Connect with us

VIDEO

တရုတ်နိုင်ငံမှ တောင်ကိုရီးယားနိုင်ငံ သို့ ဆေးရုံတစ်ရုံတင်ပို့ပေးခဲ့

ဟူနန်၊ ဧပြီ ၁၅ ရက် (ဆင်ဟွာ)

တရုတ်နိုင်ငံ ဟူနန်ပြည်နယ်ရှိ စက်ရုံတစ်ရုံသည် သီးခြားထားရှိဆေးကုမှုေပးသည့် negative-pressure စနစ် လူနာဆောင် ၁၅ ခုကိုထုတ်လုပ်ခဲ့သည်။ အဆိုပါ လူနာဆောင်များကို ဟူနန်ပြည်နယ်၌ ရက်ပေါင်း ၂၀ ခန့် အချိန်ယူကာ တည်ဆောက်ခဲ့ရကြောင်းသိရသည်။ ၎င်းတို့အား တောင်ကိုရီးယားနိုင်ငံသို့ပို့ဆောင်ကာ ဆေးရုံအဖြစ် တပ်ဆင် အသုံးပြုသွားမည်ဖြစ်သည်။ တောင်ကိုရီးယားနိုင်ငံသို့ သင်္ဘောဖြင့် မတင်ပို့မီ ၃၅ နာရီ အလိုတွင် စက်ရုံလုပ်သားများက နောက်ဆုံးအဆင့် ပြင်ဆင် စစ်ဆေးခဲ့ကြသည်။

ဆေးရုံတွင် တပ်ဆင်ရန် လိုအပ်သည့် နံရံများ၊ တံခါးပေါက်များ၊ ပြတင်းပေါက်များနှင့် ရေမီး စနစ် စသည့် အထောက်အပံ့များ ကို ဟူနန်ပြည်နယ်ရှိ စက်ရုံ၌ပင် တပ်ဆင်ပေးခဲ့ပြီး စက်ရုံတွင် တပါတည်း မတပ်ဆင်နိုင်သည်များကို ထုပ်ပိုးကာ ပို့ဆောင်ပေးလိုက်မည်ဟုသိရသည်။ မန်နေဂျာများက ရေချိုးခန်းနှင့် အိမ်သာအတွက်အစိတ်အပိုင်းများ ထုတ်လုပ်ခြင်းက အခက်ခဲဆုံးအပိုင်းဖြစ်ကြောင်းဆိုသည်။ ထိုအခန်းများအတွက် ပစ္စည်းများအားလုံး ကို ရေစိုခံနိုင်သည့် ပစ္စည်းများဖြစ်အောင်အထူးစီမံထုတ်လုပ်ထားပြီး negative-pressure စနစ်ကိုလည်းထည့်သွင်းပေးထားကြောင်း သိရသည်။ သီးသန့်ခန်းများကို အလွန်အမင်းလေထုညစ်ညမ်းသည့်နေရာ၊ လေထုညစ်ညမ်းသည့် နေရာ၊ တစ်စိတ်တစ်ပိုင်းလေထုညစ်ညမ်းသည့်နေရာ၊ တစ်စိတ်တစ်ပိုင်းသန့်စင်သည့် နေရာနှင့် သန့်စင်သည့်နေရာဟူ၍ ခွဲခြားထားသည်။ ထို့ပြင် သန့်စင်ထားသော လတ်ဆတ်သည့်လေထုကို အခန်းအတွင်းသို့ ပို့ဆောင်နိုင်သည့် စနစ်ကိုအသုံးပြုတည်ဆောက်ထားသည်။ ထိုသို့တည်ဆောက် ထားသောကြောင့် ဆေးဘက်ဆိုင်ရာဝန်ထမ်းများထံသို့ရောဂါပိုးအလွယ်တကူ ဝင်ရောက်ခြင်းမရှိစေရန် ကာကွယ်ထားခြင်းလည်းဖြစ်သည်။ သီးသန့်အခန်းများနှင့် ဆေးရုံသုံးပစ္စည်းများအားလုံးကို သင်္ဘောဖြင့် တင်ပို့ရာတွင် ရာသီဥတုဒဏ်ခံနိုင်ရည်ရှိစေရန် စနစ်တကျထုပ်ပိုးထားကြောင်းသိရသည်။ ပို့ဆောင်ရာတွင် တရုတ်နိုင်ငံမှ Broad Sustainable Building Co. နှင့် တောင်ကိုရီးယားနိုင်ငံ ဆိုးလ် အမျိုးသားဆေးဘက်ဆိုင်ရာ တက္ကသိုလ်ကောလိပ်  တို့ သဘောတူစာချုပ်ချုပ်ဆိုကာ ပို့ဆောင်ခြင်းဖြစ်သည်။ တရုတ်နိုင်ငံ ထုတ် သီးခြားထားရှိဆေးကုမှု‌ေပးသည့်လူနာဆောင် များကိုတောင်ကိုရီးယားနိုင်ငံ မြောင်ယောင်မြို့တွင် တပ်ဆင်အသုံးပြုခဲ့ပြီးဖြစ်ကြောင်းသိရသည်။  (Xinhua)

 

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.