Connect with us

Local

ဒေါ်လာဈေး ဆက်လက်ကျဆင်း၊ တစ်ဒေါ်လာ ၁၃၂၅ ကျပ် အထိ ရောက်ရှိ 

ဒေါ်လာ နှင့် မြန်မာကျပ်ငွေအားတွေ့ရစဉ် (ဆင်ဟွာ)

ရန်ကုန်၊ မတ် ၁၀ ရက် (ဆင်ဟွာ) 

အမေရိကန်ဒေါ်လာဈေးသည် နေ့စဉ် ဆက်တိုက်ကျဆင်းလျက်ရှိပြီး မတ် ၄ ရက်တွင် တစ်ဒေါ်လာ ၁၄၀၅ ကျပ် ရှိခဲ့ရာမှ မတ် ၁၀ ရက်တွင် ၁၃၂၅ ကျပ်အထိ ၆  ရက် အတွင်း ၈၀ကျပ် အထိ ဆက်တိုက်ကျဆင်းခဲ့ကြောင်း ယခုပေါက်ဈေးသည် အနိမ့်ဆုံးဈေးဖြစ်ကြောင်း၊ လက်ရှိငွေဈေးနှုန်းအခြေအနေ သည် ခန့်မှန်းရခက်ကြောင်း ကမ္ဘောဇဘဏ် ၏ အကြီးတန်းအကြံပေးဦးသန်းလွင် က ဆင်ဟွာသို့ ယနေ့ မတ် ၁၀ ရက်တွင်ပြောကြားခဲ့သည်။

ဦးသန်းလွင်က “ကမ္ဘာမှာလည်း အမေရိကန်ဒေါ်လာကျတယ်။ ကမ္ဘာမှာလည်း စီးပွားရေးက ကျဆင်းနေတယ်။ ခရီးသွားတွေလည်း နည်းနေတယ်။ ဒေါ်လာ အသုံးချမှု အပိုင်းကလျော့လာတော့ ဒေါ်လာဈေးက ဝယ်လိုအားနည်းလာတော့ ကျတာပေါ့။ ဒေါ်လာဈေးကျပြီး ကျပ်ငွေ ပြန်တက်လာသလိုဖြစ်လာတယ်။ ဝယ်လိုအားကျလို့ ဈေးကျတာ။ လက်ရှိငွေဈေးက အကျဆုံးအခြေအနေရောက်နေပြီ’’ ဟုပြောသည်။

မြန်မာနိုင်ငံတော်ဗဟိုဘဏ် ၏ ထုတ်ပြန်ချက်အားတွေ့ရစဉ် (ဓာတ်ပုံ- မြန်မာနိုင်ငံတော်ဗဟိုဘဏ်) 

ဒေါ်လာဝယ်ရောင်းလုပ်သည့် ဘဏ်များ တွင် ဒေါ်လာဝယ်ဈေး နှင့် ရောင်းဈေးအား ၃၀  ကျပ်လောက်အထိ ဈေးခွါ ၍ အရောင်းအဝယ်လုပ်လျက်ရှိကြောင်း သိရသည်။ Northern Breeze ငွေလဲစင်တာတွင် မတ် ၁၀ရက်တွင် ဒေါ်လာ ပြန်လည်ဝယ်ယူသည့်အခါ ၁၂၈၀ကျပ် နှင့်ဝယ်ယူပြီး၊ ပြန်ရောင်းသည့် အခါ ၁၃၂၅ ကျပ်နှင့် ပြန်ရောင်းကြောင်း ထုတ်ပြန်ထားသည်။ 

ပို့ကုန်လုပ်ငန်းရှင်တစ်ဦးက “ပို့ကုန် အနေနဲ့ ကတော့ ရှုံးတာပေါ့။ ကျွန်တော်တို့က အိတ်စပို့ ကို အမေရိကန်ဒေါ်လာ  ၁၄၀၀ ကျော် လောက် နဲ့ တွက်ပြီးလုပ်ထားတာဆိုတော့ အခုဒေါ်လာဈေးက ၁၃၀၀ ကျော်ဆိုတော့၁၀၀ လောက် ရှုံးနေတာပေါ့’’ ဟုပြောသည်။ 

ဈေးကွက်ထဲတွင် မြန်မာနိုင်ငံတော်ဗဟိုဘဏ် မှ ဒေါ်လာဝယ်ယူမှုများ ပြုလုပ်လျက်ရှိကြောင်း သိရသည်။ 

ဒေါ်လာ ဝယ်ရောင်းတစ်ဦးဖြစ်သူ ဦးစန်းဝင်းက “ဗဟိုဘဏ်က တော့ ဒေါ်လာဝယ်လိုအားကျဆင်းနေလို့ လိုက်ဝယ်ပေးနေတာတွေ ရှိတယ်’’ ဟုပြောသည်။ 

မြန်မာနိုင်ငံတော်ဗဟိုဘဏ်သည်ဒုတိယအကြိမ် နိုင်ငံခြားငွေဈေးပြိုင်လေလံအဖြစ် မတ်လ ၁၀ ရက်တွင် အမေရိကန်ဒေါ်လာ ၆,၀၀၀,၀၀၀ ဝယ်ယူခဲ့ကြောင်း၊ လေလံအတွက် ပျမ်းမျှငွေလဲလှယ်နှုန်းမှာ ၁၃၃၉.၁ ကျပ်ဖြစ်ကြောင်း မြန်မာနိုင်ငံတော်ဗဟိုဘဏ်မှ ယနေ့ သတင်းထုတ်ပြန်ခဲ့သည်။  (Xinhua) 


Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117