Connect with us

Social

ရန်ကုန်တိုင်းဒေသကြီးတွင် အရေးပေါ်လူနာတင်ယာဉ် အားလုံး ပါဝင်ရမည့်စနစ် စတင် ဆောင်ရွက်လျက်ရှိ

အရေးပေါ်လူနာတင်ယာဉ်တစ်စီးအားတွေ့ရစဉ် (ဓာတ်ပုံ-- အင်တာနက်)

ရန်ကုန်၊ ဖေဖော်ဝါရီ ၁၉ ရက် (ဆင်ဟွာ)

ရန်ကုန်တိုင်းဒေသကြီးတွင် အရေးပေါ်လူနာတင် ယာဉ်အားလုံး ပါဝင်ရမည့်စနစ်    စတင် ဆောင်ရွက်လျက်ရှိ ကြောင်း ရန်ကုန်တိုင်းဒေသကြီး  စမ်းချောင်းမြို့နယ် မဲဆန္ဒနယ် အမှတ်(၂)    လွှတ်တော် ကိုယ်စားလှယ် ဦးသော်တာအောင်က ဖေဖော်ဝါရီလ ၁၉ ရက် တွင် ဆင်ဟွာ သို့ပြောသည်။

ဦးသော်တာအောင်က “ဒီစနစ်ပေါ်ပေါက်ရေးကော်မတီမှာ ကျွန်တော်ပါဝင်ဆောင်ရွက်ခဲ့တယ်။ အခု စီမံခန့်ခွဲရေး ကော်မတီ ဖွဲ့တဲ့ အချိန်မှာ ကော်မတီ မှာမပါပေမယ့် ကူညီဆောင်ရွက်ပေးနေပါတယ်။ သက်ဆိုင်ရာ ဌာနဆိုင်ရာတွေလည်း ဒီကိစ္စ ကို ဆောင်ရွက်နေတယ်’’ ဟုပြောသည်။အဆိုပါစနစ်တွင် ကုသရေး ဆေးပညာနှင့် ပတ်သက်၍ ဆေးရုံဆေးခန်းကဏ္ဍ၊ ယာဉ်လမ်းကြောင်းနှင့် ပတ်သက်သည့် ယာဉ်ထိန်း ရဲတပ်ဖွဲ့၏ အခန်းကဏ္ဍ၊ ရာဇဝတ်မှုများနှင့် ပတ်သက်နေသည့်  ကိစ္စများတွင် ရဲတပ်ဖွဲ့အခန်းကဏ္ဍ၊ ယာဉ်နှင့်ပတ်သက်သည့် ကုန်းလမ်းပို့ဆောင်ရေး ညွှန်ကြားမှု ဦးစီးဌာန၏ အခန်းကဏ္ဍ၊ ပရဟိတလုပ်ငန်း အသင်းအဖွဲ့များ၏ အရေးပေါ် လူနာတင်ယာဉ်အားလုံးကို  Command  Control  Center တစ်ခုတည်းမှ ထိန်းချုပ် ညွှန်ကြားသည့်စနစ်ဖြင့် ဆောင်ရွက်ခြင်းများပါဝင်မည်ဖြစ်ကြောင်း သိရသည်။ 

လက်ရှိ တွင် အရေးပေါ်လူနာတင်ယာဉ်များအားစစ်ဆေးရန် ဆောင်ရွက်လျက်ရှိပြီး  အဆိုပါ လူနာတင်ယာဉ် အဖြစ်ဆောင်ရွက်နေသည့် မော်တော်ယာဉ်များ အနေဖြင့် အမှန်တကယ်  လူနာတင်ယာဉ်အဖြစ်သတ်မှတ်၍  ရမရ ဆိုသည် စိစစ်လျက်ရှိကြောင်း၊ အဆိုပါ အရေးပေါ်လူနာတင် ယာဉ်များ ကို  common Control Center ကနေထိန်းချုပ်ရန်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။ 

“အရေးပေါ်လူနာတင်ယာဉ် မှာ လိုက်ပါမယ့်လူတွေ နဲ့ ပတ်သက်ပြီးတော့  ကျန်းမာရေးဝန်ကြီးဌာန ကနေ အရေးပေါ် အသက်ကယ်တဲ့ သတင်တန်းတွေ ပေးနေပါပြီ’’ ဟု ဦးသော်တာအောင်က ပြောသည်။ရန်ကုန်တိုင်းဒေသကြီးရှိ   အရေးပေါ် လူနာတင်ယာဉ်များ  စာရင်းကောက်ယူ ရာတွင် ယာဉ်အစီးရေ ၃၈၀ ကျော်ရှိပြီး မှတ်ပုံတင်ထားသည့် ပရဟိတ အသင်းအဖွဲ့ ၁၆၀ ကျော်ရှိကြောင်း၊ အရေးပေါ် လူနာတင်ယာဉ်စနစ်သည်  နိုင်ငံတကာ၌ ဆောင်ရွက်နေသည့် စနစ်တစ်ခုဖြစ်ပြီး မြန်မာနိုင်ငံ၌ ပထမဆုံး ဆောင်ရွက်ခြင်းဖြစ်ကြောင်း ဆိုသည်။ လက်ရှိတွင် အရေးပေါ် လူနာတင်ယာဉ်စနစ် ပေါ်ပေါက်လာရေးအတွက် ဦးစီးကော်မတီ ဖွဲ့စည်းထားပြီး  ယင်းဦးစီးကော်မတီတွင် နာယကအဖြစ်  ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ်က တာဝန်ယူ၍ဥက္ကဋ္ဌအဖြစ် ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင် လူမှုရေး ဝန်ကြီးက တာဝန် ယူထားကြောင်း သိရသည်။  (Xinhua) 


Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117