Connect with us

Politics, Law & Military

မြန်မာနိုင်ငံ ခရီးသွား လုပ်ငန်း ကဏ္ဍ ကမ္ဘာ့လှည့် ခရီးသည် ဝင်ရောက်မှုမှာ ၄.၂ သန်းကျော် ရှိနေပြီး ရည်မှန်းချက် ကျော်လွန်သွားနိုင်မည်ဟုဆို

ရွှေတိဂုံစေတီတော် သို့ လာရောက်ကြသည့် ကမ္ဘာ့လှည့် ခရီးသွားများအား မြင်တွေ့ရစဉ် (ဆင်ဟွာ)

ရန်ကုန် ၊ ဒီဇင်ဘာ ၁၃ ရက် (ဆင်ဟွာ)

မြန်မာနိုင်ငံ ခရီးသွား လုပ်ငန်း ကဏ္ဍတွင် ယခုနှစ်တွင် ကမ္ဘာ့လှည့် ခရီးသည် ၄.၅ သန်း ဝင်ရောက်ရန် ရည်မှန်းထားရာ ယခုအခါ နိုဝင်ဘာလ အထိ ၄ .၂ သန်းကျော် ဝင်ရောက်မှု ရှိနေပြီ ဖြစ်ကြောင်း ဟိုတယ် နှင့် ခရီး သွားလာရေးလုပ်ငန်း ဝန်ကြီး ဌာနမှ သိရသည်။

လက်ရှိအစိုးရ လက်ထက်တွင် မြန်မာနိုင်ငံ၏ ခရီးသွားလုပ်ငန်း ဖွံ့ဖြိုးတိုး တက်မှု အနေဖြင့် နိုင်ငံတကာမှ ဧည့်သည် ဝင်ရောက်မှုမှာ ၂ဝ၁၁ ခုနှစ်တွင် ရှစ်သိန်း ၊ ၂ဝ၁၂ ခုနှစ်တွင် တစ်သန်းကျော် ၊ ၂ဝ၁၃ ခုနှစ်တွင် နှစ် သန်း ကျော်နှင့် ၂ဝ၁၄ ခုနှစ်တွင် ၃.ဝ၈ သန်း အထိဖြစ် လာကာ ယခုနှစ် နိုဝင်ဘာလ အထိ ၄. ၂ သန်းကျော် ဝင်ရောက်မှု ရှိလာသဖြင့် ဌာန၏ ရည်မှန်းချက်ဖြစ်သော ၄ .၅ သန်းကို ကျော်လွန်သွားနိုင် မည်ဟု ဆိုသည်။

ထိုအတူ ဝင်ငွေအားဖြင့်လည်း ၂ဝ၁၅ ခုနှစ်တွင် နှစ်ဘီလီယံနီးပါးအထိ ရရှိလာနိုင်ကြောင်း ခန့်မှန်းထားပြီး နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှုများမှာ ဟိုတယ်အလုံးရေ ၄၇ လုံး အထိရှိလာကာ ရင်းနှီးမြှုပ်နှံမှု ပမာဏမှာ ၂.၆ ဘီလီယံအထိ ဖြစ်လာပြီး စင်ကာပူ နှင့် ဗီယက်နမ်နိုင်ငံ တို့မှ အများဆုံး လာရောက်ရင်းနှီးမြှုပ်နှံလျက်ရှိကြောင်း သိရသည်။

ထိုပြင် တစ်နိုင်ငံလုံး အနေဖြင့် ၂ဝ၁၁ ခုနှစ်တွင် ဟိုတယ်အလုံးပေါင်း ၈ဝဝ ကျော်ရှိခဲ့ရာမှ ၂ဝ၁၅ ခုနှစ်တွင် အလုံးပေါင်း ၁၂၅၇ လုံးအထိရှိလာပြီး အခန်းပေါင်း ၄၃ဝဝဝ ကျော် အထိ တိုးချဲ့ ဖွင့်လှစ်နိုင်ခဲ့ကြောင်း သိရသည်။

ဟိုတယ် နှင့် ခရီးသွားလာရေး ဝန်ကြီးဌာန၏ Master Plan တွင် ခန့်မှန်းချက်အရ ၂ဝ၂ဝ ခုနှစ်တွင် ဧည့်သည် ဝင်ရောက် မှုအား ၇. ၅ သန်း အထိခန့်မှန်း ထားကြောင်း သိရသည်။ (Xinhua)


Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117