Connect with us

Social, Education & Health

တရုတ်နိုင်ငံ၏ နိုဗယ် ကိုရိုနာဗိုင်းရပ်စ် တိုက်ဖျက်ရေး ကြိုးပမ်းအားထုတ်မှုများအပေါ် ကမ္ဘာ့ခေါင်းဆောင်များ ချီးကျူး

တရုတ်နိုင်ငံ အလယ်ပိုင်း ဟူပေပြည်နယ်၊ ဝူဟန့်မြို့ ဟောဆန်ဆန်းဆေးရုံရှိ ကျန်းမာရေးဝန်ထမ်းများအား တွေ့ရစဉ် (ဆင်ဟွာ)

ပေကျင်း၊ ဖေဖော်ဝါရီ ၅ ရက် (ဆင်ဟွာ)

ကမ္ဘာ့နိုင်ငံ ခေါင်းဆောင်များနှင့် နိုင်ငံတကာအဖွဲ့အစည်းများမှ အကြီးအကဲများက တရုတ်နိုင်ငံ၏ နိုဗယ် ကိုရိုနာဗိုင်းရပ်စ် တိုက်ဖျက်ရေး ကြိုးပမ်းအားထုတ်မှုများကို ထောက်ခံကြောင်းနှင့် ရောဂါကာကွယ်ရေးနှင့် ထိန်းချုပ်ရေးများ၌ ဆောင်ရွက်ချက်များကို ချီးကျူးပြောကြားလိုက်ကြောင်း သိရသည်။

တရုတ်နိုင်ငံ အလယ်ပိုင်း ဟူပေပြည်နယ်၊ ဝူဟန့်မြို့ရှိ ဟောဆန်ဆန်းဆေးရုံသို့ ရောက်ရှိလာသည့် ဗိုင်းရပ်စ်ပိုးကူးစက်ခံရသည့်လူနားအား ကူညီပေးနေသည့် ကျန်းမာရေးဝန်ထမ်းများအား တွေ့ရစဉ် (ဆင်ဟွာ)

နိုဗယ် ကိုရိုနာဗိုင်းရပ်စ်ပိုးအတွက် ရည်ရွယ်ထားသော mRNA ကာကွယ်ဆေးအတွက် လက်တွေ့စမ်းသပ်နေသော သုတေသီတစ်ဦးအား တွေ့ရစဉ် (ဆင်ဟွာ)

ပါကစ္စတန်နိုင်ငံ သမ္မတ အာရစ်ဖ် အယ်လ်ဗီ (Arif Alvi) ၊ မြန်မာနိုင်ငံ သမ္မတ ဦးဝင်းမြင့်၊ ကမ္ဘောဒီးယားနိုင်ငံ ဝန်ကြီးချုပ် ဆမ်ဒတ် တက်ချို ဟွန်ဆန် (Samdech Techo Hun Sen) ၊ သီရိလင်္ကာနိုင်ငံ  သမ္မတ ဂိုတာဘာယာ ရာဂျာပက်ဆာ (Gotabaya Rajapaksa) ၊ မော်လ်ဒိုက်နိုင်ငံ သမ္မတ အီဘရာဟင် မိုဟာမက် ဆိုလီ (Ibrahim Mohamed Solih) ၊ ကာဇက်စတန်နိုင်ငံ သမ္မတ ကက်ဆင်-ဂျိုမတ် တိုကေ့ဗ် (Kassym-Jomart Tokayev) ၊ ကာဂျစ်ကစ္စတန်နိုင်ငံ သမ္မတ ဆိုရွန်ဘိုင် ဂျင်ဘီကို့ဗ် (Sooronbai Jeenbekov) ၊ တာဂျစ်ကစ္စတန်နိုင်ငံ သမ္မတ အမ်မွမ်မာလီ ရေမွန် (Emmomali Rahmon) ၊ ဥဇဘက်ကစ္စတန်နိုင်ငံ သမ္မတ ရှေ့ဗ်ကတ် မာဇီယိုယေ့ဗ် (Shavkat Mirziyoyev) ၊ အဇာဘိုင်ဂျန်နိုင်ငံ သမ္မတ အီဟမ် အလီယေ့ဗ် (Ilham Aliyev) ၊ အီတလီနိုင်ငံ သမ္မတ ဆာဂီယို မတ်တာရီလာ (Sergio Mattarella) ၊ ပိုလန်နိုင်ငံ သမ္မတ အန်ဒါဇက် ဒူဒါ (Andrzej Duda) ၊ ချက်နိုင်ငံ သမ္မတ မီလော့စ် ဇီမန် (Milos Zeman) ၊ ခရိုအေးရှားနိုင်ငံ သမ္မတ ကိုလင်ဒါဂရီဘာ-ကီတာရိုဗစ် (Kolinda Grabar-Kitarovixc) ၊ ဆာဘီးယားနိုင်ငံ သမ္မတ အလက်ဆန်းဒါးဗျူးစစ် (Aleksandar Vucic) ၊ မော်လ်တာနိုင်ငံ သမ္မတ ဂျော့ရှ် ဗဲလ်လာ (George Vella) ၊ အီဂျစ်နိုင်ငံ သမ္မတ အဗ္ဗဒဲ-ဖာတာ အယ်လ်-စီစီ (Abdel-Fattah al-Sisi) ၊ နိုင်ဂျီးရီးယားနိုင်ငံ သမ္မတ မူဟမ်မာဒူ ဘူဟာရီ (Muhannadu Buhari) ၊ ဂီနီနိုင်ငံ သမ္မတ အယ်လ်ဖာ ကွန်ဒီ (Alpha Conde) ၊ ဂါနာနိုင်ငံ သမ္မတ နာနာ အက်ဒို ဒန်ကွာ အာကူဖို-အက်ဒို (Nana Addo Dankwa Akufo-Addo) နှင့် ဆေရှဲလ်စ်နိုင်ငံ သမ္မတ ဒန်နီ ဖော်ရေ (Danny Faure) တို့က တရုတ်နိုင်ငံ၏ ကိုရိုနာဗိုင်းရပ်စ် ထိန်းချုပ်ရေးလုပ်ဆောင်မှုများအပေါ် ချီးကျူးပြောကြားခဲ့ခြင်း ဖြစ်သည်။ (Xinhua)


Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117