Connect with us

Politics, Law & Military

ရန်ကုန်မြို့ရှိ တည်ဆောက်ဆဲနှင့် တည်ဆောက်ပြီး ၁၃ ထပ်နှင့် အထက် အဆောက်အအုံ အလုံး ၉၀ ကျော်ကို မူအားဖြင့် ခွင့်ပြု

ရန်ကုန်မြို့ရှိ အထပ်မြင့် အဆောက်အုံ တစ်လုံး အား တွေ့ရစဉ် (ဆင်ဟွာ)

ရန်ကုန်၊ ဒီဇင်ဘာ ၁၀ ရက် (ဆင်ဟွာ)

ရန်ကုန်မြို့တော် စည်ပင်သာယာ နယ်နိမိတ် အတွင်းရှိ တည်ဆောက်ဆဲနှင့် တည်ဆောက်ပြီး ၁၃ ထပ်နှင့် အထက် အဆောက်အအုံ အလုံး ၉၀ ကျော်ကို ဒီဇင်ဘာ ပထမပတ်က မူအားဖြင့်ခွင့်ပြုပေးခဲ့ကြောင်း ရန်ကုန်မြို့တော်စည်ပင် သာယာရေး ကော်မတီ အင်ဂျင်နီယာနှင့် အဆောက်အအုံ ဌာနထံမှ သိရသည်။

အဆိုပါ မူအားဖြင့် ခွင့်ပြုလိုက်သည့် အဆောက်အအုံ ၉၀ ကျော်၌ ဗီယက်နမ် နိုင်ငံ၏ ၁၀၀ ရာခိုင်နှုန်း ရင်းနှီးမြှုပ်နှံမှု ပါဝင်သည့် HAGL စီမံကိန်း အပိုင်း (၂)၊ ကျွန်းတောလမ်း ပေါ်ရှိ Junction Square ဈေးဝယ် စင်တာ အနီး တည်ဆောက်လျက် ရှိသည့် ရွှေတောင် ကုမ္ပဏီ၏ အထပ်မြင့် စီမံကိန်းများ၊ ကမ္ဘာအေးဘုရားလမ်းပေါ်ရှိ အထပ်မြင့် အဆောက်အအုံများလည်း ပါဝင်သည်။

ယင်း အဆောက်အအုံများသည် ၁၃ ထပ်နှင့် အထက် အဆောက်အအုံများ ဖြစ်၍ အထပ် ၂၀ မှ ၃၀ အထိ မြင့်မားသည့် အဆောက်အအုံများ ပါဝင်ပြီး စီမံကိန်း အများအပြားသည် ယခုနှစ်အတွင်း ပြီးစီးဖွယ်ရှိသည်။ (Xinhua)

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117