Connect with us

International Organizations

ဖွံ့ဖြိုးတိုးတက်မှုက ပြဿနာအားလုံး၏ အဓိကသော့ချက်ဖြစ်ကြောင်း တရုတ်နိုင်ငံခြားရေးဝန်ကြီးပြောကြား

၇၄ ကြိမ်မြောက် ကုလသမဂ္ဂ အထွေထွေညီလာခံ၌ မိန့်ခွန်းပြောကြားနေသည့် တရုတ်နိုင်ငံတော်ကောင်စီဝင်နှင့် နိုင်ငံခြားရေးဝန်ကြီး ဝမ်ရိအား တွေ့ရစဉ် (ဆင်ဟွာ)

ကုလသမဂ္ဂ၊ စက်တင်ဘာ ၂၈ ရက် (ဆင်ဟွာ)

တရုတ်နိုင်ငံတော်ကောင်စီဝင်နှင့် နိုင်ငံခြားရေးဝန်ကြီး ဝမ်ရိက ဖွံ့ဖြိုးတိုးတက်မှုသည် ပြဿနာအားလုံး ဖြေရှင်းရန် အဓိက သော့ချက်ဖြစ်ကြောင်း စက်တင်ဘာ ၂၇ ရက်တွင် ပြောကြားခဲ့သည်။

၇၄ ကြိမ်မြောက် ကုလသမဂ္ဂ အထွေထွေညီလာခံ၌ မိန့်ခွန်းပြောကြားခဲ့ရာတွင် ဝမ်က ဆင်းရဲနွမ်းပါးမှု လျှော့ချရေး၊ အခြေခံအဆောက်အအုံ၊ ပညာရေးနှင့် ပြည်သူ့ကျန်းမာရေးကဲ့သို့သော ဦးစားပေး နယ်ပယ်များတွင် ဆက်လက်အာရုံစိုက်ကာ ဖွံ့ဖြိုးတိုးတက်မှုအား ကမ္ဘာ့ မက်ခရို မူဝါဒ မူဘောင်၏ အလယ်ဗဟို၌ ထားသင့်ကြောင်း ပြောသည်။

ထို့ပြင် ပွင့်လင်းသော ကမ္ဘာ့စီးပွားရေးတစ်ခု တည်ထောင်ရန်နှင့် ဖွံ့ဖြိုးဆဲနိုင်ငံများအား ကမ္ဘာလုံးဆိုင်ရာ စက်မှုလုပ်ငန်းနှင့် လုပ်ငန်းစဉ်များအတွင်းသို့ ကောင်းမွန်စွာ ပေါင်းစည်းရေး ကူညီကြရန် ဝမ်က တိုက်တွန်းပြောကြားလိုက်သည်။ရပ်ဝန်းနှင့် ပိုးလမ်းမ အဆိုပြုချက် (BRI) ကလည်း ပွင့်လင်းမှု၊ စိမ်းလန်းမှု၊ သန့်ရှင်းမှု၊ အဆင့်အတန်းမြင့်မားမှု၊ ရေရှည်တည်တံ့မှုနှင့် ပြည်သူဗဟိုပြု ဖွံ့ဖြိုးတိုးတက်မှု ရရှိရန် ရည်ရွယ်ထားခြင်းဖြစ်ကြောင်း ဝမ်က ဆိုသည်။

ထို့ပြင် BRI သည် ကုလသမဂ္ဂ၏ ၂၀၃၀ အစီအစဉ်နှင့် လိုက်လျောညီထွေရှိသော အဆိုပြုချက်တစ်ခုဖြစ်ပြီး ပူးပေါင်းဆောင်ရွက်မှု၊ မျှော်လင့်ချက်နှင့် ကြွယ်ဝချမ်းသာမှုအတွက် လမ်းကြောင်း တစ်ခုဖြစ်လာကြောင်း၊ ကမ္ဘာတစ်ဝန်းရှိ ပြည်သူများထံ စစ်မှန်သော အကျိုးကျေးဇူးများ ဖြန့်ဝေပေးလျက်ရှိကြောင်း ဝမ်က ဖြည့်စွက်ပြောကြားခဲ့သည်။တရုတ်နိုင်ငံအနေဖြင့် BRI က ဖန်တီးပေးသော ဖွံ့ဖြိုးတိုးတက်မှု အခွင့်အလမ်းများအား အခြားနိုင်ငံများက ဖမ်းဆုပ်ယူကာ ၂၀၃၀ အစီအစဉ် အကောင်အထည်ဖော်မှုအတွက် သစ်လွင်သော တွန်းအားတစ်ရပ် ဖြစ်စေမည်ဟု မျှော်လင့်ကြောင်း ဝမ်က ပြောကြားခဲ့သည်။ (Xinhua)


Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117