Connect with us

International Organizations

WHO ကျွမ်းကျင်ပညာရှင်အဖွဲ့က တရုတ်ပညာရှင်များနှင့်အတူ ကိုရိုနာ ရောဂါ တိုက်ဖျက်ရေး ပူးပေါင်းဆောင်ရွက်

WHO ပုံမှန် သတင်းစာရှင်းလင်းပွဲကို ဆွစ်ဇာလန်နိုင်ငံ ဂျနီဗာမြို့၌ ဖေဖော်ဝါရီ ၁၀ ရက်က ကျင်းပပြုလုပ်စဉ် (ဆင်ဟွာ)

ဂျနီဗာ၊ ဖေဖော်ဝါရီ ၁၁ ရက်(ဆင်ဟွာ) 

ကမ္ဘာ့ကျန်းမာရေးအဖွဲ့(WHO)၏နိုင်ငံတကာ ကျွမ်းကျင်ပညာရှင်အဖွဲ့မှ ပထမအသုတ်အဖွဲ့ဝင်များသည် တရုတ်နိုင်ငံကို ရောက်ရှိနေပြီး တရုတ်နိုင်ငံမှပညာရှင်များနှင့်အတူ ကိုရိုနာ အဆုတ်ရောင် ရောဂါ တိုက်ဖျက်ရေးကို ပူးပေါင်းဆောင်ရွက်သွားမည်ဖြစ်ကြောင်း  WHO ညွှန်ကြားရေးမှူးချုပ် တက်ဒရော့စ် အက်ဒမ်နွမ် ဂယ်ဘရက်စ်စက် (Tedros Adhanom Ghebreyesus)က ဖေဖော်ဝါရီ ၁၀ ရက် ပုံမှန်သတင်းစာ ရှင်းလင်းပွဲတွင် ပြောကြားခဲ့သည်။

ကနေဒါနိုင်ငံ ကပ်ရောဂါဆိုင်ရာ ပညာရှင်နှင့် အရေးပေါ်အခြေအနေဖြေရှင်းရေးဆိုင်ရာ ပညာရှင် ဒေါက်တာ Bruce Aylward ဦးဆောင်သည့် WHO နိုင်ငံတကာ ကျွမ်းကျင်ပညာရှင်အဖွဲ့၏ ပထမအသုတ်အဖွဲ့ဝင်များသည် တရုတ်နိုင်ငံသို့ ရောက်ရှိနေပြီဖြစ်ကြောင်း ၊ နောက်ပိုင်းတွင် အခြားအဖွဲ့ဝင်များကို စေလွှတ်ရန် ပြင်ဆင်လျက်ရှိကြောင်း တက်ဒရော့စ်က ဆိုသည်။

WHO ပုံမှန် သတင်းစာရှင်းလင်းပွဲကို ဆွစ်ဇာလန်နိုင်ငံ ဂျနီဗာမြို့၌ ဖေဖော်ဝါရီ ၁၀ ရက်က ကျင်းပပြုလုပ်စဉ် (ဆင်ဟွာ) 

WHO ပုံမှန် သတင်းစာရှင်းလင်းပွဲကို ဆွစ်ဇာလန်နိုင်ငံ ဂျနီဗာမြို့၌ ဖေဖော်ဝါရီ ၁၀ ရက်က ကျင်းပပြုလုပ်စဉ် (ဆင်ဟွာ) 

ကျွမ်းကျင်ပညာအဖွဲ့ကို ပညာရှင် ၁၀ ဦးမှ ၁၅ ဦးဖြင့်ဖွဲ့စည်းထားခြင်းဖြစ်ပြီး ၎င်းတို့သည် တရုတ်နိုင်ငံပညာရှင်များနှင့်အတူ ရောဂါတိုက်ဖျက်ရေးလုပ်ငန်းများကို လက်တွဲဆောင်ရွက်သွားမည်ဖြစ်ရာ လုပ်ငန်းဆောင်တာများကို ကျွမ်းကျင်ပိုင်နိုင်စွာဖြင့် ရင်ဆိုင်ဖြေရှင်းသွားမည်ဖြစ်ကြောင်း ၎င်းက ဆိုသည်။ ကမ္ဘာ့ဒေသအသီးသီးမှ လာရောက်ကြသောမိမိတို့၏ ကျွမ်းကျင်မှုဆိုင်ရာပညာဗဟုသုတများနှင့်အကျိုးဆောင်ပေးလိုကြသည့် စေတနာ့ဝန်ထမ်းများကို ကျေးဇူးတင်ရှိကြောင်း တက်ဒရော့ဇ်က ပြောကြားခဲ့သည်။

နိုင်ငံတကာ ပညာရှင်အဖွဲ့၏ ပညာရှင်အများစုသည် တရုတ်ပညာရှင်များနှင့်ရင်းနှီးရာ ယခင်ကလည်း အတူပူးပေါင်းဆောင်ရွက်မှုများ ရှိကြောင်း ၊ ထို့ကြောင့် ယခုအကြိမ်သည် ပူးပေါင်းဆောင်ရွက်မှု တည်ဆောက်ခြင်းမဟုတ်ဘဲ ၊ တိုးမြှင့်ပူးပေါင်းဆောင်ရွက်ခြင်းသာ ဖြစ်ကြောင်း WHO အရေးပေါ်စီမံကိန်း တာဝန်ခံ Michael Ryanက သတင်းစာရှင်းလင်းပွဲတွင် ပြောကြားခဲ့သည်။

အဆိုပါပညာရှင်အဖွဲ့တရုတ်နိုင်ငံသို့ သွားရောက်သည့် အဓိက ရည်ရွယ်ချက်မှာ လေ့လာရန် ဖြစ်ကြောင်း ၊ နိုဗယ် ကိုရိုနာ ဗိုင်းရပ်စ်နှင့်ပတ်သတ်သည့်အကြောင်းများကို ပိုမိုလေ့လာရန်ဖြစ်သလို တရုတ်နိုင်ငံ သိပ္ပံပညာရှင်များနှင့်ကပ်ရောဂါဆိုင်ရာပညာရှင်များက ဗိုင်းရပ်စ်ပိုးကို မည်သို့ လေ့လာဆန်းစစ်သည်ကို လေ့လာရန် ဖြစ်ကြောင်းနှင့် ရပ်ရွာအခြေပြုမှစ၍ အထက်ပိုင်းဆောင်ရွက်မှုများအထိ အများပြည်သူကျန်းမာရေး ဆောင်ရွက်ပေးသည့် စနစ်ကို သိရှိရန် ဖြစ်ကြောင်း Michael Ryanက ဆိုပါသည်။ 

နိုင်ငံတကာ ကျွမ်းကျင်ပညာရှင်အဖွဲ့တွင် ဆေးကုသရေးဆိုင်ရာ စီမံခန့်ခွဲမှု၊ ရောဂါပိုးမွှားသုတေသန၊ ကာကွယ်ဆေး၊ ဆေးဝါးဖော်ထုတ်ရေး၊ တိရစ္ဆာန်ကျန်းမာရေး၊ ကပ်ရောဂါ၊ အများပြည်သူကျန်းမာရေး၊ ရောဂါပြန့်ပွားမှုအန္တရာယ်လေ့လာစမ်းစစ်ရေးစသည့် ကဏ္ဍများမှ ပညာရှင်များ ပါဝင်သည်ဟု Michael Ryanက အစောပိုင်းတွင် ပြောကြားခဲ့ကြောင်း သိရသည်။ (Xinhua) 

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117