Connect with us

North America

အမေရိကန်နိုင်ငံသမ္မတ အိုဘားမား သည် အီရန်နိုင်ငံ အပေါ် ချမှတ်ထားသည့် နျူကလီးယားဆိုင်ရာ ပိတ်ဆို့မှုများအား လျှော့ချပေး

အမေရိကန်နိုင်ငံ နိုင်ငံခြားရေးဝန်ကြီး ဂျွန်ကယ်ရီ အား Viennaမြို့ရှိ သတင်းစာရှင်းလင်းပွဲ တစ်ခု ၌တွေ့ရစဉ်(ဆင်ဟွာ)

ဝါရှင်တန်၊ဇန်နဝါရီလ ၁၇ရက် (ဆင်ဟွာ)

အမေရိကန်သမ္မတ ဘားရတ်အိုဘားမား သည် အီရန်နိုင်ငံ အပေါ် ၎င်း၏ နျူကလီးယား စီမံကိန်း နှင့် ပတ်သက်၍ ပိတ်ဆို့မှု များအား လျှော့ချပေးသည့် အမိန့်စာတမ်းကို ဇန်နဝါရီလ ၁၆ရက်နေ့က လက်မှတ်ရေးထိုးခဲ့ကြောင်း အိမ်ဖြူတော် ကပြောကြားခဲ့သည်။

လွန်ခဲ့သည့် နွေရာသီတွင် ပြုလုပ်ခဲ့သော နျူကလီးယားဆိုင်ရာ စာချုပ် အပေါ် အီရန်နိုင်ငံ ၏ လိုက်နာ ဆောင်ရွက်မှု အား နိုင်ငံတကာ အနုမြူစွမ်းအင်ဆိုင်ရာ အေဂျင်စီ (IAEA) က အတည်ပြုပြီးနောက် အိုဘားမား၏ ဆုံးဖြတ်ချက် ထွက်ပေါ်လာကြောင်း သိရသည်။

အမေရိကန်နိုင်ငံ နိုင်ငံခြားရေးဝန်ကြီး ဂျွန်ကယ်ရီ က ယင်းသို့ ဖြေလျှော့ပေးမှုအား ဖြောင့်မတ်သည့် သံတမန် ရေးရာ ဆောင်ရွက်ချက် တစ်ခုအဖြစ် ကြိုဆိုပါကြောင်း နှင့် စစ်ရေးဖြင့် ဖြေရှင်းခြင်းထက် သံတမန်နည်းဖြင့် ဖြေရှင်းခြင်းအား ဦးစားပေး ဆောင်ရွက်ကြောင်း ကို သက်သေပြနိုင်ခဲ့ကြောင်း Vienna မြို့၌ ပြောကြားခဲ့သည်။

အီရန်နိုင်ငံ သည် အမေရိကန်နိုင်ငံနှင့် အကျဉ်းသားလဲလှယ်ရေး အစီအစဉ် တစ်ရပ်အနေဖြင့် ဝါရှင်တန်ပို့စ် သတင်းထောက် Jason Rezaian အပါအဝင် အမေရိကန်လူမျိုး လေးဦးအား လွှတ်ပေးပြီး မကြာမီ နျူကလီးယားဆိုင်ရာ ပိတ်ဆို့မှုများအား လျှော့ချ ပေးသည့် ကြေညာချက် ထွက်ရှိလာခြင်း ဖြစ်ကြောင်း သိရသည်။ (Xinhua)

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117