Connect with us

Asia

အင်ဒိုနီးရှား ရဲတပ်ဖွဲ့က ဘာလီကျွန်း၌ လှို့ဝှက် တိုက်ခိုက်မှု ပြုလုပ်ရန် ကြံစည်သူ စစ်သွေးကြွ နှစ်ဦးကို ဖမ်းဆီး 

အင်ဒိုနီးရှား ရဲတပ်ဖွဲ့ဝင်များအား တွေ့ရစဉ်(ဆင်ဟွာ)

ဂျကာတာ ၊ အောက်တိုဘာ ၁၃ ရက်(ဆင်ဟွာ) 

အင်ဒိုနီးရှား နိုင်ငံ ဘာလီ အပန်းဖြေကျွန်း၌ လှို့ဝှက် တိုက်ခိုက်မှု ပြုလုပ်ရန် စီစဉ်နေသည့် စစ်သွေးကြွ နှစ်ဦးအား အင်ဒိုနီးရှား အမျိုးသား ရဲတပ်ဖွဲ့၏ အကြမ်းဖက်မှု တိုက်ဖျက်ရေး အဖွဲ့က ဖမ်းဆီးခဲ့ကြောင်း ရဲအရာရှိ တစ်ဦးက အောက်တိုဘာ ၁၂ ရက်တွင် ပြောကြားခဲ့သည်။ 

ဘာလီကျွန်း၏ ဂျမ်ဘရားနား(Jembrana) နယ်မြေ၌ Achmad Taufikurrahman ဆိုသူ နှင့် ၎င်း၏ သားဖြစ်သူ Zaid AliIbrahim တို့ကို အောက်တိုဘာ ၁၀ ရက်တွင် ဖမ်းမိခဲ့ကြောင်း ဘာလီပြည်နယ် ရဲတပ်ဖွဲ့၏ ပြောရေးဆိုခွင့် ရှိသူ Hengky Widjaja က ပြောကြားခဲ့သည်။အဆိုပါ ပြောရေးဆိုခွင့် ရှိသူက “သူတို့နှစ်ဦးကို ဘာလီကျွန်းမှာ ဖမ်းမိခဲ့ပါတယ်။”ဟု ပြောကြားခဲ့ပြီး ၎င်းတို့မှာ Abu Bakar Al Bagdadi ခေါင်းဆောင်သော IS အကြမ်းဖက် အဖွဲ့ကို သစ္စာခံသူများ ဖြစ်ကြောင်း ထည့်သွင်း ပြောကြားခဲ့သည်။

ယင်းအကြမ်းဖက်သမား နှစ်ဦးမှာ အင်ဒိုနီးရှားနိုင်ငံ ခရီးသွား လုပ်ငန်း၏ အချက်အချာ ကျသော ဘာလီကျွန်း၌ တိုက်ခိုက်မှု တစ်ခုအား စတင်ရန် အတွက် ပြင်ဆင်မှုများ ပြုလုပ်ခဲ့ကြောင်း ရဲတပ်ဖွဲ့၏ ပြောရေးဆိုခွင့် ရှိသူက ပြောကြားခဲ့သည်။အကြမ်းဖက် သမား နှစ်ဦးမှာ အောက်တိုဘာ ၁၀ ရက်တွင် အင်ဒိုနီးရှား လုံခြုံရေးဝန်ကြီးဌာန ဝန်ကြီး ဝီရန်တို (Wiranto)ကို ဓားဖြင့် လုပ်ကြံ တိုက်ခိုက်သူ Syaril Alamsyah alias Abu Rara နှင့်လည်း ချိတ်ဆက်မှု ရှိကြောင်း ဒေသတွင်း မီဒီယာများက ဖော်ပြကြသည်။

အင်ဒိုနီးရှား လုံခြုံရေး ဝန်ကြီး ဝီရန်တိုသည် ဘန်တန်ပြည်နယ်၌ ကားပေါ်မှ ဆင်းလာချိန်တွင် တိုက်ခိုက်ခံခဲ့ရခြင်း ဖြစ်သည်။အကြမ်းဖက် သမားများမှာ အင်ဒိုနီးရှား နိုင်ငံ၌ ၂၀၁၆ ခုနှစ် ဇန်နဝါရီလတွင် မြို့တော် ဂျကာတာ၌ လူရှစ်ဦး သေဆုံး စေခဲ့ သော ရဲစခန်း နှင့် ကော်ဖီဆိုင်တို့တွင် အသေခံ တိုက်ခိုက်မှုများနှင့် ၂၀၁၈ ခုနှစ် မေလတွင် East Java နှင့် Riau ပြည်နယ်တို့တွင် အမျိုးမျိုးသော အသေခံ တိုက်ခိုက်မှုများ အပါအဝင် များစွာသော အကြမ်းဖက် တိုက်ခိုက်မှုများကို ပြုလုပ်ခဲ့ကြောင်း သိရသည်။(Xinhua)


Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117