Connect with us

Politics, Law & Military

မြန်မာနိုင်ငံတစ်ဝှမ်း၌ ၂နှစ်အတွင်း မူးယစ်ဆေးဝါး ၁၀၂၆ မှုအမှုဖွင့်အရေးယူနိုင်ဟု နိုင်ငံတော်သမ္မတရုံးထုတ်ပြန်

ဖမ်းဆီးရမိသော မူးယစ်ဆေးဝါးများမီးရှို့ဖျက်ဆီးပွဲအခမ်းအနားမြင်ကွင်းအားတွေ့ရစဉ် (ဆင်ဟွာ)

နေပြည်တော် ၊ မတ် ၁၇ ရက်(ဆင်ဟွာ)

မူးယစ်ဆေးဝါးအထူးသတင်းတိုင်ကြားရေးဌာန စတင်ဖွင့်လှစ်ဆောင်ရွက်ခဲ့သည့် ၂၀၁၈ ခုနှစ် ဇွန် ၂၆ ရက်မှ ၂၀၂၀ ပြည့်နှစ် မတ် ၁၄ ရက်ထိ မြန်မာနိုင်ငံတစ်ဝှမ်းမှ မူးယစ်ဆေးဝါးအမူပေါင်း ၁၀၂၆ မှုအား အမှုဖွင့်အရေးယူထားနိုင်ကြောင်း နိုင်ငံတော်သမ္မတရုံးက မတ်လ ၁၆ရက်တွင် ထုတ်ပြန်သော သတင်းအရ သိရသည်။အဆိုပါ အမှု ၁၀၂၆မှုတွင် တရားခံ အမျိုးသား ၁၃၂၀ဦးနှင့် အမျိုးသမီး ၂၅၈ ဦး စုစုပေါင်းတရားခံ ၁၅၇၈ ဦး ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။

ယင်းဖမ်းဆီးရမိသော မူးယစ်ဆေးဝါးအမျိုးအစားများသည် ဘိန်းဖြူ  ၇၆၇၉.၁၉၁၄ ဂရမ်၊ICE၁၃၄၇.၄၂ ဂရမ်၊ဘိန်း ၄၀၄၀၄.၃၃၈၈၆ဂရမ်၊အဆင့်နိမ့် ဘိန်း ၆၆၁.၂၇ဂရမ်၊ဘိန်းစာမှုန့် ၅၃၂၅၂.  ၇၆ ဂရမ်၊ဘိန်းစာရွက် ၁၂၀၉၇.၃၂ ဂရမ်၊ဘိန်းစာရည် ၂.၅လီတာ၊စိတ်ကြွဆေးပြား ၅၀၉၁၀၈ ပြား၊ ဆေးခြောက် ၁၀၃၁၁.၆၇ ဂရမ်၊ဘိန်းရည် ဝ.၁ လီတာ၊ဘိန်းဆီခဲ ၅၂၀.၂၈ ဂရမ်၊ ဘိန်းစေ့ ၆၀ ဂရမ်၊စိတ်ကြွဆေးပြားအကြေမှုန့် ၅၅.၄၅ ဂရမ်စသည့်တို့အပြင် လက်နက်၊ ကျည်များ သိမ်းဆည်းရမိခဲ့ကြောင်း သတင်းထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။နိုင်ငံတော်သမ္မတရုံး၏ မူးယစ်ဆေးဝါးအထူးသတင်းတိုင်းကြားရေးဌာနသို့ တိုင်တန်းမှုများအားလည်း ဆက်လက်ဖော်ထုတ် ဖမ်းဆီးအရေးယူမူကို အရှိန်အဟုန်မြှင့်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။(Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.