Connect with us

Breaking News

ဖိလစ်ပိုင် နိုင်ငံ၌ ပြင်းအား ၆ ဒသမ ၈ အဆင့်ရှိ မြေငလျင် လှုပ်ခတ်

ပေကျင်း ၊ ဒီဇင်ဘာ ၁၅ ရက်(ဆင်ဟွာ)

ဖိလစ်ပိုင် နိုင်ငံ မင်ဒါနာအို(Mindanao) ကျွန်း၌ ပြင်းအား ၆ ဒသမ ၈ အဆင့်ရှိ မြေငလျင် တစ်ခု ယနေ့ ဒီဇင်ဘာ ၁၅ ရက် ၊ ပေကျင်း စံတော်ချိန် မွန်းလွဲ၂ နာရီ ၁၁ မိနစ်တွင် လှုပ်ခတ်သွားခဲ့ကြောင်း တရုတ် နိုင်ငံ မြေငလျင် တိုင်းတာရေး ကွန်ရက်(CENC)ထံမှ သိရသည်။

အဆိုပါ မြေငလျင်သည် မြောက်လတ္ထီကျူ ၆ ဒသမ ၅၅ ဒီဂရီ နှင့် အရှေ့ လောင်ဂျီကျူ ၁၂၅ ဒသမ ၃ ဒီဂရီ အကြား မြေအောက် အနက် ၃၀ ကီလိုမီတာခန့် တွင် ဗဟိုပြု လှုပ်ခတ်သွားခဲ့ကြောင်း သိရသည်။(Xinhua) 

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117