Connect with us

International Organizations

အမေရိကန်အနေဖြင့် လူမျိုးရေးခွဲခြားဆက်ဆံမှု အဆုံးသတ်စေရန် ဖွဲ့စည်းပုံပြုပြင်ပြောင်းလဲဖို့ ကုလသမဂ္ဂ တိုက်တွန်း 

အာဖရိကနွယ်ဖွား လူမည်းအမျိုးသားသေဆုံးရခြင်းကြောင့် အမေရိကန်နိုင်ငံ နယူးယောက်မြို့တွင် ဆန့်ကျင်ဆန္ဒပြမှုများ ဖြစ်ပွားနေသည်ကို ဇွန် ၁၃ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

 ဂျီနီဗာ၊ ဇွန် ၁၆ ရက်(ဆင်ဟွာ)

အာဖရိကနွယ်ဖွား လူမည်းအမျိုးသား ဂျော့ဂျ်ဖလွိုက်(George Floyd) ဝမ်းနည်းကြေကွဲဖွယ် သေဆုံးရခြင်းနှင့် နှစ်ပေါင်းများစွာ အမေရိကန်နိုင်ငံ၌ဖြစ်ပွားလျက်ရှိသော အာဖရိကနွယ်ဖွား အမေရိကန်နိုင်ငံသားများကို ဦးတည်သည့် အကြမ်းဖက်မှုများအား အထူးအလေးထား အာရုံစိုက်လျက်ရှိကြောင်း ၊ အမေရိကန်နိုင်ငံအနေဖြင့် သက်ဆိုင်ရာ နိုင်ငံတကာ စည်းမျဉ်းစည်းကမ်းများကို လေးစားလိုက်နာကာ လူမျိုးရေးခွဲခြားဆက်ဆံမှုအဆုံးသတ်နိုင်ရန် ဖွဲ့စည်းပုံပြုပြင်ပြောင်းလဲမှုများ ချက်ချင်းလုပ်ဆောင်ရန် တိုက်တွန်းကြောင်း  ကုလသမဂ္ဂ လူမျိုးရေးခွဲခြားဆက်ဆံမှုပပျောက်ရေး ကော်မတီက ဇွန် ၁၅ ရက်တွင် ကြေညာချက်ထုတ်ပြန်ခဲ့သည်။

အဆိုပါကြေညာချက်တွင် အမေရိကန်အစိုးရအနေဖြင့် ၁၉၉၄ ခုနှစ်တွင် ရရှိထားသော လူမျိုးရေးခွဲခြားဆက်ဆံမှု အလုံးစုံပပျောက်ရေး အပြည်ပြည်ဆိုင်ရာ သဘောတူညီစာချုပ် (ICERD)ကို အပြည့်အဝ လေးစားလိုက်နာသင့်ကြောင်းနှင့်  အဆိုပါ သဘောတူညီစာချုပ်ပါ သတ်မှတ်ချက်များကို တရားဥပဒေလက်ကိုင်ကျင့်သုံးသူများ သိရှိနားလည်စေရန် ပညာပေးလုပ်ငန်းများ၊လေ့ကျင့်ရေးသင်တန်းများပြုလုပ်သင့်ကြောင်း ၊ အမေရိကန်နိုင်ငံအနေဖြင့် ၎င်းနိုင်ငံအတွင်းရှိ လူမျိုးရေးခွဲခြားဆက်ဆံမှုစနစ်ကို အများသိအောင်ဝန်ခံသင့်သလို  လူမျိုးရေးခွဲခြားဆက်ဆံမှုကြောင့် ဖြစ်ပေါ်သည့် အာဖရိကနွယ်ဖွား အမေရိကန်နိုင်ငံသားနှင့်အခြားသော လူနည်းစု ပြည်ပနွယ်ဖွားများဒဏ်ရာရသေဆုံးမှုများကိုလည်း ခြွင်းချက်မရှိ ပြစ်တင်ရှုတ်ချရမည်ဖြစ်ကြောင်း ဖော်ပြခဲ့သည်။ 

အာဖရိကနွယ်ဖွား လူမည်းအမျိုးသားသေဆုံးရခြင်းကြောင့် အမေရိကန်နိုင်ငံ နယူးယောက်မြို့တွင် ဆန့်ကျင်ဆန္ဒပြမှုများ ဖြစ်ပွားနေသည်ကို  ဇွန် ၁၃ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

ကုလသမဂ္ဂ အာဖရိကနိုင်ငံများအဖွဲ့၏တောင်းဆိုချက်အရ ကုလသမဂ္ဂလူ့အခွင့်အရေးကောင်စီသည် ဇွန် ၁၇ ရက်တွင်အရေးပေါ်အစည်းအဝေးကျင်းပမည်ဖြစ်ရာ လူမျိုးရေးခွဲခြားဆက်ဆံမှု၊ ငြိမ်းချမ်းစွာဆန္ဒပြမှုများအား ရဲတပ်ဖွဲ့ဝင်များ၏အကြမ်းဖက်ဖိနှိပ်မှု စသည့် အရေးကိစ္စများကို ဆွေးနွေးသွားမည်ဖြစ်ကြောင်း သိရသည်။ 

အာဖရိကနွယ်ဖွား လူမည်းအမျိုးသားသေဆုံးရခြင်းကြောင့် အမေရိကန်နိုင်ငံ နယူးယောက်မြို့တွင် ဆန့်ကျင်ဆန္ဒပြမှုများ ဖြစ်ပွားနေသည်ကို  ဇွန် ၁၃ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

မေ ၂၅ ရက်က အမေရိကန်နိုင်ငံမီနီရ်ပိုလစ် မြို့တွင် အာဖရိကနွယ်ဖွား လူမည်းအမျိုးသား ဂျော့ဂျ်ဖလွိုက်(George Floyd)ကို  ရဲတပ်ဖွဲ့ဝင်များက ဖမ်းဆီးထိန်းသိမ်းစဉ် ဒူးနှင့်လည်ပင်းကို ဖိထားမှုကြောင့်  သေဆုံးမှုဖြစ်ပွားခဲ့သည်။ ယင်းကိစ္စအပေါ် မကျေနပ်သည့် ဆန့်ကျင်ဆန္ဒပြမှုဂရက်လှိုင်းသည် အမေရိကန်နိုင်ငံတစ်ဝန်းနှင့် အခြားနိုင်ငံများကိုပါ ရိုက်ခတ်ခဲ့ရာ    အချင်းဖြစ်ပွားမှုနှင့်ဆက်စပ်သည့် ရဲတပ်ဖွဲ့ဝင် ၄ ဦးအား တရားစွဲဆိုထားကြောင်း သိရသည်။ (Xinhua)