Connect with us

NPC

တရုတ်နိုင်ငံ ဥပဒေပြုကိုယ်စားလှယ်များက ဟောင်ကောင်ဆိုင်ရာ အမျိုးသားလုံခြုံရေး ဥပဒေပြဌာန်းချက် ဆုံးဖြတ်ချက်မှုကြမ်းအပေါ် အလေးအနက်ထား

တရုတ်ပြည်သူ့နိုင်ငံရေးဆွေးနွေးညှိနှိုင်းမှု ညီလာခံ(CPPCC)၏ ၁၃ ကြိမ်မြောက် အမျိုးသားကော်မတီ တတိယ အစည်းအဝေးကျင်းပနေမှုအား မေ ၂၇ ရက်က တွေ့ရစဉ်(ဆင်ဟွာ)

ပေကျင်း ၊ မေ ၂၈ ရက်(ဆင်ဟွာ) 

တရုတ်နိုင်ငံ ဥပဒေပြု ကိုယ်စားလှယ်များက ဟောင်ကောင်အတွက် အမျိုးသားလုံခြုံရေး ဥပဒေပြဌာန်းချက် ဆုံးဖြတ်ချက်မူကြမ်းတစ်ခုအပေါ် တရုတ်နိုင်ငံဥပဒေပြုကိုယ်စားလှယ်များက အလေးအနက်ထား သဘောတူညီခဲ့ကြပြီး ယင်းဥပဒေကြမ်းသည် နိုင်ငံ၏ အချုပ်အခြာအာဏာ ၊ လုံခြုံရေး နှင့် ဖွံ့ဖြိုးတိုးတက်ရေး အကျိုးစီးပွားများ အပြင် ဟောင်ကောင်၏ ရေရှည်ကြွယ်ဝမှု နှင့် တည်ငြိမ်မှုကို ကာကွယ်ပေးနိုင်မည့် အဓိက အရွှေ့တစ်ခု ဖြစ်ကြောင်း သိရသည်။ 

၁၃ ကြိမ်မြောက် NPC ၏ တတိယ အကြိမ်မြောက် အစည်းအဝေးအတွင်း အမျိုးသားလုံခြုံရေးကို ထိန်းသိမ်းစောင့်ရှောက်ရန် ဟောင်ကောင်အထူးအုပ်ချုပ်ခွင့်ရဒေသ(HKSAR)အတွက် တရားဉပဒေစိုးမိုးရေးစနစ် နှင့် တရားဥပဒေစိုးမိုးရေးယန္တရားများ အဆင့်မြှင့်တင်ရန် နှင့် တည်ဆောက်သွားရန်အပေါ် အမျိုးသားပြည်သူ့ကွန်ဂရက်(NPC)၏ ဆုံးဖြတ်ချက်မူကြမ်းအား အလေးအနက်ထား ဆေးနွေးလျက်ရှိကြောင်း သိရသည်။

တရုတ်နိုင်ငံ ဟောင်ကောင် အထူးအုပ်ချုပ်ခွင့်ရ ဒေသခံများက အမျိုးသားလုံခြုံရေးဥပဒေအား ထောက်ခံကြောင်း ပြသနေသည်ကို မေ ၂၄ ရက်က တွေ့စဉ်(ဆင်ဟွာ)

ဥပဒေပြုကိုယ်စားလှယ်များက ဆုံးဖြတ်ချက်မူကြမ်း အပေါ် တရုတ်ပြည်သူများ၏ ဆုံးဖြတ်ချက် နှင့် ပြဌာန်းခွင့်မှတဆင့် ၎င်းတို့၏ အလေးအနက်ထားခြင်းများ နှင့် ဆန္ဒမဲပေးခြင်းကို ထုတ်ဖော်ပြသရန် သန္နိဌာန်ချခဲ့ကြသည်။

တရုတ် သိပ္ပံ နှင့် နည်းပညာဆိုင်ရာ အသင်း၏ ဒုတိယ အကြီးအကဲ Meng Qinghai က ယင်းကဲ့သို့သော စနစ်တစ်ခု နှင့် တရားဥပဒေစိုးမိုးရေး ယန္တရားများ တည်ဆောက်ရန် နှင့် တိုးတက်ကောင်းမွန်အောင် ဆောင်ရွက်ရန် အလွန် အရေးကြီးကြောင်း ပြောကြားခဲ့သည်။ 

NPC စိုက်ပျိုးရေး နှင့် ကျေးလက်ရေးရာ ကော်မတီ ဒုတိယ ဥက္ကဋ္ဌ Long Zhuangwei က အဆိုပါ ဆုံးဖြတ်ချက်သည် NPC အမြဲတမ်းကော်မတီ၏ ဥပဒေပြုရေးအခွင့်အာဏာအရ ဆောင်ရွက်ခြင်း ဖြစ်ပြီး အမျိုးသားလုံခြုံရေး နှင့် ပတ်သက်သော ဟောင်ကောင်၏ ဥပဒေရေးရာ ဟာကွက်များကို ဖြည့်ဆည်းပေးရန်ရည်ရွယ်ကြောင်း ပြောကြားခဲ့သည်။ 

တရုတ်သိပ္ပံ အကယ်ဒမီဥက္ကဋ္ဌ Bai Chunli က ဥပဒေပြုရေးဆောင်ရွက်မှုသည် တရုတ်နိုင်ငံ၏ ဖွဲ့စည်းပုံ အခြေခံ ဥပဒေ နှင့် HKSAR အခြေခံ ဥပဒေ နှင့် ကိုက်ညီပြီး အလုံးစုံ ကျိုးကြောင်းဆီလျော်ကာ တရားဝင်ကြောင်း ၊ တစ်နိုင်ငံ စနစ် နှစ်ခုအတွက် တရားဥပဒေစိုးမိုးရေး ၊ လူမှုရေး နှင့် နိုင်ငံရေး အုတ်မြစ်များကို ခိုင်မာအောင် ကူညီလိမ့်မည် ဖြစ်ကြောင်း ပြောကြားခဲ့သည်။ 

“ဒါက တရုတ်ပြည်သူအားလုံးရဲ့ ထောက်ခံမှုနဲ့ သေချာပေါက် အောင်မြင်မှာပါ။”ဟု ၎င်းက ပြောကြားခဲ့သည်။ 

ဆန်းတုန်းပြည်နယ် ပြည်သူ့ကွန်ဂရက် အမြဲတမ်းကော်မတီ ဒုတိယ ဥက္ကဋ္ဌ Yu Xiaoming က  ဟောင်ကောင်(HKSAR) ၏ ဖွဲ့စည်းပုံ အခြေခံဥပဒေ ထိန်းသိမ်းစောင့်ရှောက်မှု လုပ်ဆောင်ချက်သည် တရုတ်နိုင်ငံ၏ ဖွဲ့စည်းပုံ အခြေခံ ဥပဒေ နှင့် ဟောင်ကောင် အခြေခံ ဥပဒေအရ လုပ်ဆောင်ခြင်းဖြစ်ကြောင်း ပြောကြားခဲ့သည်။

ကျဲကျန်းပြည်နယ် ပြည်သူ့ ရှေ့နေချုပ်ရုံး ရှေ့နေချုပ် Jia Yu က အမျိုးသား လုံခြုံရေး ခိုင်မာတောင့်တင်းစေရန် ပြုမူလုပ်ဆောင်ခြင်းသည် ဟောင်ကောင်၏ သာယာဝပြောရေး နှင့် တည်ငြိမ်ရေး အတွက် ခိုင်မာသော အခြေခံအုတ်မြစ်တစ်ခု ချပေးခြင်းဖြစ်ကြောင်း ပြောကြားခဲ့သည်။

ဟောင်ကောင်မှ NPC ကိုယ်စားလှယ်တစ်ဦးဖြစ်သူ Cally Kwong Mei-wan က ဆုံးဖြတ်ချက် ဥပဒေကြမ်းအား ပြဌာန်းပြီးနောက်တွင်လည်း ဟောင်ကောင်သည် အစောပိုင်း ရက်စွဲတစ်ခုတွင်ပါရှိသည့် ဟောင်ကောင်အခြေခံ ဥပဒေ(HKSAR) ပုဒ်မ ၁၃ အရ အမျိုးသား လုံခြုံရေး ဥပဒေ ပြဌာန်းချက် လုပ်ဆောင်ရေး မဖြစ်မနေလိုအပ်ချက်မှာ ပြီးပြည့်စုံစေရန် ဆက်လက်လုပ်ဆောင်သွားရမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။

Cally Kwong Mei-wan က ဟောင်ကောင်သို့ ပြန်လည် ရောက်ရှိပြီးနောက် ၎င်းအနေဖြင့်  ဆုံးဖြတ်ချက်နှင့်ပတ်သက်၍ ဥပဒေပြဌာန်းချက် ရည်ရွယ်ချက်ကို ဟောင်ကောင် ပြည်သူများသိရှိရန် တက်ကြွစွာ ဖြန့်ဝေပေးသွားမည်ဖြစ်ကြောင်း နှင့် အမျိုးသားလုံခြုံရေး နှင့် ဖွံ့ဖြိုးတိုးတက်ရေး အကျိုးစီးပွားများကို ထိန်းသိမ်းရန် မည်သည့်ကြိုးပမ်းအားထုတ်မှုမှ ချန်လှပ်ထားမည်မဟုတ်ကြောင်း ပြောကြားခဲ့သည်။

NPC ကြီးကြပ်စောင့်ကြည့်ရေး နှင့် တရားစီရင်ရေး ကော်မတီ ဒုတိယ ဥက္ကဋ္ဌ Han Xiaowu က ဆုံးဖြတ်ချက်ကို သဘောတူ လက်ခံပြီးနောက်တွင် အမျိုးသား လုံခြုံရေး ဥပဒေပြဌာန်းချက်ကို အမြန်ဆုံး ဆက်လက်အကောင်အထည်ဖော်သွားရန် အဆိုပြုခဲ့ကြောင်း သိရသည်။ (Xinhua)


Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117