VIDEO
တရုတ်ဆေးပညာရှင် အဖွဲ့ က မန္တလေး သို့ သွားရောက် ပြီး ကပ်ရောဂါ တိုက်ဖျက်ရေး အတွေ့အကြုံများ အား မျှဝေ
မန္တလေး၊ ဧပြီ ၁၅ ရက် (ဆင်ဟွာ)
မြန်မာနိုင်ငံ၌ COVID-19 တိုက်ဖျက်ရာတွင် ဝိုင်းဝန်းကူညီရန် ဧပြီ ၈ ရက်နေ့တွင် ရောက်ရှိခဲ့သည့် တရုတ်နိုင်ငံမှ ဆေးပညာရှင်အဖွဲ့သည် ဧပြီ ၁၄ ရက်တွင် မန္တလေး တိုင်း ဒေသကြီးအတွင်း ရှိ COVID-19 သီးသန့်ခွဲခြား စောင့်ကြည့်နေရာများ အား လက်တွေ့ သွားရောက် လေ့လာပြီး ကပ်ရောဂါ တိုက်ဖျက်ရေး အတွေ့အကြုံများ အား မျှဝေပေးခဲ့ကြောင်းသိရသည်။
ထို့အပြင် တရုတ်နိုင်ငံမှ ဆေးပညာရှင်အဖွဲ့သည် မန္တလေးမြို့ရှိ တိုင်းရင်းဆေးတက္ကသိုလ်၊ မန္တလေးကျန်းမာရေးဦးစီးဋ္ဌာန၊ မန္တလေး အထွေထွေရောဂါကုဆေးရုံနှင့် ပြည်သူ့ကျန်းမာရေးဓါတ်ခွဲခန်းတို့ကို လည်း သွားရောက်လေ့လာ ခဲ့ကြောင်း သိရသည်။ တရုတ်ဆေးဘက်ဆိုင်ရာ ကျွမ်းကျင် ပညာရှင်အဖွဲ့သည် မြန်မာနိုင်ငံ၏ ကပ်ရောဂါအခြေအနေပေါ်မူတည်ပြီး မြန်မာနိုင်ငံမှာ နှစ်ပတ်ကြာခန့် နေမည်ဟု ခန့်မှန်းထားကြောင်း သိရသည်။ (Xinhua)