Connect with us

Politics, Law & Military

တရုတ်နှင့် အီရစ်ထရီးယား နိုင်ငံခြားရေးဝန်ကြီးများ ဆွေးနွေးပွဲကျင်းပ

တရုတ် နိုင်ငံခြားရေးဝန်ကြီးနှင့် အီရစ်ထရီးယား နိုင်ငံခြားရေးဝန်ကြီးတို့ တွေ့ဆုံဆွေးနွေးစဉ်(ဆင်ဟွာ)

ပေကျင်း၊ မေ ၇ ရက် (ဆင်ဟွာ)

တရုတ်နိုင်ငံတော် ကောင်စီဝင်နှင့် နိုင်ငံခြားရေးဝန်ကြီး Wang Yiနှင့် အီရစ်ထရီးယား နိုင်ငံခြားရေးဝန်ကြီး Osman Salehတို့သည် ပေကျင်းတွင် မေ ၆ ရက်၌ ဆွေးနွေးပွဲကျင်းပခဲ့ကြောင်း သိရသည်။

တရုတ်က နှစ်နိုင်ငံ၏ အစဉ်အလာချစ်ကြည်ရေးကို တန်ဖိုးထားကြောင်းနှင့် တရုတ်နိုင်ငံအနေဖြင့် ပိုမိုခိုင်မာသော ဖလှယ်မှုများ ပြုလုပ်ရန် လိုလားကြောင်း၊အီရစ်ထရီးယားနှင့်အတူ နားလည်မှု မြှင့်တင်ရေး အပြန်အလှန်ယုံကြည်မှု တည်ဆောက်ရေး၊ ဘုံဖွံ့ဖြိုးတိုးတက်မှုရရှိရေး ဆောင်ရွက်လိုကြောင်း Wang Yiက ပြောကြားခဲ့သည်။

တရုတ်နှင့် အာဖရိကနိုင်ငံများ၏ ဆက်ဆံရေးသည် တစ်နိုင်ငံ၏ ပြည်တွင်းရေးကို တစ်နိုင်ငံက ဝင်ရောက်စွက်ဖက်မှုမပြုရေးကို အခြေခံကြောင်း၊ တရုတ်နိုင်ငံသည် ဖွံ့ဖြိုးဆဲနိုင်ငံများ၏ ဥပဒေပိုင်းဆိုင်ရာ အခွင့်အရေးများကို ကာကွယ်စောင့်ရှောက်ရန် အတွက် အီရစ်ထရီးယားနိုင်ငံအပါအဝင် အာဖရိကနိုင်ငံများနှင့် အတူတကွအလုပ်လုပ်ရန် အဆင့်သင့်ရှိကြောင်း ၎င်းက ဆိုသည်။

တရုတ်နှင့် အီရစ်ထရီးယားနိုင်ငံတို့သည် ရေရှည်တည်တံ့ပြီး စစ်မှန်သောမိတ်ဆွေအဖြစ်တည်ရှိမည်ဖြစ်ကြောင်း အီရစ်ထရီးယား နိုင်ငံခြားရေးဝန်ကြီး Osmanက ပြောသည်။

အဆိုပါ အီရစ်ထရီးယားနိုင်ငံ တရုတ်နိုင်ငံနှင့်အတူ အမျိုးမျိုးသော နယ်ပယ်များတွင် ဖလှယ်မှုနှင့် ပူးပေါင်းဆောင်ရွက်မှု မြှင့်တင်ရန် ဆန္ဒရှိကြောင်း၊ အာဖရိက၏ ငြိမ်းချမ်းရေးနှင့် တည်ငြိမ်ရေးမြှင့်တင်ရန်အတွက် တက်ကြွသောအခန်းကဏ္ဍမှ တရုတ်ပါဝင်မှုကို ကြိုဆိုကြောင်း ၎င်းက ဆိုသည်။(Xinhua)


Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117