Connect with us

Asia

လာအိုနိုင်ငံတွင် အာဖရိကဝက်တုပ်ကွေးရောဂါကြောင့် ဝက်ကောင်ရေ ၂,၅၀၀ သေဆုံး

လာအိုနိုင်ငံရှိ ဝက်မွေးမြူရေးခြံတစ်ခုအား တွေ့ရစဉ် (ဓာတ်ပုံ-အင်တာနက်)

ဗီယင်ကျန်း၊ ဇူလိုင် ၁၉ ရက် (ဆင်ဟွာ)

လာအိုနိုင်ငံတွင် ဝက်ကောင်ရေ ၂,၅၀၀ ခန့်မှာ အာဖရိကဝက်တုပ်ကွေးရောဂါကြောင့် သေဆုံးခဲ့ကြောင်း အာဏာပိုင်များ၏ ပြောကြားချက်အား ကိုးကား၍ ဗီယင်ကျန်းတိုင်းမ်နေ့စဉ်သတင်းစာက ဇူလိုင်လ ၁၉ ရက်တွင် သတင်းဖော်ပြခဲ့သည်။

လာအိုနိုင်ငံ စိုက်ပျိုးရေးနှင့် သစ်တောဝန်ကြီးဌာန (LMAF) က ဗီယင်ကျန်းမြို့ အရှေ့တောင်ဘက် ၆၇၀ ကီလိုမီတာအကွာ၊ နိုင်ငံတောင်ပိုင်းရှိ ဆလာဗန်ပြည်နယ်မှ အာဖရိကဝက်တုပ်ကွေး ပျံ့နှံ့မှုမရှိရေး ကာကွယ်ရန်လုပ်ဆောင်နေကြောင်း၊ ဆလာဗန်ပြည်နယ်နှင့် အခြားပြည်နယ်များရှိ အာဏာပိုင်များအား ၎င်းတို့နယ်မြေအတွင်းရှိ သံသယရှိဖွယ် ဝက်သေဆုံးမှုများရှိပါက အနီးကပ်စောင့်ကြည့်ရန် တိုက်တွန်းပြောကြားခဲ့သည်။

လာအိုနိုင်ငံ မြို့တော် ဗီယင်ကျန်းရှိရာ Naxaithong ခရိုင်တွင်လည်း အာဖရိကဝက်တုပ်ကွေးကြောင့် ဝက်ကောင်ရေ ၁၀၀ သေဆုံးခဲ့ကြောင်း ဒေသခံတာဝန်ရှိသူများ ပြောကြားချက်အရ သိရသည်။

LMAF နှင့် ကျန်းမာရေးဝန်ကြီးဌာနမှ တာဝန်ရှိသူများက စက်မှုနှင့် ကူးသန်းရောင်းဝယ်ရေးဌာနနှင့်အတူ စားသုံးသူ ဘေးကင်းရေးစိတ်ချရစေရန် မြို့တော် ဗီယင်ကျန်းရှိ ဈေးများတွင် ဝက်သားထွက်ကုန်များအား စစ်ဆေးရန် လုပ်ဆောင်နေကြောင်း၊ ထို့ပြင် အာဏာပိုင်များက ရောဂါဖြစ်ပွားမှုအများဆုံးနယ်မြေရှိ ဝက်မွေးမြူရေးခြံများအား စောင့်ကြည့်ခဲ့ကြောင်း သိရသည်။ (Xinhua)

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117