Connect with us

Economy

တရုတ်- မြန်မာ- အိန္ဒိယ သုံးနိုင်ငံ စီးပွားရေး ကုန်သွယ်မှု မြန်ဆန်စေရန် ဆောက်လုပ်လျက် ရှိသည့် တဝမ်း တံတား တည်ဆောက်မှု ၇၀ ရာခိုင်နှုန်း ပြီးစီး

တရုတ်- မြန်မာ- အိန္ဒိယသုံးနိုင်ငံ ဆက်သွယ်ထားသော လီဒိုလမ်းမကြီး၏ တစ်စိတ် တစ်ပိုင်းကို ဝေဟင်မှ တွေ့ရစဉ် (ဆင်ဟွာ)

ရန်ကုန် ၊ အောက်တိုဘာ ၃၀ ရက် (ဆင်ဟွာ)

တရုတ်-မြန်မာ- အိန္ဒိယ ဆက်သွယ်နိုင်မည့် ကချင်ပြည်နယ်ရှိ မြစ်ကြီးနား ၊ နမ္မတီး ၊ တနိုင်း ၊ ပန်ဆောက် ၊ လီဒို လမ်းမကြီးပေါ်တွင် ဆောက်လုပ်နေသည့် တဝမ်း တံတားမှာ ယခုအခါ ၇၀ ရာခိုင်နှုန်း ပြီးစီးနေပြီး ၂၀၁၆ ခုနှစ် မတ်လတွင် အပြီး တည်ဆောက်သွားရန် ဆောင်ရွက်နေကြောင်း တံတား ဦးစီးဌာနမှ တာဝန်ရှိသူ တစ်ဦးက ဆင်ဟွာသို့ပြောသည်။

“ဒီတဝမ်း တံတားက လီဒိုလမ်းမပေါ်မှာ ရှိပြီးတော့ အဓိက လမ်းမကြီး တစ်ခုပါပဲ။ လီဒို လမ်းမပေါ်မှာ ဒီတံတားကို တရုတ်-မြန်မာ- အိန္ဒိယ သုံးနိုင်ငံ ကုန်စည် စီးဆင်းမှု မြန်ဆန်စေဖို့ရည်ရွယ်ချက်နဲ့ဆောက်တာပါ။ လီဒိုလမ်းမက အိန္ဒိယနိုင်ငံ လီဒိုမြို့အထိ လမ်းပေါက်ပါတယ်”ဟု ပြည်နယ် ဆောက်လုပ်ရေး အဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက ဆင်ဟွာသို့ ပြောသည်။

ထိုတဝမ်း တံတား ပြီးစီးသွားပါက တရုတ်-မြန်မာ- အိန္ဒိယ သုံးနိုင်ငံ စီးပွားရေး ကုန်သွယ်မှု ပိုမို မြန်ဆန် ကောင်းမွန် လာနိုင်ပြီး ဒေသတွင်း ပညာရေး ၊ ကျန်းမာရေး ၊ လူမှုရေး ၊ စီးပွားရေး ၊ စိုက်ပျိုးရေး လုပ်ငန်းများ ပိုမို ဖွံ့ဖြိုး တိုးတတ်လာ နိုင်ကြောင်း သိရသည်။

တဝမ်း တံတားကို ၂၀၁၃ ခုနှစ် ဇွန် ၁ ရက်မှ စ၍ စတင် တည်ဆောက်လျက်ရှိရာ တံတား အရှည်ပေ ၁,၂၆၀ ၊ အကျယ် ၂၄ ပေ နှစ်လမ်းသွား တံတား အမျိုးအစား ဖြစ်ပြီး စီမံကိန်း ပြီးဆုံးသည်အထိ ခန့်မှန်း ကုန်ကျငွေ ကျပ် ၄,၃၂၀.၀၀ သန်းခန့်သုံးစွဲရန် လျာထားပြီး ဘဏ္ဍာနှစ် အလိုက် ပြည်ထောင်စု ရန်ပုံငွေမှ နှစ်အလိုက် ခွဲဝေ သုံးစွဲလျက် ရှိကြောင်း သိရသည်။ (Xinhua)


Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117