Connect with us

Politics, Law & Military

တည်ဆဲ ဥပဒေများကို ဖောက်ဖျက်ခြင်းကြောင့်အာရှရန်ကုန်ဘဏ်လီမိတက်၏  ဘဏ်လုပ်ငန်းလုပ်ကိုင်ခွင့် လိုင်စင် ရုပ်သိမ်း

အာရှရန်ကုန်ဘဏ်လီမိတက်၏ ဘဏ်လုပ်ငန်းလုပ်ကိုင်ခွင့် လိုင်စင် ရုပ်သိမ်းသော ကြေညာချက်အားတွေ့ရစဉ်(MOi)

ရန်ကုန်၊ မတ် ၁၇ ရက် (ဆင်ဟွာ)

အာရှရန်ကုန်ဘဏ်လီမိတက်သည် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၏ တည်ဆဲ ဥပဒေများကို ဖောက်ဖျက်ခြင်းကြောင့် ဘဏ်လုပ်ငန်းလုပ်ကိုင်ခွင့် လိုင်စင်ကို ၂၀၂၀ ပြည့်နှစ် မတ်လ ၁၆ ရက်နေ့ ညနေပိုင်းမှစ၍ ရုပ်သိမ်းလိုက်ကြောင်း မြန်မာနိုင်ငံဗဟိုဘဏ်က ထုတ်ပြန်သော သတင်းအရ သိရသည်။

မြန်မာနိုင်ငံတော် ဗဟိုဘဏ်မှ အာရှရန်ကုန်ဘဏ်လီမိတက်အား အုပ်ချုပ်သူခန့်ထား၍ စီမံအုပ်ချုပ်မည်ဖြစ်ပြီး   ဘဏ်နှင့်    ဆက်သွယ်ဆောင်ရွက်သူများအနေဖြင့် သက်ဆိုင်ရာမြို့များရှိ အာရှရန်ကုန်ဘဏ်လီမိတက်၏ ဘဏ်ခွဲများ၌ ပုံမှန်ရုံးချိန်အတွင်း   ငွေထုတ်ယူလိုပါက  ထုတ်ယူနိုင်ရန်  စီစဉ်ထားရှိကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

မြန်မာနိုင်ငံတော်ဗဟိုဘဏ်သည် မြန်မာနိုင်ငံတော်ဗဟိုဘဏ်ဥပဒေပုဒ်မ  ၄၀၊ ပုဒ်မခွဲ (စ)ပါ ငွေရေးကြေးရေးစနစ် တည်ငြိမ်ခိုင်မာမှုကို ထိန်းသိမ်းနိုင်ရန် ကြီးကြပ်ထိန်းကျောင်းခြင်း လုပ်ငန်းတာဝန်အရ ယင်းဥပဒေပုဒ်မ ၆၈ ပါ ပြဋ္ဌာန်းချက်နှင့်အညီ ငွေရေးကြေးရေးအဖွဲ့အစည်း များအား လိုင်စင်ထုတ်ပေးခြင်း၊   ငြင်းပယ်ခြင်းနှင့်   ရုပ်သိမ်းခြင်း၊  လုပ်ငန်းခိုင်မာကောင်းမွန် စေရန် ကြီးကြပ်စစ်ဆေးခြင်း၊  ကြပ်မတ်ကွပ်ကဲခြင်းတို့ကို ဆောင်ရွက်လျက်ရှိကြောင်းသိရသည်။(Xinhua)

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117