Connect with us

Asia

အိန္ဒိယနိုင်ငံ ဒေလီမြို့တော်၌ လူအုပ်စုအကြား ပဋိပက္ခကြောင့် သေဆုံးသူ ၄၆ ဦးထိရှိလာ

အိန္ဒိယနိုင်ငံ၌ အငြင်းပွားဖွယ် နိုင်ငံသားဥပဒေနှင့်ပတ်သက်၍ ပဋိပက္ခအတွင်း ငိုကြွေးနေသော အမျိုးသမီးများအားတွေ့ရစဉ်(ဆင်ဟွာ)

နယူးဒေလီ ၊ မတ် ၂ ရက်(ဆင်ဟွာ)

အိန္ဒိယနိုင်ငံ မြို့တော်နယူးဒေလီ၌ ၄ ရက်ကြာဖြစ်ပွားခဲ့သော လူအုပ်စုအကြား ပဋိပက္ခများအတွင်း မတ် ၁ ရက်နေ့အထိ သေဆုံးသူ ၄၆ ဦးထိ မြင့်တက်သွားပြီဖြစ်ကြောင်း တာဝန်ရှိသူများက ဆိုသည်။ 

“ မြို့တော် အရှေ့မြောက်ဘက်အခြမ်းမှာ ဖြစ်ပွားနေတဲ့ ပဋိပက္ခအတွင်း ဒီနေ့မှာ နောက်ထပ် အလောင်းသုံးလောင်း ရှာတွေ့ခဲ့ပါတယ်”ဟု ရဲအရာရှိတစ်ဦးက ဆိုသည်။ “ အလောင်းတစ်လောင်းကိုတော့ Gokalpuri မှာရှိတဲ့ တူးမြောင်းတစ်ခုထဲက ရှာတွေ့တာဖြစ်ပြီး ကျန်နှစ်လောင်းကိုတော့ Bhagirathi Vihar တူးမြောင်းထဲကနေ ရှာတွေ့ခဲ့တာပါ” ဟု ၎င်းကဆိုသည်။အစိုးရအရာရှိများ၏ ပြောကြားချက်အရ လက်ရှိအချိန်ထိ သေဆုံးသူ ၄၆ ဦးရှိသွားပြီဖြစ်ကြောင်း နှင့် မြို့တော်အတွင်း ပဋိပက္ခများကြောင့် ဒဏ်ရာရသူဦးရေမှာလည်း ၃၅၀ဦး ထိရှိသွားဖြစ်ကြောင်း သိရသည်။

အခြေအနေကို ထိန်းချုပ်နိုင်ပြီဖြစ်ကြောင်း ရဲတပ်ဖွဲ့တာဝန်ရှိသူများက မတ် ၁ ရက်တွင် ပြောကြားခဲ့သော်လည်း အခင်းဖြစ်နေရာများတွင် ရဲတပ်ဖွဲ့ဝင်များ နှင့် ပြည်သူ့စစ်တပ်ဖွဲ့ဝင်များစွာကို လုံခြုံရေးအရ ဆက်လက် ချထားဆဲဖြစ်ကြောင်း သိရသည်။မြို့တော် အရှေ့မြောက်ဘက်အခြမ်းတွင် ဖြစ်ပွားသော ပဋိပက္ခများအတွင်း လူအုပ်ကြီးက ကျောင်းဆောင်များကို မီးရှို့ဖျက်ဆီးခြင်းအပါအဝင် ကားများကို ဖျက်ဆီးခြင်း နှင့် ဈေးဆိုင်များကို ဖျက်ဆီးခြင်းများ ပြုလုပ်ခဲ့သည်။

အိန္ဒိယနိုင်ငံ၌ အငြင်းပွားဖွယ် နိုင်ငံသားဥပဒေနှင့်ပတ်သက်၍ ပဋိပက္ခအတွင်း အပျက်အစီးအချို့အားတွေ့ရစဉ်(ဆင်ဟွာ)

လူများစွာ အထူးသဖြင့် မွတ်စလင်များသည် အချင်းဖြစ်နေရာရှိ ၎င်းတို့၏ နေအိမ်များကို စွန့်ခွာထွက်ပြေးခဲ့ကြကြောင်း နှင့် အစိုးရက စီစဉ်ထားပေးသည့် ယာယီခိုလှုံရေးနေရာများတွင် သွားရောက် ခိုလှုံနေကြကြောင်း သိရသည်။ရဲတပ်ဖွဲ့အနေဖြင့် အချင်းဖြစ်ကိစ္စရပ်အားစုံစမ်းဖော်ထုတ်ရန်အတွက် အထူးစုံစမ်းစစ်ဆေးရေးအဖွဲ့(SITs) နှစ်ဖွဲ့ကို ဖွဲ့စည်းထားခဲ့ပြီးဖြစ်ကြောင်း နှင့် ပဋိပက္ခနှင့်ဆက်နွယ်၍ လူရာပေါင်းများစွာကို ဖမ်းဆီးထိန်းသိမ်းထားကြောင်း တာဝန်ရှိသူများက ဆိုသည်။

အဆိုပါ ပဋိက္ခများသည် နိုင်ငံသားဖြစ်ခွင့် ပြင်ဆင်မှု ဉပဒေ (CAA) အပေါ်ထောက်ခံသူများ နှင့် ကန့်ကွက်သူများအကြား ထိပ်တိုက်ဖြစ်ပွားနေကြခြင်းဖြစ်သည်။ အငြင်းပွားဖွယ်နိုင်ငံသားဖြစ်ခွင့်ဥပဒေသစ်အပေါ် ကန့်ကွက်ဆန္ဒပြမှုများသည် ၂၀၁၉ ခုနှစ် ဒီဇင်ဘာ ၁၁ ရက်တွင် အိန္ဒိယအထက်လွှတ်တော်က ယင်းဥပဒေကြမ်းအား အတည်ပြုလိုက်ကတည်းက စတင်ပေါ်ပေါက်ခဲ့ခြင်းဖြစ်သည်။

အဆိုပါ ဉပဒေသည် ဘင်္ဂလားဒေ့ရှ် ၊ အာဖဂန်နစ္စတန် နှင့် ပါကစ္စတန် စသည့်နိုင်ငံများမှ ဟိန္ဒူ ၊ ဆစ် ၊ ဗုဒ္ဓ ၊ ဂျိန်း ၊ ပါစီ နှင့် ခရစ်ယာန် စသည့် ဘာသာ ၆ ခုမှ တရားမဝင်ရွှေ့ပြောင်းနေထိုင်သူများအား နိုင်ငံသားဖြစ်ခွင့် ပေးရန်ရည်ရွယ်ကြောင်း ၊ သို့သော်လည်း ယင်းဥပဒေအရ မွတ်စလင်ရွှေ့ပြောင်းနေထိုင်သူများ နိုင်ငံသားဖြစ်ခွင့် အကြုံဝင်မည်မဟုတ်ကြောင်း သိရသည်။လက်ရှိအချိန်ထိ ယင်းဥပဒေအပေါ် ကန့်ကွက်ဆန္ဒပြမှုများအတွင်း အိန္ဒိယနိုင်ငံတစ်ဝန်းလုံး၌ သေဆုံးသူ ၇၀ ကျော်ရှိသွားပြီဖြစ်ကြောင်း သိရသည်။(Xinhua)


Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117