Connect with us

NPC

တရုတ်နိုင်ငံ ဥပဒေပြုနှစ်ပတ်လည်အစည်းအဝေး၏ ဦးဆောင်အဖွဲ့ တတိယအကြိမ်မြောက် အစည်းအဝေး ပြုလုပ်

၁၃ ကြိမ်မြောက် အမျိုးသားပြည်သူ့ကွန်ဂရက် တတိယမြောက် အစည်းအဝေး ဦးဆောင်အဖွဲ့၏ တတိယအကြိမ် အစည်းအဝေးတွင် ဦးဆောင်အဖွဲ့ ဥက္ကဋ္ဌ လီကျန်ဆူးက သဘာပတိအဖြစ်ဆောင်ရွက်နေစဉ် (ဆင်ဟွာ)

ပေကျင်း၊ မေ ၂၈ ရက် (ဆင်ဟွာ)

၁၃ ကြိမ်မြောက် အမျိုးသားပြည်သူ့ကွန်ဂရက် (NPC) တတိယမြောက် အစည်းအဝေး၏ ဦးဆောင်အဖွဲ့သည် တတိယအကြိမ်အစည်းအဝေးကို မေ ၂၇ ရက်တွင် ပြုလုပ်ခဲ့ကြောင်း သိရသည်။

အဆိုပါ အစည်းအဝေး၌ တရားမကျင့်ထုံးဥပဒေမူကြမ်းနှင့် ဟောင်ကောင် အထူးအုပ်ချုပ်ခွင့်ရဒေသအား အမျိုးသားလုံခြုံရေး ထိန်းသိမ်းရန်အတွက် ဥပဒေစနစ်နှင့် ဥပဒေစိုးမိုးရေးဆောင်ရွက်မှုယန္တရားများ တည်ဆောက်မှုနှင့် တိုးတက်မှုဆိုင်ရာ NPC ၏ ဆုံးဖြတ်ချက်မူကြမ်း နောက်ဆုံးအဆိုပြုချက်မူများအပါအဝင် သဘောတူညီချက်များစွာကို ဥပဒေပြုသူများထံ တင်ပြဆွေးနွေးရန် ဆုံးဖြတ်ခဲ့ကြသည်။ 

၁၃ ကြိမ်မြောက် အမျိုးသားပြည်သူ့ကွန်ဂရက် တတိယမြောက် အစည်းအဝေး ဦးဆောင်အဖွဲ့၏  တတိယအကြိမ် အစည်းအဝေးတွင် ဦးဆောင်အဖွဲ့ ဥက္ကဋ္ဌ လီကျန်ဆူးက သဘာပတိအဖြစ်ဆောင်ရွက်နေစဉ် (ဆင်ဟွာ) 

ယခုနှစ် အစည်းအဝေးသို့ ဥပဒေပြုသူများက တင်ပြခဲ့သော အဆိုပြုချက်များဆွေးနွေးခြင်းဆိုင်ရာ အစီရင်ခံစာတစ်စောင်ကို အစည်းအဝေး၌ သဘောတူလက်ခံခဲ့ကြောင်း သိရသည်။

ဦးဆောင်အဖွဲ့၏ အမှုဆောင်ဥက္ကဋ္ဌဖြစ်သော လီကျန်ဆူးက အစည်းအဝေးသဘာပတိအဖြစ် ဆောင်ရွက်ခဲ့သည်။ 

သဘောတူညီချက်ကို ပြင်ဆင်မှုပြုလုပ်ရန် အစည်းအဝေးမတိုင်မီ ဦးဆောင်အဖွဲ့၏ အမှုဆောင် ဥက္ကဋ္ဌများ တွေ့ဆုံခဲ့ကြကြောင်း သိရသည်။  (Xinhua) 

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117