Connect with us

Environment, Disasters & Accidents

ရခိုင်ပြည်နယ် မြောက်ဦးမြို့၌ မိုးသည်းထန်စွာရွာသွန်းပြီး မြစ်ရေကြီးလာသဖြင့် လူနေအိမ်များ ပြောင်းရွေ့

မြစ်ရေမြင့်တက်လာပြီး လူနေရပ်ကွက်များ ရေကြီးမှုဖြစ်ပေါ်လာစဉ်(MOI)

ရန်ကုန်၊ ဇူလိုင် ၁၃ ရက် (ဆင်ဟွာ)

ရခိုင်ပြည်နယ်၊ မြောက်ဦးခရိုင်၊ မြောက်ဦးမြို့နယ်အတွင်း ယနေ့ (ဇူလိုင် ၁၃ ရက်) နံနက်ပိုင်းတွင် မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် လေးမြို့မြစ်ရေ ရေကြီးရေလျှံမှုများဖြစ်ပေါ်လာသဖြင့် လူနေအိမ်များ ဘေးလွတ်ရာသို့ ပြောင်းရွေ့နေရကြောင်း ပြန်ကြားရေးဝန်ကြီးဌာနက ထုတ်ပြန်သော သတင်းအရ သိရသည်။

အဆိုပါ ရေကြီးမှုကြောင့် မြို့ပေါ်နှင့်ကျေးရွာမြေနိမ့်ပိုင်းဒေသများ ရေနစ်မြှုပ်လျက်ရှိနေကြောင်း သိရသည်။လေးမြို့မြစ်ရေ မှာစိုးရိမ်ရေအမှတ်အထက် ကျော်လွန်လာပြီး ရန်ကုန်-စစ်တွေ ကားလမ်း၊ မြောက်ဦး-မင်းပြား လမ်းပိုင်းကြား တွင်ရှိသော မြောင်းဘွေကျေးရွာနှင့် နန်းကျားကျေးရွာအနီးတဝိုက်တွင် ရေကျော် လျက်ရှိကြောင်း၊ မြောက်ဦးမြို့နယ်အတွင်းရှိ စစ်ဘေးရှောင်စခန်း များဖြစ်သော စင်းဘောကိုင်းစစ်ဘေးရှောင် ကယ်ဆယ်ရေးစခန်း၊ မြတန်ဆောင်း စစ်ဘေးရှောင်စခန်းနှင့် တိန်ညို စစ်ဘေးရှောင်စခန်းများ ရေနစ်မြှုပ်မှုကြောင့် စခန်းရှိပြည်သူများကို ဘေးလွတ်ရာ ဘုန်းတော်ကြီးကျောင်းများသို့ ပြောင်း ရွှေ့နေရာချထားပေး လျက်ရှိကြောင်း သိရသည်။

မြောက်ဦးမြို့ပေါ်ရှိ မြေနိမ့်ရပ်ကွက်များဖြစ်သော ကန်ချေစုရပ်ကွက်၊ အလယ် ဈေးရပ်ကွက်၊ မြေနိမ့်ပိုင်း ကျေးရွာများဖြစ်သော မြောင်းဘွေ၊ နန်းကျားရွာနှင့် ဇေယျဝတီကျေးရွာများ ရေနစ်မြှုပ်လျက်ရှိကြောင်း သိရသည်။ ဆက်လက်၍ မင်းပြားမြို့နယ် တွင်လည်း မိုးသည်းထန် စွာရွာသွန်းခြင်းကြောင့် လေးမြို့မြစ်ရေမှာ စိုးရိမ်ရေအမှတ်သို့ ကျော်လွန်လာသောကြောင့် မြို့ပေါ် မြေနိပ့်ပိုင်းရပ်ကွက်များဖြစ်သော မင်းဘာကြီး၊ ဉက္ကာပျံ၊ ဦးစိုးတင့်ရပ်ကွက်နှင့် ကျွန်းညိုရပ်ကွက်များ ရေနစ်မြှုပ်ခဲ့ပြီး ဖုံသာချောင်းနှင့် ပန်းမြောင်းကြီး ချောင်းများတွင် တောင်ကျရေများဆင်းလာမှုကြောင့် မြေနိမ့်ပိုင်းကျေးရွာများဖြစ်သော ခွဆုံ၊ ပြင်ယောင်၊ ကုလားမတောင်၊ ပွဲရပ်ကံဆိပ်ရွာနှင့် မင်းကန်းဆိပ်ကျေးရွာများတွင် ရေကြီးနစ်မြှုပ် လျက်ရှိကြောင်း သိရသည်။(Xinhua)


Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117