Connect with us

North America

အမေရိကန်နိုင်ငံ အနှံ့အပြားတွင် အပူလိုင်းဖြတ်သန်းမှုဖြစ်ပွား၊ အနည်းဆုံး လူ ၆ ဦး သေဆုံး


ဝါရှင်တန်၊ ဇူလိုင် ၂၁ ရက်(ဆင်ဟွာ)

အမေရိကန်နိုင်ငံ အနှံ့အပြားတွင် အပူလိုင်းဖြတ်သန်းမှုဖြစ်ပွားခဲ့ရာ အပူဒဏ်ကြောင့် အနည်းဆုံး လူ ၆ ဦး သေဆုံးခဲ့ကြောင်း အမေရိကန်သတင်းမီဒီယာများ၏ ဇူလိုင် ၂၀ ရက် သတင်းများအရ သိရသည်။

အမေရိကန်နိုင်ငံ အရှေ့ပိုင်း မေရီလန်းပြည်နယ် (Maryland)ပြည်နယ်တွင် အပူချိန်မြင့်မားသည့်ဒဏ် ကြောင့် လူ ၄ ဦးသေဆုံးခဲ့သလို အရီဇိုးနား(Arizona)ပြည်နယ် နှင့် အာကင်ဆော(Arkansas) ပြည်နယ်တွင် လူ ၁ ဦးစီ သေဆုံး ခဲ့ကြောင်း သတင်းများအရ သိရသည်။

အမေရိကန်နိုင်ငံတွင် ဇူလိုင် ၂၀ ရက်က အပူဒဏ်ကြောင့် လူအများ ရေပန်းရှိရာနေရာများသို့ လာရောက်အပန်းဖြေကြသည်ကို တွေ့ရစဉ် (ဆင်ဟွာ)

အပူလှိုင်းသည် ဇူလိုင် ၁၉ ရက်မှစ၍ အမေရိကန် အနောက်အလယ်ပိုင်းနှင့်အရှေ့ပိုင်းဒေသများကို ဖြတ်သန်းခဲ့ရာ အဆိုပါအပူလှိုင်းသည် ဇူလိုင် ၂၁ ရက်အထိသက်ရောက်နိုင်ကြောင်း သိရသည်။ မြင့်မားသည့်အပူချိန်ကြောင့် ပူလောင်အိုက်စက်သည့်ဒဏ်ကို အမေရိကန် ပြည်သူ သန်း ၂၀၀ ခန့် ခံစားနေရကြောင်း သိရသည်။ (Xinhua)

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117