Connect with us

Social, Education & Health

တရုတ်နိုင်ငံ၏ ကိုရိုနာဗိုင်းရပ်စ်တိုက်ဖျက်ရေးကြိုးပမ်းမှုက ကမ္ဘာအတွက် ပြင်ဆင်ချိန်ရရှိစေဟု မက္ကဆီကို ကျွမ်းကျင်ပညာရှင်ပြော

တရုတ်နိုင်ငံ အလယ်ပိုင်း ဟူပေပြည်နယ်၊ ဝူဟန်မြို့ရှိ စစ်ဘက်ဆိုင်ရာဆေးတပ်ဖွဲ့ဝင်များအား တွေ့ရစဉ် (ဆင်ဟွာ)

မက္ကဆီကိုစီးတီး၊ ဇန်နဝါရီ ၃၁ ရက် (ဆင်ဟွာ)

တရုတ်နိုင်ငံ၏ နိုဗယ် ကိုရိုနာဗိုင်းရပ်စ် (2019-nCoV) ပျံ့နှံ့မှု ထိန်းချုပ်ရေး ကြိုးပမ်းအားထုတ်မှုများက အခြားနိုင်ငံများအတွက် ပြင်ဆင်ရန် အလွန်အရေးပါသောအချိန်များ ရရှိစေခဲ့ကြောင်း မက္ကဆီကို ကူးစက်ရောဂါဆိုင်ရာ ကျွမ်းကျင်ပညာရှင်က ပြောကြားခဲ့သည်။

တရုတ်နိုင်ငံက ဗိုင်းရပ်စ်ဖြစ်ပွားမှုကို ပွင့်လင်းမြင်သာမှုရှိစွာဖြင့် ကိုင်တွယ်ခဲ့ပြီး ဗိုင်းရပ်စ်ပျံ့နှံ့မှုကာကွယ်ရန် လိုအပ်သော အရင်းအမြစ်များကိုလည်း စီမံခွဲဝေပေးနိုင်ခဲ့ကြောင်း မက္ကဆီကိုနိုင်ငံ ၂၀၀၉ ခုနှစ် ဝက်တုပ်ကွေးကပ်ရောဂါ တိုက်ဖျက်ရေးတာဝန်ရှိသူ အမျိုးသားကော်မရှင် အဖွဲ့ဝင်ဟောင်း အလီဂျန်ဒရို မက်စီယက်စ် (Alejandro Macias) က ပြောခဲ့သည်။

တရုတ်နိုင်ငံ မြို့တော် ပေကျင်း၊ ဟိုင်သျန့်ခရိုင်ရှိ ရပ်ကွက်တစ်ခုတွင် ပိုးသတ်ဆေးဖျန်းနေသူတစ်ဦးအား တွေ့ရစဉ် (ဆင်ဟွာ)

“သူတို့လုပ်ဆောင်နေရင်းနဲ့ တရုတ်နိုင်ငံပြင်ပသို့ ရောက်ရှိလာမယ်ဆိုရင်လည်း ကျန်တဲ့နိုင်ငံတွေမှာ တုံ့ပြန်ဖို့ အချိန်ရမှာဖြစ်ပါတယ်” ဟု Guanajuato တက္ကသိုလ် ပါမောက္ခ မက်စီယက်စ်က ဆိုသည်။

တရုတ်နိုင်ငံတစ်ဝန်း ဗိုင်းရပ်စ်ပျံ့နှံ့မှု ထိန်းချုပ်ရန် ဆောင်ရွက်ချက်များ လုပ်ဆောင်လျက်ရှိသည်။ အဆိုပါ ကြိုးပမ်းမှုများတွင် ဗိုင်းရပ်စ်ဖြစ်ပွားရာ တရုတ်နိုင်ငံ အလယ်ပိုင်း ဝူဟန်မြို့ရှိ ဒေသတွင်း အများပြည်သူ့သယ်ယူပို့ဆောင်ရေး လုပ်ငန်းများကို ရပ်ဆိုင်းထားခဲ့ပြီး မလိုအပ်သော မော်တော်ယာဉ်များအား မြို့လယ်နေရာသို့ သွားရောက်ခြင်းကို တားမြစ်ထားခြင်းများလည်း ပါဝင်ခဲ့သည်။  (Xinhua)


Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117