Connect with us

Economy

တရုတ်-မြန်မာ နယ်စပ်ကုန်စည်ပြပွဲသည် နှစ်နိုင်ငံချစ်ကြည်ရင်းနှီးမှု နှင့် ပူးပေါင်းဆောင်ရွက်မှု ကိုထင်ဟပ်

၁၂ကြိမ်မြောက် မြန်မာ တရုတ်-နယ်စပ် ကုန်စည်ပြပွဲအား မြင်တွေ့ရစဉ် (ဆင်ဟွာ)

ရန်ကုန်၊ ဒီဇင်ဘာ၂၂ ရက် (ဆင်ဟွာ)

၁၅ ကြိမ်မြောက် တရုတ်-မြန်မာ နယ်စပ် ကုန်စည်ပြပွဲသည် နှစ်နိုင်ငံချစ်ကြည်ရင်းနှီးမှု နှင့် ပူးပေါင်း ဆောင်ရွက်မှုကို ထင်ဟပ်စေကြောင်း စီးပွားရေး နှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာပွင့်ဆန်းက ဒီဇင်ဘာလလ ၂၂ရက်တွင် ပြပွဲ ဖွင့်ပွဲ အခမ်းအနား၌ ပြောကြားခဲ့သည်။

နယ်စပ်ကုန်စည်ပြပွဲအား နှစ်စဉ်ကျင်းပနိုင်ခဲ့သည့်အတွက် နှစ်နိုင်ငံ ချစ်ကြည်ရင်းနှီးမှု ၊ ပူးပေါင်း ဆောင်ရွက်မှုများ ကို ထင်ဟပ် စေသည့်အပြင် ကုန်သွယ်မှုတိုးမြှင့်ရေးအတွက် အရေးပါသော အခမ်းအနားဖြစ်ကြောင်း၊ နယ်စပ်ဒေသဖွံ့ဖြိုးတိုးတက်ရေး၊ ကုန်သွယ်မှုလျင်မြန်ချောမွေ့စေရေးအတွက် အထောက်အပံ့ဖြစ်စေမည့် နယ်စပ်ကုန်သွယ်ရေးဖွံ့ဖြိုးတိုးတက်မှုအား အမြဲမပြတ် ဆောင်ရွက်လျက်ရှိကြောင်း ဒေါက်တာပွင့်ဆန်းက ဆိုသည်။

နှစ်နိုင်ငံကုန်သွယ်မှု မြှင့်တင်နိုင်ရန် အတွက် ကုန်ပစ္စည်း အရည်အသွေး သတ်မှတ်ချက် စည်းမျဉ်း စည်းကမ်းများ ၊ ကုန်သွယ်မှု လုပ်ထုံးလုပ်နည်းများအားလည်း အပြန်အလှန် အသိပေးခြင်း၊ သတင်းအချက် အလက်များအား ဖလှယ်ခြင်းအား ဆောင်ရွက်ရန် လိုအပ်ကြောင်း ဒေါက်တာပွင့်ဆန်းကပြောသည်။

အဆိုပါ ဖွင့်ပွဲအခမ်းအနားသို့ တရုတ်ပြည်သူ့ သမ္မတနိုင်ငံ မှ တာဝန်ရှိသူတို့ တက်ရောက်ခဲ့ကြသည်။ (Xinhua)