Connect with us

International Organizations

တရုတ်နိုင်ငံက အာဖဂန်နစ္စတန်နိုင်ငံရှိ အားလုံးပါဝင်သော ငြိမ်းချမ်းရေးလုပ်ငန်းစဉ်အား ထောက်ခံကြောင်း ပြောကြား

အာဖဂန်နစ္စတန်နိုင်ငံ ကဘူးလ်မြို့တွင် အာဖဂန် လုံခြုံရေးတပ်ဖွဲ့ဝင်တစ်ဦးအား တွေ့ရစဉ် (ဆင်ဟွာ)

ကုလသမဂ္ဂ၊ ဇွန် ၂၆ ရက် (ဆင်ဟွာ)

တရုတ်နိုင်ငံသည် အာဖဂန်နစ္စတန်နိုင်ငံတွင် အားလုံးပါဝင်သော ငြိမ်းချမ်းရေးလုပ်ငန်းစဉ်ကို ထောက်ခံကြောင်းနှင့် အာဖဂန်နိုင်ငံအတွင်း ဆွေးနွေးမှုများအတွက် ပလက်ဖောင်းတစ်ခု ထောက်ပံ့ပေးရန် အသင့်ရှိကြောင်း တရုတ်နိုင်ငံ သံတမန်က ဇွန် ၂၅ ရက်တွင် ပြောကြားခဲ့သည်။ 

အာဖဂန် အစိုးရနှင့် တာလီဘန်တို့သည် အကျဉ်းသားများ လွှတ်ပေးခြင်းဖြင့် အာဖဂန်အတွင်း ညှိနှိုင်းဆွေးနွေးမှုများ စတင်ရန်အတွက် ပြင်ဆင်လျက်ရှိသည်။ တရုတ်နိုင်ငံက ၎င်းဆောင်ရွက်ချက်အပေါ်  ကြိုဆိုကြောင်းနှင့် နိုင်ငံ၏ အနာဂတ် နိုင်ငံရေးဗိသုကာအတွက် အာဖဂန်အတွင်း ဆွေးနွေးမှု အစီအစဉ်များ သဘောတူညီချက် ရရှိစေရန် ပါဝင်သောအုပ်စုများအားလုံးကို တိုက်တွန်းကြောင်း  ကုလသမဂ္ဂဆိုင်ရာ တရုတ်နိုင်ငံ အမြဲတမ်းကိုယ်စားလှယ် ကျန်းကျွင်းက ပြောခဲ့သည်။ 

တရုတ်နိုင်ငံသည် အာဖဂန်နိုင်ငံအတွင်း ဆွေးနွေးပွဲလုပ်ငန်းစဉ် တိုးတက်မှုရှိစေရန် အခြားသော မိတ်ဖက်များ အထူးသဖြင့် ဒေသတွင်းရှိ နိုင်ငံများနှင့် နီးကပ်သောဆက်ဆံရေးကို ထိန်းသိမ်းလျက်ရှိသည်။ 

တရုတ်နိုင်ငံအနေဖြင့် အာဖဂန်နိုင်ငံအတွင်း ဆွေးနွေးမှုများအတွက် ပလက်ဖောင်းတစ်ခု ထောက်ပံ့ပေးရန် အသင့်ရှိပါကြောင်းနှင့် ရှန်ဟိုင်း ပူးပေါင်းဆောင်ရွက်မှုအဖွဲ့ နှင့် တရုတ်-အာဖဂန်နစ္စတန်-ပါကစ္စတန် ဆွေးနွေးမှု အပါအဝင် နည်းလမ်းများစွာမှတစ်ဆင့် အခြားသူများနှင့် ဆက်လက်ပူးပေါင်းဆောင်ရွက်သွားမည်ဖြစ်ကြောင်း ၎င်းသံတမန်က ကုလသမဂ္ဂ လုံခြုံရေးကောင်စီသို့ ပြောကြားခဲ့သည်။ 

တရုတ်နိုင်ငံသည် အာဖဂန်နစ္စတန်နိုင်ငံ၏ အမျိုးသားစည်းလုံးညီညွတ်မှု နှင့် နိုင်ငံရေးတည်ငြိမ်မှုကို ထိန်းသိမ်းရန် ကြိုးပမ်းအားထုတ်မှုများတွင်လည်း အာဖဂန်နိုင်ငံအား တတ်နိုင်သမျှထောက်ခံလျက်ရှိကြောင်းနှင့် အမျိုးသား အကျိုးစီးပွားကို ပထမနေရာတွင်ထား၍ စည်းလုံးညီညွတ်မှု ခိုင်မာစေရန် အာဖဂန်နစ္စတန်ရှိ အဖွဲ့များအားလုံးကို တိုက်တွန်းကြောင်း ကျန်းက ဆိုသည်။ 

ထို့ပြင် ပြီးခဲ့သည့်လက ရရှိခဲ့သည့် အာဖဂန်နိုင်ငံ သမ္မတ အာဆတ်ဂါနီနှင့် ၎င်း၏နိုင်ငံရေး ပြိုင်ဖက်ဖြစ်သူ အဗ္ဗဒူလာ အဗ္ဗဒူလာတို့ကြား နိုင်ငံရေးသဘောတူညီချက်ကိုလည်း တရုတ်နိုင်ငံက ကြိုဆိုကြောင်း၊ အစိုးရလုပ်ငန်းတာဝန်များလည်း ဆောလျင်စွာ ပုံမှန်ပြန်ဖြစ်နိုင်မည်ဟု မျှော်လင့်ကြောင်း ၎င်းက ပြောခဲ့သည်။ 

“အခွင့်အရေးကို ဖမ်းဆုပ်ကာ မတူညီမှုများကို ဖြည့်ဆည်းညှိနှိုင်းဖို့၊ အမျိုးသား ရင်ကြားစေ့ရေးနှင့် ပြန်လည်တည်ဆောက်ရေး မြေပြင်သစ်ကို ဆောလျင်စွာ စတင်ဖို့ အာဖဂန်နစ္စတန်ရှိ နိုင်ငံရေးအင်အားစုများကို တရုတ်နိုင်ငံက တိုက်တွန်းအားပေးပါတယ်” ဟု ကျန်းက ပြောကြားခဲ့သည်။  (Xinhua) 


Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117