Connect with us

MYANMAR

COVID-19 ရောဂါ ဓာတ်ခွဲအတည်ပြုလူနာ ၁၀၇ ဦးထိ ရှိလာ

ရန်ကုန်မြို့၌ နှာခေါင်းစည်း အကာအကွယ်များ တပ်ဆင် သွားလာသူ တစ်ဦးအား တွေ့ရစဉ်(ဆင်ဟွာ)

ရန်ကုန် ၊ ဧပြီ ၁၉ ရက်(ဆင်ဟွာ)

မြန်မာနိုင်ငံ၌ COVID-19 ရောဂါပိုး ဓာတ်ခွဲစစ်ဆေးမှုများအရ ဓာတ်ခွဲအတည်ပြုလူနာ  ၉ဦးထပ်မံတိုးလာသဖြင့် ရောဂါပိုးရှိသူ ၁၀၇ ဦးထိ ရှိလာကြောင်း ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနက ယနေ့ ဧပြီ ၁၉ ရက် နံနက် ၇ နာရီ၌  သတင်းထုတ်ပြန်ခဲ့သည်။

အမျိုးသားကျန်းမာရေးဓာတ်ခွဲမှုဆိုင်ရာဌာန (ရန်ကုန်) ၏ ဧပြီ ၁၈  ရက်နေ့၊ (တတိယအသုတ်) စစ်ဆေးခဲ့သော ဓာတ်ခွဲနမူနာ (၈၇) ခုအနက် (၉) ဦးတွင် COVID-19 ရောဂါပိုး တွေ့ရှိ (တွေ့ရှိ) ပြီး ကျန် (၇၈) ဦးတွင် COVID-19 ရောဂါပိုးမတွေ့ရှိ (မတွေ့ရှိ)ကြောင်း သိရသည်။

အဆိုပါ လူနာသစ် (၉) ဦးသည် ရန်ကုန်တိုင်းဒေသကြီး ဒေါပုံမြို့နယ်တွင် ၂ဦး၊ ဒဂုံမြို့သစ်မြောက်ပိုင်းတွင် ၂ ဦး၊ တောင်ဥက္ကလာပတွင် ၁ဦး၊ လမ်းမတော်တွင် ၁ဦး၊ ကမာရွတ်တွင် ၁ဦး၊ အင်းစိန် ၁ဦးနှင့် ဗိုလ်တထောင်တွင် ၁ဦး တို့ထံမှ ရောဂါပိုးတွေ့ရှိခဲ့ကြောင်း 

ယင်း ပိုးတွေ့ရှိသူများကို သက်ဆိုင်ရာဆေးရုံများသို့ လွှဲပြောင်း၍ သီးခြားထားရှိကုသမှု ပေးသွားမည်ဖြစ်ကြောင်း သတင်းထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။ဧပြီ ၁၈ ရက်၌ COVID-19 ရောဂါအတွက် (ပထမအသုတ် + ဒုတိယအသုတ် + တတိယအသုတ်) ဓာတ်ခွဲစစ်ဆေးမှုတွင် တွေ့ရှိခဲ့သော လူနာသစ် စုစုပေါင်း (၁၃) ဦးရှိကြောင်း၊ကျန် (၂၅၉) ဦးတွင် ရောဂါပိုးမတွေ့ရှိကြောင်း သိရသည်။(Xinhua)