Connect with us

MYANMAR

ပြည်ထောင်စုလွှတ်တော်က COVID-19 ကာကွယ် ထိန်းချုပ် ကုသရေး အမျိုးသားအဆင့် (ဗဟို) ကော်မတီသို့ကျပ် ၁၂၈ သိန်းကျော် ပေးလှူ

ပုံစာပြည်ထောင်စု လွှတ်တော် နာယက ဦးတီခွန်မြတ် ကြွရောက်လာစဉ် (ဆင်ဟွာ)

နေပြည်တော်၊ မတ် ၁၉ ရက် (ဆင်ဟွာ)

ပြည်ထောင်စု လွှတ်တော်က COVID-19 ကာကွယ် ထိန်းချုပ် ကုသရေး အမျိုးသားအဆင့် (ဗဟို) ကော်မတီသို့ ငွေကျပ် ၁၂၈ သိန်း၊ ရှစ်သောင်း (ကျပ် ၁၂, ၈၈၀, ၀၀၀) ပေးလှူခြင်း အခမ်းအနားကို ပြည်ထောင်စု လွှတ်တော် နာယက နားနေ ဆောင်၌ ယနေ့နံနက်ပိုင်းတွင် ကျင်းပခဲ့သည်။

“COVID-19 ကာကွယ် ထိန်းချုပ် ကုသရေး အမျိုးသားအဆင့် (ဗဟို) ကော်မတီသို့ ပြည်သူ့ လွှတ် တော် ကိုယ်စားလှယ် ၄၂၉ ဦးရဲ့ နေ့တွက် စားရိတ် တစ်ရက်စာ လှူဒါန်းငွေ ကျပ် ၈၅ သိန်း၊ ရှစ် သောင်း၊ အမျိုးသား လွှတ်တော် ကိုယ်စားလှယ် ၂၁၅ ဦးတို့၏ နေ့တွက်စားရိတ် တစ်ရက်စာ လှူဒါန်း ငွေ ကျပ် ၄၃ သိန်း ၊ စုစုပေါင်း ကျပ် ၁၂၈ သိန်း ရှစ်သောင်းတို့ကို ပြည်သူ့ လွှတ်တော် ဥက္ကဋ္ဌ၊ အမျိုး သား လွှတ်တော် ဥက္ကဋ္ဌနဲ့ သက်ဆိုင်ရာ အစုအဖွဲ့ကိုယ်စားလှယ်တို့က ဗဟိုကော် မတီသို့ ယနေ့ နံနက်ပိုင်းတွင် ပေးအပ်လှူဒါန်းပြီး ဖြစ်ကြောင်း အသိပေးအပ်ပါတယ်” ဟု ပြည်ထောင်စု လွှတ်တော် နာယကက ဦးတီခွန်မြတ်က ယနေ့ လွှတ်တော် အစည်းအဝေး အစတွင် ပြောကြားခဲ့သည်။

အဆိုပါ ငွေပေးအပ်ခြင်း အခမ်းအနားသို့ လွှတ်တော် ဥက္ကဋ္ဌ၊ ဒုတိယ ဥက္ကဋ္ဌများနှင့် သက်ဆိုင်ရာ အစု အဖွဲ့ ကိုယ်စားလှယ်များ၊ COVID-19 ကာကွယ် ထိန်းချုပ် ကုသရေး အမျိုးသားအဆင့် (ဗဟို) ကော်မတီ အတွင်းရေးမှူး(၁) နှင့် (၂) တို့ ဖြစ်ကြသည့် အပြည်ပြည်ဆိုင်ရာ ပူးပေါင်း ဆောင်ရွက်ရေး ဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး ဦးကျော်တင် နှင့် ကျန်းမာရေးနှင့် အားကစား ဝန်ကြီးဌာန ပြည် ထောင်စု ဝန်ကြီး ဒေါက်တာ မြင့်ထွေး တို့တက်ရောက်ခဲ့ကြပြီး ပြည်သူ့ လွှတ်တော်၏ ပေးလှူငွေ ကို ဒေါက်တာ မြင့်ထွေးကလည်းကောင်း၊ အမျိုးသား လွှတ်တော်၏ ပေးလှူငွေကို ဦးကျော်တင်က လည်းကောင်း အသီးသီး လက်ခံ ရယူခဲ့ကြကြောင်း သိရသည်။(Xinhua)


Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117