ဆောင်ရမည်ဖြစ်ကြောင်း၊ စစ်ပွဲအလွန် နိုင်ငံတကာစည်းစနစ်နှင့် နိုင်ငံတကာဥပဒေ၏ ဩဇာအရှိန်အဝါကို မမှိတ်မသုန် ခိုင်မြဲစွာ ကာကွယ်ထိန်းသိမ်း၍ ကမ္ဘာ့တောင်ဘက်ခြမ်းကို စည်းလုံးညီညွတ်အောင် ဆောင်ရွက်ပြီး ကမ္ဘာလုံးဆိုင်ရာ စီမံခန့်ခွဲမှုစနစ် ပြုပြင်ပြောင်းလဲရေး၏ မှန်ကန်သော ဦးတည်ချက်ကို ဦးဆောင်ရမည်ဖြစ်ကြောင်း ရှီကျင့်ဖိန်က အလေးထား ပြောကြားခဲ့သည်။
ပူတင်က နှစ်ဖက်၏ အတူတကွကြိုးပမ်းမှုဖြင့် ရုရှား-တရုတ်ဆက်ဆံရေးသည် ယခင်ကမရှိခဲ့ဖူးသည့် မြင့်မားသောအဆင့်သို့ ရောက်ရှိခဲ့ကြောင်း၊ အဆင့်မြင့်အလွှာ သွားလာဆက်ဆံမှုများ နီးကပ်လာပြီး နိုင်ငံရေး အပြန်အလှန်ယုံကြည်မှုများ ခိုင်မြဲလာကြောင်း၊ နှစ်ဖက်ကုန်သွယ်ရေး တည်ငြိမ်စွာတိုးတက်လာပြီး စွမ်းအင်ပံ့ပိုးမှုကလည်း အပြန်အလှန်အကျိုးပြုမှုရှိလာကာ ပို့ဆောင်ဆက်သွယ်ရေး၊ ကုန်စည်စီးဆင်းမှု၊ သိပ္ပံနည်းပညာ စသည့်ကဏ္ဍများ၌ ပူးပေါင်းဆောင်ရွက်မှုများ တစ်နေ့တခြား နက်ရှိုင်းလာကြောင်း၊ ပြည်သူအချင်းချင်း ယဉ်ကျေးမှုဖလှယ်ရေးအရှိန်အဟုန် ကောင်းမွန်ရာ “ရုရှား-တရုတ် ယဉ်ကျေးမှုနှစ်” ကျင်းပပြီးနောက် “ရုရှား-တရုတ် ပညာရေးနှစ်” လည်း စတင်တော့မည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။
ရုရှား-တရုတ် ဆက်ဆံရေးသည့် စမ်းသပ်မှုများကို ကျော်ဖြတ်လာပြီး အချိန်ကာလကြာရှည်လာသည်နှင့်အမျှ ခိုင်မြဲလျက်ရှိရာ ဘက်စုံ မဟာဗျူဟာမြောက် ညှိနှိုင်းဆောင်ရွက်မှု၏ စံနမူနာဖြစ်လာပြီဖြစ်ကြောင်း၊ တရုတ်-ရုရှား အိမ်နီးချင်းကောင်းပီသရေးနှင့် ချစ်ကြည်ရင်းနှီးစွာ ပူးပေါင်းဆောင်ရွက်ရေး သဘောတူစာချုပ်သည် နှစ်နိုင်ငံဆက်ဆံရေးအတွက် ခိုင်မြဲသော ဥပဒေအခြေခံချမှတ်ပေးလိုက်ရာ လက်ရှိအခြေအနေတွင် ပိုမိုအရေးကြီးသော လက်တွေ့အနက်အဓိပ္ပာယ်ရှိကြောင်း၊ ရုရှားနိုင်ငံအနေဖြင့် တရုတ်နိုင်ငံနှင့်အတူ သဘောတူစာချုပ်စိတ်ဓာတ်ကို လိုက်နာကာ မဟာဗျူဟာမြောက် ညှိနှိုင်းမှုနှင့် လက်တွေ့ပူးပေါင်းဆောင်ရွက်မှုများကို မြှင့်တင်ပြီး နှစ်နိုင်ငံဆက်ဆံရေး ပိုမိုမြင့်မားသောအဆင့်သို့ တက်လှမ်းရန် တွန်းအားပေးသွားလိုကြောင်း ၎င်းက ပြောကြားခဲ့သည်။
ရုရှား-တရုတ် ပူးပေါင်းဆောင်ရွက်မှုသည် မတည်ငြိမ်လှုပ်ခတ်နေသော နိုင်ငံတကာအခြေအနေတွင် အရေးကြီးသည့် တည်ငြိမ်မှု အကြောင်းအချက်ဖြစ်ကြောင်း၊ ရုရှားနိုင်ငံအနေဖြင့် တရုတ်နိုင်ငံနှင့်အတူ နိုင်ငံစုံညှိနှိုင်းဆောင်ရွက်မှုကို ဆက်လက်မြှင့်တင်သွားလိုကြောင်း၊ အာရှ-ပစိဖိတ် စီးပွားရေး ပူးပေါင်းဆောင်ရွက်မှုအဖွဲ့ (APEC) အလွတ်သဘောအစည်းအဝေးအား တရုတ်နိုင်ငံအနေဖြင့် ကောင်းမွန်စွာကျင်းပရန် ထောက်ခံအားပေးပြီး ရှန်ဟိုင်းပူးပေါင်းဆောင်ရွက်မှုအဖွဲ့ (SCO) ၏ အနေအထားနှင့် သက်ရောက်မှုကို အတူတကွမြှင့်တင်သွားလိုကြောင်း၊ BRICS နိုင်ငံယန္တရား စည်းလုံးညီညွတ်စွာ ညှိနှိုင်းဆောင်ရွက်မှုကို တိုးမြှင့်ကာ ကုလသမဂ္ဂ၏ ဩဇာအရှိန်အဝါကို ကာကွယ်ထိန်းသိမ်းသွားလိုကြောင်း၊ ယဉ်ကျေးမှုအမျိုးကဏ္ဍစုံလင်မှုကို အဆိုပြုကာ နိုင်ငံတကာစည်းစနစ် ပိုမိုတရားမျှတ၍ ကျိုးကြောင်းဆီလျော်မှုရှိရန် တွန်းအားပေးလိုကြောင်း ပူတင်က ပြောကြားခဲ့သည်။
နှစ်နိုင်ငံအကြီးအကဲများသည် အရှေ့အလယ်ပိုင်းဒေသအခြေအနေစသည့် အရေးပါသော နိုင်ငံတကာနှင့် ဒေသတွင်းကိစ္စရပ်များနှင့်စပ်လျဉ်း၍ အမြင်သဘောထားချင်း ဖလှယ်ခဲ့ကြောင်း သိရသည်။
နှစ်နိုင်ငံအကြီးအကဲများသည် တရုတ်-ရုရှား ဝန်ကြီးချုပ်များ ပုံမှန်တွေ့ဆုံမှု ယန္တရားမူဘောင်အောက်ရှိ ဒုတိယဝန်ကြီးချုပ်အဆင့် ပူးပေါင်းဆောင်ရွက်ရေး ကော်မတီ၏ နှစ်ဖက်ဥက္ကဋ္ဌများက ရင်းနှီးမြှုပ်နှံမှု၊ စွမ်းအင်၊ ကုန်သွယ်စီးပွား၊ တရုတ်နိုင်ငံ အရှေ့မြောက်ပိုင်းဒေသနှင့် ရုရှားနိုင်ငံ အရှေ့ဖျားဒေသ၊ လူမှုယဉ်ကျေးမှု စသည့်ကဏ္ဍများ၌ ပူးပေါင်းဆောင်ရွက်မှု တိုးတက်မှုအခြေအနေများ တင်ပြမှုကို နားထောင်ခဲ့ကြသည်။ ထို့ပြင် နှစ်နိုင်ငံ နိုင်ငံခြားရေးဝန်ကြီးများက နိုင်ငံတကာနှင့် ဒေသတွင်းရေးရာများတွင် တရုတ်-ရုရှား နှစ်နိုင်ငံ ညှိနှိုင်းပူးပေါင်းဆောင်ရွက်မှု အခြေအနေများကို တင်ပြခဲ့ကြသည်။
တွေ့ဆုံဆွေးနွေးမှုပြီးနောက် နှစ်နိုင်ငံ အကြီးအကဲများသည် “တရုတ်ပြည်သူ့သမ္မတနိုင်ငံနှင့် ရုရှားဖက်ဒရေးရှင်းနိုင်ငံအကြား ဘက်စုံမဟာဗျူဟာမြောက် ညှိနှိုင်းဆောင်ရွက်မှုကို တစ်ဆင့်တိုး အားကောင်းစေရေး၊ အိမ်နီးချင်းကောင်းပီသရေးနှင့် ချစ်ကြည်ရင်းနှီးစွာ ပူးပေါင်းဆောင်ရွက်ရေးဆိုင်ရာ ပူးတွဲကြေညာချက်” ကို လက်မှတ်ရေးထိုး၍ ထုတ်ပြန်ခဲ့ပြီး ကုန်သွယ်စီးပွားရေး၊ ပညာရေး၊ သိပ္ပံနည်းပညာ စသည့် ကဏ္ဍများ၏ ပူးပေါင်းဆောင်ရွက်မှုဆိုင်ရာ သဘောတူစာချုပ် ၂၀ ခု လက်မှတ်ရေးထိုးခြင်းကို သက်သေပြုခဲ့သည်။
ခရီးစဉ်ကာလအတွင်း နှစ်ဖက်သည် “တရုတ်ပြည်သူ့သမ္မတနိုင်ငံနှင့် ရုရှားဖက်ဒရေးရှင်းနိုင်ငံအကြား ကမ္ဘာဗဟုအသွင်ပြောင်းရေးနှင့် နိုင်ငံတကာ ဆက်ဆံရေး ပုံစံအသစ်ကို ထောက်ခံအားပေးခြင်းဆိုင်ရာ ပူးတွဲကြေညာချက်” ထုတ်ပြန်ခဲ့သည်။
ထို့နောက် နှစ်နိုင်ငံ အကြီးအကဲများသည် သတင်းထောက်များနှင့်လည်း အတူတကွ တွေ့ဆုံခဲ့သည်။
တွေ့ဆုံဆွေးနွေးမှုမတိုင်မီ ရှီကျင့်ဖိန်သည် ပြည်သူ့ခန်းမဆောင် အရှေ့ဘက်မုခ်ဦးပြင်ပ ရင်ပြင်တွင် ပူတင်အား ကြိုဆိုပွဲအခမ်းအနား ကျင်းပခဲ့သည်။
ပူတင် ရောက်ရှိလာချိန်တွင် ဂုဏ်ပြုတပ်ဖွဲ့ကာ တန်းစီ၍ အလေးပြုခဲ့ကြသည်။ နှစ်နိုင်ငံ အကြီးအကဲများက စစ်ဆေးကြည့်ရှုသည့်စင်မြင့်သို့ တက်ရောက်ခဲ့ရာ စစ်တီးဝိုင်းက တရုတ်နိုင်ငံနှင့် ရုရှားနိုင်ငံ နိုင်ငံတော်သီချင်းများအား တီးမှုတ်ခဲ့ကြပြီး ထျန်းအန်းမန်ရင်ပြင်တွင် ဂုဏ်ပြုအမြောက် ၂၁ ချက် ပစ်ဖောက်ခဲ့သည်။ ပူတင်သည် ရှီကျင့်ဖိန်နှင့်အတူ တရုတ်ပြည်သူ့လွတ်မြောက်ရေးတပ်မတော် ဂုဏ်ပြုတပ်ဖွဲ့ကို စစ်ဆေးကြည့်ရှုပြီး တပ်ဖွဲ့အလိုက်ချီတက်မှုအား ကြည့်ရှုခဲ့ကြသည်။
အထက်ဖော်ပြပါ အခမ်းအနားများသို့ ချိုက်ချီ၊ တင်းရွှဲရှန်၊ ဝမ်ရိ၊ ဟယ်လိဖုန်း၊ ကျန်းကောချင်း၊ ရှန့်ရီချင် စသည်တို့ တက်ရောက်ခဲ့ကြောင်း သိရသည်။ (Xinhua)

တရုတ်နိုင်ငံ သမ္မတ ရှီကျင့်ဖိန်နှင့် တရုတ်နိုင်ငံသို့ နိုင်ငံတော်ခရီးစဉ် ရောက်ရှိလာသော ရုရှားနိုင်ငံ သမ္မတ ပူတင်တို့ ပေကျင်းမြို့ ပြည်သူ့ခန်းမဆောင်တွင် ၂၀၂၆ ခုနှစ် မေ ၂၀ ရက် နံနက်ပိုင်းက တွေ့ဆုံဆွေးနွေးစဉ် (ဆင်ဟွာ)

—————–
(Chinese Version)
习近平同俄罗斯总统普京会谈
新华社北京5月20日电(记者杨依军、温馨)5月20日上午,国家主席习近平在北京人民大会堂同来华进行国事访问的俄罗斯总统普京举行会谈。两国元首一致同意《中俄睦邻友好合作条约》继续延期。
两国元首先后举行小范围、大范围会谈。
习近平指出,今年是中俄战略协作伙伴关系建立30周年和《中俄睦邻友好合作条约》签署25周年。中俄两国签署睦邻友好合作条约,以法律形式确立了长期睦邻友好、全面战略协作的制度基础,中俄关系由此实现跨越式发展。中俄关系一步一个脚印走到今天这个高度,是因为双方以“千磨万击还坚劲”的毅力不断深化政治互信和战略协作,以“更上一层楼”的精神拓展各领域合作,以“乱云飞渡仍从容”的勇气捍卫国际公道正义、推动构建人类命运共同体。当前国际形势下,作为联合国安理会常任理事国和世界重要大国,中俄两国要着眼战略长远,以更高质量的全面战略协作助力各自国家发展振兴,推动构建更加公正合理的全球治理体系。
习近平指出,中俄两国坚持在平等相待、相互尊重、重信守义、合作共赢的基础上发展新时代全面战略协作伙伴关系,政治互信不断深化,经贸、投资、能源、科技、人文、地方等合作持续推进,民心相通更加牢固。中俄关系进入更有作为、更快发展的新阶段。坚定不移推动中俄关系长期、健康、稳定、高质量发展,是双方着眼两国根本利益和世界发展大势作出的战略选择。两国各部门要全力落实好我和普京总统达成的重要共识,充分把握历史机遇,推动两国的互信根基越扎越牢、合作成色越来越足、友谊之路越走越宽。
习近平强调,双方要聚焦两国发展振兴目标,充分发挥中俄合作机制全面、完备的特点,加强对全方位合作的统筹设计,推动经贸投资、能源资源、交通运输、科技创新等务实合作提质升级,积极布局前沿领域合作,以新质生产力打造增长新引擎;要立足赓续世代友好,加强教育、文化、电影、旅游、体育等人文交流合作,夯实两国友好的社会民意基础;要深化多边协作,进一步密切在联合国、上海合作组织、金砖国家、亚太经合组织等多边平台的协调和配合,坚定不移维护战后国际秩序和国际法权威,团结全球南方,引领全球治理体系改革的正确方向。
普京表示,在双方共同努力下,俄中关系达到空前的高水平。高层交往密切,政治互信牢固。双边贸易稳步增长,能源供需实现互利互惠,交通、物流、科技等领域合作日益深入。人文交流势头良好,在成功举行“俄中文化年”后,“俄中教育年”将开启。俄中关系经受考验,历久弥坚,已成为全面战略协作的典范。睦邻友好合作条约为两国关系奠定了坚实法律基础,在当前形势下具有更加重要的现实意义。俄方愿同中方一道,恪守条约精神,加强战略协调与务实合作,推动两国关系迈上更高水平。俄中合作是动荡国际形势中的重要稳定因素。俄方愿同中方继续加强多边协作,支持中国办好亚太经合组织领导人非正式会议,共同加强上海合作组织地位和影响,增强金砖国家机制团结协作,维护联合国权威,倡导文明多样性,推动国际秩序更加公正合理。
两国元首就中东局势等重大国际和地区问题交换了意见。
两国元首听取了中俄总理定期会晤机制框架下副总理级合作委员会双方主席汇报投资、能源、经贸、东北-远东、人文等领域合作进展。两国外长汇报了中俄在国际和地区事务中协调合作的情况。
会谈后,两国元首签署并发表《中华人民共和国和俄罗斯联邦关于进一步加强全面战略协作、深化睦邻友好合作的联合声明》,见证签署经贸、教育、科技等领域20项合作文件。
访问期间,双方发表《中华人民共和国和俄罗斯联邦关于倡导世界多极化和新型国际关系的联合声明》,并达成了其他领域20项合作文件。
两国元首还共同会见了记者。
会谈前,习近平在人民大会堂东门外广场为普京举行欢迎仪式。
普京抵达时,礼兵列队致敬。两国元首登上检阅台,军乐团奏中俄两国国歌,天安门广场鸣放礼炮21响。普京在习近平陪同下检阅中国人民解放军仪仗队,并观看分列式。
蔡奇、丁薛祥、王毅、何立峰、张国清、谌贻琴等参加上述活动。
