Connect with us

Politics, Law & Military

ကိုးကန့် တိုက်ပွဲအတွင်း အစိုးရတပ်မှ ၁၂၆ ဦး ကျဆုံး

ကိုးကန့် တိုက်ပွဲတွင် ဒဏ်ရာရရှိသော မြန်မာ့ တပ်မတော်သားများအား ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်မှ လိုက်လံကြည့်ရှု အားပေး စကား ပြောကြားနေစဉ်

ရန်ကုန်၊ ဧပြီ ၁၉ ရက် (ဆင်ဟွာ)

ရှမ်းပြည်နယ် မြောက်ပိုင်း လောက်ကိုင် ဒေသအတွင်း အစိုးရတပ်နှင့် ကိုးကန့် တပ်ဖွဲ့တို့ ဖေဖော်ဝါရီလ ( ၉) ရက်နေ့မှ စတင်ခဲ့သည့် တိုက်ပွဲအတွင်း မြန်မာ့ တပ်မတော်မှ စစ်သည် ၁၂၆ ဦး ကျဆုံးပြီး ၃၅၉ ဒဏ်ရာ ရရှိခဲ့ကြောင်း တပ်မတော်ပိုင် မြဝတီ သတင်းစာတွင် ဖော်ပြသည်။

အစိုးရတပ်မတော်နှင့် မြန်မာနိုင်ငံ လူမျိုးစုများ ဒီမိုကရေစီ မဟာမိတ် တပ်ပေါင်းစု (MNDAA) တို့သည် ဖေဖော်ဝါရီလ (၉) ရက်နေ့မှ ဧပြီလ (၁၅) ရက်နေ့ထိ ထိတွေ့မှုပေါင်း ၂၅၃ ကြိမ်ရှိခဲ့ပြီး ကိုးကန့်တပ်ဖွဲ့မှ အလောင်း ၇၄ လောင်းနှင့် ၂၂ ဦး ဖမ်းဆီးရမိခဲ့သည်။

ယင်း တိုက်ပွဲအတွင်း လက်နက်မျိုးစုံ ၂၂၆ လက်နှင့် ကျည်ဆန်များ၊ မူးယစ်ဆေးဝါးများ သိမ်းဆည်း ရမိခဲ့ကြောင်း ဖော်ပြထားသည်။

အစိုးရတပ်ဖွဲ့၏ သံချပ်ကာ ယာဉ်များ၊ လူနာတင်ယာဉ်များ ချီတက်မှုကို နှောင့်ယှက်ရန် ဒေသတွင်း ဆက်သွယ်ရေး လမ်းကြောင်းများကို ကိုးကန့်တပ်ဖွဲ့များက ပေါက်ကွဲအား ပြင်ထန်သော ဓာတ်ငွေ့အိုးများဖြင့် ပြုလုပ်ထားသော မိုင်းများ ထောင်ထားကြောင်း၊ ကိုးကန့်တပ်ဖွဲ့ ထောင်ထားသည့် မိုင်းများကိုလည်း မြန်မာ့ တပ်မတော်မှ ဖမ်းဆီးရမိခဲ့ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

အစိုးရတပ်သည် တောင်ကုန်း ပွိုင့် ၁၈၄၅ ရှိ တပ်စခန်းများနှင့် တာကထန် ကျေးရွာ အနီး အခြား မဟာဗျူဟာ ကျသည့် တောင်ကုန်းများကို အမြှောက်တပ်များဖြင့် စစ်ဆင်ရေးပြုလုပ်ပြီးနောက် အနိုင်ရပြီး ပြန်လည်ရယူ သိမ်းပိုက်နိုင်ခဲ့သည်။

တစ်နိုင်ငံလုံး အပစ်အခတ် ရပ်စဲရေး သဘောတူညီချက် စာချုပ် (NCA) မူကြမ်းကို ပြည်ထောင်စု ငြိမ်းချမ်းရေး ဖော်ဆောင်ရေး လုပ်ငန်းကော်မတီ (UPWC) နှင့် တစ်နိုင်ငံလုံး အပစ်အခတ် ရပ်စဲရေး ညှိနှိုင်းရေးအဖွဲ့ (NCCT) တိုင်းရင်းသားအဖွဲ့တို့ မတ်လ (၃၁) ရက်နေ့တွင် ပဏာမ လက်မှတ် ရေးထိုးခဲ့ပြီး မကြာမီ တစ်နိုင်ငံလုံး အပစ်ခတ် ရပ်စဲရေး သဘောတူညီချက် စာချုပ် နောက်ဆုံး မူကြမ်းကို တိုင်းရင်းသား လက်နက်ကိုင်များ လက်မှတ် ရေးထိုးနိုင်ရန် ရှေးရှု၍ တိုင်းရင်းသား ညီလာခံတစ်ခု ကျင်းပမည် ဖြစ်သည်။ညီညွှတ်သော တိုင်းရင်းသား လူမျိုးများ ဖယ်ဒရယ် ကောင်စီ (UNFC) မှ နိုင်ငံတော် သမ္မတ ဦးသိန်းစိန်ထံ ကိုးကန့် တိုက်ပွဲများ ရပ်တန့်ပေးရန် အိတ်ဖွင့် ပေးစာ တစ်စောင် ပေးပို့ခဲ့သည်။ (Xinhua)


Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117