Connect with us

Eastern Europe

အိန္ဒိယနိုင်ငံက ရုရှားနိုင်ငံထံမှ စစ်လက်နက်များ နှင့် စစ်ဘက်အသုံးအဆောင်များ အမေရိကန်ဒေါ်လာ ၁၄.၅ ဘီလီယံဖိုး ဝယ်ယူ

အိန္ဒိယနိုင်ငံဝန်ကြီးချုပ် မိုဒီ နှင့် ရုရှားနိုင်ငံ သမ္မတ ဗလာတီမာပူတင် တို့ လက်ဆွဲနှုတ်ဆက်နေစဉ်(ဆင်ဟွာ)

ဗလာဒီဗော့စတော့ ၊ ရုရှား ၊ စက်တင်ဘာ ၅ ရက်(ဆင်ဟွာ)

၅ ကြိမ်မြောက် အရှေ့ဖျားဒေသ စီးပွားရေး ဖိုရမ်၏ ဆက်စပ် အစည်းအဝေးတစ်ခုတွင် နှစ်နိုင်ငံခေါင်းဆောင်များ နှင့် နှစ်ဖက်ကိုယ်စားလှယ်များတွေ့ဆုံဆွေးနွေးပြီးနောက် ကုန်သွယ်ရေး နှင့် ရင်းနှီးမြှုပ်နှံရေး ကိစ္စများအပြင် စစ်လက်နက်များ ပူးတွဲ ထုတ်လုပ်ရန်အပါအဝင် နယ်ပယ်ကဏ္ဍပေါင်းစုံ၌ ပူးပေါင်းဆောင်ရွက်မှုတိုးမြှင့်ရန် ရုရှားနိုင်ငံ နှင့် အိန္ဒိယ နိုင်ငံတို့သည် စက်တင်ဘာ ၄ ရက်က သဘောတူညီခဲ့ကြကြောင်း သိရသည်။

နှစ်နိုင်ငံ ကိုယ်စားလှယ်များသည် သမ္မတဗလာတီမာပူတင် နှင့် ဝန်ကြီးချုပ်မိုဒီ တို့ရှေ့မှောက်တွင် သဘောတူညီမှုများစွာကို လက်မှတ်ရေးထိုးခဲ့ကြကြောင်း ၊ ဆွေးနွေးပွဲနှင့်ပတ်သက်၍ နှစ်နိုင်ငံခေါင်းဆောင်တို့သည် ပူးတွဲကြေညာချက်တစ်စောင် ထုတ်ပြန်ခဲ့ကြောင်း သိရသည်။

ရုရှား-အိန္ဒိယ နှစ်နိုင်ငံသည် စစ်လက်နက်များ ထုတ်လုပ်မှု နှင့် တီထွင်ဖန်တီးမှု အပိုင်းတွင် ပူးတွဲ လုပ်ဆောင်ရေး တွန်းအားပေးရန် ၊ ရောင်းချထားသော လက်နက်ကိရိယာအား ဆက်လက်ဝန်ဆောင်မှုပေးရေးအစီအစဉ်ကို မြှင့်တင်ရန် နှင့် ပုံမှန် ပူးတွဲစစ်ရေးလေ့ကျင့်မှုများကို ဆက်လက်လုပ်ဆောင်ရန် ကဲ့သို့သော ၎င်းတို့၏ ကာကွယ်ရေးဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုကို အဆင့်မြှင့်တင်ရန် ကတိပြုခဲ့ကြကြောင်း ထုတ်ပြန်ချက်အရ သိရသည်။

တစ်ချိန်တည်းမှာပင် အိန္ဒိယနိုင်ငံက ရုရှားနိုင်ငံထံမှ အမေရိကန်ဒေါ်လာ ၁၄.၅ ဘီလီယံတန်ဖိုးရှိသော စစ်လက်နက်များ နှင့် စစ်ဘက်အသုံးအဆောင်များ ဝယ်ယူရေး စံချိန်တင် သဘောတူစာချုပ်တစ်ခုကို လက်မှတ်ရေးထိုးခဲ့ကြောင်း ရုရှားပြည်ထောင်စုကာကွယ်ရေးတပ်ဖွဲ့ ၊ စစ်ဘက်နည်းပညာပူးပေါင်းဆောင်ရွက်မှုအကြီးအကဲ Dmitry Shugayev က စက်တင်ဘာ ၄ ရက်တွင် ထုတ်ပြန်သော ကြေညာချက်တွင်ဖော်ပြထားသည်။

ရုရှား နှင့် အိန္ဒိယ တို့သည် ကုန်သွယ်ရေး ၊ စီးပွားရေး နှင့် ရင်းနှီးမြှုပ်နှံမှု ပူးပေါင်းဆောင်ရွက်ရေး မဟာဗျူဟာမြောက် အဆင့်မြှင့်တင်ခြင်းသဘောတူညီမှုတစ်ခုကိုလည်း လက်မှတ်ရေးထိုးခဲ့သည်။

နှစ်ဖက်ကုန်သွယ်ရေးတွင် အတားအဆီးများကို ဖယ်ရှားရန် နှင့် ဆွေးနွေးပွဲများဆောင်ရွက်ရာတွင် ကန့်သတ်ချက်များကို လျှော့ချရန် သဘောတူညီခဲ့ကြသည်။ လွတ်လပ်သောကုန်သွယ်ရေးဇုန်ကို အိန္ဒိယ နှင့် ဥရောပအာရှ စီးပွားရေးသမဂ္ဂ အကြား မကြာမီတည်ထောင်ရန် သဘောတူညီမှုတစ်ခုကို ပထမဆုံးအကြိမ်ဆွေးနွေးမှုများပြုလုပ်ပြီးနောက်တွင် သမ္မတပူတင်က သတင်းစာရှင်းလင်းပွဲထုတ်ဖော်ပြောကြားခဲ့သည်။

ရုရှား နှင့် အိန္ဒိယအကြား လွယ်ကူသောဗီဇာစနစ်ဖြင့် သွားလာနိုင်ရေးကို ဆက်လက်အကောင်အထည်ဖော်လုပ်ဆောင်ရေး နှင့် ရုရှားအာတိတ်ဒေသ နှင့် အရှေ့ဖျားဒေသ ချိတ်ဆက်ဆောင်ရွက်မှုမြှင့်တင်ရေးကိုလည်း သဘောတူညီခဲ့ကြကြောင်း သိရသည်။

နှစ်နိုင်ငံပူးပေါင်းဆောင်ရွက်မှု သဘောတူညီချက်များအပြင် အကြမ်းဖက်မှုတိုက်ဖျက်ရေး ၊ အီရန်နျူကလီးယားအရေးဆွေးနွေးပွဲဖော်ဆောင်ရေး ၊ ဆီးရီးယား ၊ အာဖဂန်နစ္စတန် နှင့် ကိုရီးယားကျွန်းဆွယ်တို့တွင် ငြိမ်းချမ်းရေးအစီအစဉ်မြှင့်တင်ရေး တို့အပါအဝင် နိုင်ငံတကာအရေးကိစ္စရပ်များ နှင့် ဒေသတွင်း အရေးကိစ္စရပ်များကိုလည်း ရုရှား နှင့် အိန္ဒိယ နိုင်ငံတို့က ပါဝင်ကူညီဆောင်ရွက်ပေးရန် ဆန္ဒရှိကြောင်း ထုတ်ဖော်ခဲ့ကြသည်။(Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.