Connect with us

North America

မက္ကစီကိုတွင် ယာဉ်တိုက်မှုကြောင့် လူ ၂၁ ဦးသေဆုံး

မက္ကစီကိုမြို့တွင်း၌ ယာဉ်တိုက်မှုဖြစ်ပေါ်နေမှုအားတွေ့ရစဉ်(ဆင်ဟွာ)

မက္ကစီကို စီးတီး၊ မေ ၃၀ ရက်(ဆင်ဟွာ)

မက္ကစီကိုနိုင်ငံ အရှေ့ပိုင်း Veracruzပြည်နယ် အဝေးပြေးလမ်းမပေါ်တွင် မေ ၂၉ ရက်၌ လယ်ထွန်စက်နောက်တွဲယာဉ်နှင့် ခရီးသည်ယာဉ်တစ်စီး ပြင်းထန်စွာတိုက်မိမှုကြောင့် လူ ၂၁ ဦးသေဆုံး ခဲ့ကြောင်း ဒေသလူထုအခြေပြု ကာကွယ်စောင့်ရှောက်ရေးသတင်းအေဂျင်စီတွင် ဖော်ပြထားသည်။

Veracruzပြည်နယ် ဆိပ်ကမ်းနှင့် Pueblaပြည်နယ်မြို့တော်သို့ ဆက်သွယ်ထားသော လမ်းပေါ်တွင် နံနက် ၁၀နာရီ ၂၀ မိနစ်တွင် ဖြစ်ပေါ်ခဲ့သော ယာဉ်တိုက်မှုကြောင့် နောက်ထပ် လူ ၃၀ ဒဏ်ရာရရှိခဲ့ကြောင်း သတင်းအေဂျင်စီက ဆိုသည်။

အဆိုပါ ယာဉ်တိုက်မှုဖြစ်ပွားပြီးနောက် ယာဉ်သည် မီးစတင်လောင်ကျွမ်းခဲ့ကြောင်း ဒေသခံအရာရှိများက ပြောသည်။

လယ်ထွန်စက်နောက်တွဲယာဉ်နှင့် ခရီးသည်ယာဉ်နှစ်စီး တိုက်မှုအတွင်းမှ Veracruzပြည်နယ် အစိုးရရှေ့နေ ၁၇ ဦး အလောင်းကို ရှာဖွေတွေ့ရှိခဲ့ကြောင်း သိရသည်။

ဒဏ်ရာရရှိသူများကို ဆေးရုံသို့ ပို့ဆောင်ရာတွင် လူတစ်ဦးသည် ဆေးရုံသို့ရောက်ရှိစဉ် သေဆုံးခဲ့ပြီး အခြားလူတစ်ဦးသည် ပြင်းထန်သော ဒဏ်ရာရရှိနေကြောင်း Veracruzပြည်နယ်၏ မြို့ပြကာကွယ်စောင့်ရှောက်ရေး အတွင်းရေးမှူး Guadalupe Osornက ပြောကြားသည်။(Xinhua)

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117