Connect with us

China

တရုတ်နိုင်ငံနှင့် အမေရိကန်နိုင်ငံတို့က အပြန်အလှန် စည်းကြပ်ခွန်လျှော့ချရေး အစီအစဉ်ကို ဆွေးနွေးရန် သဘောတူညီမှုရရှိခဲ့ဟု တရုတ်နိုင်ငံ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန ပြောကြား

တရုတ်ကွန်မြူနစ်ပါတီ ဗဟိုကော်မတီ နိုင်ငံရေးဗျူရိုအဖွဲ့ဝင်လည်းဖြစ်သူ တရုတ်နိုင်ငံ ဒုတိယဝန်ကြီးချုပ် ဟယ်လိဖုန်းနှင့် အမေရိကန်နိုင်ငံ ဘဏ္ဍာရေးဝန်ကြီး စကော့ ဘက်ဆင့်တို့ တောင်ကိုရီးယားနိုင်ငံတွင် ၂၀၂၆ ခုနှစ် မေ ၁၃ ရက်က ဆွေးနွေးမှုမပြုလုပ်မီ လက်ဆွဲနှုတ်ဆက်နေစဉ် (ဆင်ဟွာ)

ပေကျင်း၊ မေ ၂၀ ရက် (ဆင်ဟွာ)

တရုတ်နိုင်ငံနှင့် အမေရိကန်နိုင်ငံတို့အနေဖြင့် အမေရိကန်ဒေါ်လာ ၃၀ ဘီလီယံ တန်ကြေးရှိသည့် သို့မဟုတ် ထို့ထက်ပိုသော ပမာဏနှင့်ညီမျှသည့် ထုတ်ကုန်များအပေါ် နှစ်ဖက်အပြန်အလှန် စည်းကြပ်ခွန်လျှော့ချရေးဆိုင်ရာ မူဘောင်အစီအစဉ်တစ်ရပ်ကို ကုန်သွယ်ရေးကောင်စီမှတစ်ဆင့် ဆွေးနွေးရန် မူအားဖြင့် သဘောတူခဲ့ကြောင်း တရုတ်နိုင်ငံ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနက မေ ၂၀ ရက်၌ ကြေညာခဲ့သည်။
နှစ်ဖက်သဘောတူညီချက်အရ သက်ဆိုင်ရာ အဓိကထုတ်ကုန်များသည် ကုန်သွယ်ခွင့်အထူးအခွင့်အရေး အများဆုံးရရှိထားသော နိုင်ငံ၏ စည်းကြပ်ခွန်နှုန်းထား သို့မဟုတ် ထို့ထက်ပိုမိုနည်းပါးသော နှုန်းထားကို ခံစားခွင့်ရှိမည်ဟု မျှော်မှန်းထားကြောင်း မကြာမီက ကျင်းပခဲ့သည့် တရုတ်-အမေရိကန် ကုန်သွယ်စီးပွား ဆွေးနွေးမှုများ၏ ကနဦးရလဒ်များကို ရှင်းလင်းပြောကြားရာတွင် စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန တာဝန်ရှိသူတစ်ဦးက ထည့်သွင်းပြောကြားခဲ့သည်။
ထိုအစီအစဉ်ကို စတင်အကောင်အထည်ဖော်သည်နှင့်တစ်ပြိုင်နက် တရုတ်-အမေရိကန် နှစ်နိုင်ငံ ကုန်သွယ်မှုကို တည်ငြိမ်အောင်ထိန်းသိမ်းကာ ဆက်လက်တိုးချဲ့ရာတွင် အထောက်အကူပြုနိုင်မည်သာမက ပွင့်လင်းသော ကမ္ဘာလုံးဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုအတွက် အကျိုးရှိသော ရည်ညွှန်းချက်အဖြစ်လည်း အကျိုးပြုနိုင်မည်ဟု ၎င်းတာဝန်ရှိသူက ပြောသည်။
နှစ်နိုင်ငံ ကုန်သွယ်စီးပွားဆိုင်ရာ အဖွဲ့များအနေဖြင့် နီးနီးကပ်ကပ် ဆက်သွယ်မှုကို ဆက်လက်ထိန်းသိမ်းကာ တိကျသော အစီအစဉ်များကို ချမှတ်ပြီး ယင်းအား အမြန်ဆုံး အကောင်အထည်ဖော်နိုင်ရေးအတွက် တွန်းအားပေးလုပ်ဆောင်သွားမည်ဟု ၎င်းတာဝန်ရှိသူက ဖြည့်စွက်ပြောကြားသည်။ (Xinhua)
………………
(English Version)
China, U.S. agree to discuss reciprocal tariff reduction arrangement: commerce ministry
BEIJING, May 20 (Xinhua) — China and the United States have agreed in principle to discuss, under the trade council, a reciprocal tariff reduction framework arrangement on products of equivalent scale worth 30 billion U.S. dollars or more on each side, China’s Ministry of Commerce announced on Wednesday.
The products of respective concern as agreed by both sides are expected to enjoy most-favored-nation tariff rates or even lower rates, a ministry official said, elaborating on the preliminary outcomes of the recently held China-U.S. economic and trade consultations.
Once implemented, the arrangement will not only help stabilize and expand bilateral trade between China and the United States, but also serve as a useful reference for global open cooperation, according to the official.
The economic and trade teams of the two sides will maintain close communication, work out specific arrangement, and push for its implementation as soon as possible, the official added.
English Caption
Chinese Vice Premier He Lifeng, also a member of the Political Bureau of the Communist Party of China Central Committee, shakes hands with U.S. Treasury Secretary Scott Bessent prior to their consultations in South Korea, May 13, 2026. (Xinhua/Zhang Xiaoyu)


Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117