Connect with us

Economy

အလားအလာကောင်းများမျှော်မှန်းထားကြောင်း ဒေါက်တာမောင်မောင်သိမ်းဆို

တရုတ်နိုင်ငံ ပေကျင်းမြို့ရှိ အာရှ အခြေခံ အဆောက်အအုံ ရင်းနှီးမြှုပ်နှံမှု ဘဏ် (AIIB) အားတွေ့ရစဉ် (ဆင်ဟွာ)

ရန်ကုန်၊ ဇန်နဝါရီ ၁၃ ရက် (ဆင်ဟွာ)

လက်ရှိ နိုင်ငံတကာ ငွေကြေးစနစ်အား အား ပြီးပြည့်စုံစေရန်ရည်ရွယ်၍ တရုတ်နိုင်ငံ အခြေစိုက် အာရှ အခြေခံ အဆောက်အအုံ ရင်းနှီးမြှုပ်နှံမှု ဘဏ် (AIIB) အား ဇန်နဝါရီလ ၁၆ ရက်နေ့တွင် ဖွင့်လှစ်မည်ဖြစ်ပြီး AIIB ဖွင့်လှစ်ပြီးနောက် မြန်မာနိုင်ငံအနေဖြင့် အလားအလာကောင်းများအား ရရှိမည်ဟု မျှော်မှန်းထားကြောင်း ဘဏ္ဍာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာမောင်မောင်သိမ်းက ဆင်ဟွာကိုပြောသည်။

ဒေါက်တာမောင်မောင်သိမ်းက “ အဲဒီဖွင့်ပွဲနေ့ကြရင် ကျွန်တော်တို့ဆီက ပြည်ထောင်စုဝန်ကြီးကိုယ်တိုင် သွားတက်မှာပါ။ AIIB နဲ့ ပတ်သက်ပြီး ကျွန်တော်တို့ မျှော်မှန်းချက်နဲ့ အမြင်က ကောင်းတယ်လေ။ မျှော်မှန်းချက် နဲ့ အမြင်ရှင်းလို့ အဖွဲ့ဝင် Founder Member အနေနဲ့ ပါဝင်ခဲ့တာလေ။ အားကိုးရလောက်တဲ့ ဘဏ်ကြီးတစ်ခု ဖြစ်မယ်လို့ မြင်တယ်။ ဒေသဖွံ့ဖြိုးရေး အတွက် အထောက်အကူအများကြီးပေးလိမ့်မယ်လို့ ထင်ပါတယ်။’’ ဟုပြောသည်။

AIIB အနေဖြင့် ဒေသဖွံ့ဖြိုးရေးများ၊ အခြေခံ အဆောက်အအုံဖွံ့ဖြိုးတိုးတက်ရေးတို့အတွက် ငွေချေးပေးသွားမည်ဖြစ်ပြီး၊ ငွေချေးရန် စည်းမျဉ်းစည်းကမ်းများကမူ မပြီးသေးဘူးဟု ယူဆရကြောင်း ၎င်းကဆိုသည်။

ဇန်နဝါရီလ ၁၆ ရက် နံနက်ပိုင်းတွင် ပြုလုပ်မည့် ဖွင့်ပွဲ အခမ်းအနား ၌ သမ္မတရှီကျင့်ဖိန် မိန့်ခွန်း ပြောကြားမည် ဖြစ်ပြီး ဝန်ကြီးချုပ် လီခဲ့ချန်သည် နေ့လည်ပိုင်း တွင် ကျင်းပမည့် AIIB ကောင်စီ၏ ရံပုံငွေ ညီလာခံ ၌ မိန့်ခွန်းပြောကြားမည် ဖြစ်ကြောင်း သိရသည်။ ဖွင့်ပွဲ လုပ်ဆောင်ချက် အစီအစဉ် များသည် ဇန်နဝါရီလ ၁၆ မှ ၁၈ ရက်နေ့အထိ ကြာမြင့်မည် ဖြစ်ကြောင်း သိရသည်။

တရုတ်နိုင်ငံ အခြေစိုက် အဆိုပါဘဏ်သည် ပေကျင်း၌ ၂၀၁၅ ခုနှစ် ဒီဇင်ဘာလ ၂၅ ရက်နေ့က တရားဝင် စတင် တည်ထောင်ခဲ့ပြီး ပေကျင်း၌ ရုံးချုပ် ထားရှိကာ ယခုအခါတွင် အဖွဲ့ဝင် အရေအတွက် ၅၇ နိုင်ငံ အထိ ရှိလာပြီ ဖြစ်ကြောင်း သိရသည်။

ဒေါက်တာမောင်မောင်သိမ်းက “ AIIB ကို အာရှဒေသကသာမက အနောက်တိုင်း နိုင်ငံတွေက ပါ ဝင်ပါတယ်။ အရှေ့အလယ်ပိုင်းတွေကလည်း ဝင်ပါတယ်။ ကျွန်တော်တို့ နိုင်ငံအနေနဲ့ Founder Member အနေနဲ့ ပါတဲ့ အတွက် ဒါရိုက်တာ အဖွဲ့ခန့်တာက အစပေါ့ဗျာ အလှည့်ကျတွေ ရကြမယ်လို့ထင်ပါတယ်။’’ ဟုပြောသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.


Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117