Connect with us

WORLD

လာမည့်နှစ်ဆန်းပိုင်းတွင် COVID-19 ကာကွယ်ဆေး ထုတ်လုပ်ရန် အင်ဒိုနီးရှားနိုင်ငံက တရုတ်ကုမ္ပဏီနှင့် ပူးပေါင်းဆောင်ရွက်မည်

တရုတ်နိုင်ငံ ပေကျင်းမြို့ရှိ Sinovac Biotech Ltd တွင် ဝန်ထမ်းတစ်ဦးက COVID-19 inactivated ကာကွယ်ဆေးအား မတ်လအတွင်း ပြသနေစဉ်(ဆင်ဟွာ)

ဂျကာတာ ၊ ဇူလိုင် ၁၄ ရက်(ဆင်ဟွာ) 

အင်ဒိုနီးရှားနိုင်ငံ သမ္မတ ဂျိုကိုဝီဒိုဒို(Joko Widodo) က နိုင်ငံသည် လာမည့်နှစ်ဆန်းပိုင်းတွင် တရုတ်ကုမ္ပဏီ ဖြစ်သည့် Sinovac Biotech Ltd နှင့် ပူးပေါင်း၍ COVID-19 ကာကွယ်ဆေး ထုတ်လုပ်ခြင်းကို စတင်နိုင်လိမ့်မည် ဖြစ်ကြောင်း ဇူလိုင် ၁၃ ရက်တွင် ပြောကြားခဲ့သည်။ 

သမ္မတ ဂျိုကိုဝီဒိုဒိုက ကာကွယ်ဆေးပမာဏ သန်း ၁၇၀ ကျော်ကို လာမည့်နှစ်တွင် ထုတ်လုပ်သွားမည် ဖြစ်သော်လည်း ယင်းသည် နိုင်ငံက လိုအပ်နေသည့် ၃၄၇ သန်း ပမာဏကို မပြည့်မီသေးကြောင်း ပြောကြားခဲ့သည်။ ၎င်းက “ကျွန်တော်တို့ Sinovac နဲ့ ပူးပေါင်းပြီးတော့ ထုတ်လုပ်မှုကို လာမည့်နှစ် ဇန်နဝါရီကနေ ဧပြီအတွင်း စနိုင်မယ်လို့ ခန့်မှန်းထားပါတယ်”ဟု သမ္မတအိမ်တော်၌ ပြောကြားခဲ့သည်။

အင်ဒိုနီးရှား နိုင်ငံ၌ ကျန်းမာရေး ဝန်ထမ်းများက မေလအတွင်း COVID-19 စစ်ဆေးမှုများ ပြုလုပ်နေသည်ကို တွေ့ရစဉ်(ဆင်ဟွာ) 

ဆေးဘက်ဆိုင်ရာ ဝန်ထမ်းများ ၊ COVID-19 ကူးစက်လွယ် လူအုပ်စုများ နှင့် အန္တရာယ်မြင့်မားသော ဒေသများ သို့မဟုတ် အနီရောင်ဇုန်များ၌ နေထိုင်သူများကို ရောဂါကာကွယ်ဆေး ဦးစားပေးထိုးပေးသွားမည်ဖြစ်ကြောင်း  ၎င်းက ပြောကြားခဲ့သည်။ အင်ဒိုနီးရှား နိုင်ငံပိုင် PT Bio Farma ကုမ္ပဏီသည် Sinovac Biotech ကုမ္ပဏီနှင့် ပူးပေါင်း၍ ဇူလိုင်လကတည်းက COVID-19 ကာကွယ်ဆေးအတွက် လက်တွေ့စမ်းသပ်မှုများ လုပ်ဆောင်ခဲ့ကြောင်း သမ္မတ ဂျိုကိုဝီ၏ ပြောကြားချက်အရ သိရသည်။ 

ထို့ပြင် အင်ဒိုနီးရှား နိုင်ငံပိုင် PT Kalbe Farma ကုမ္ပဏီသည် တောင်ကိုရီးယား Genexine Inc. ကုမ္ပဏီ နှင့်အတူ ကာကွယ်ဆေး လက်တွေ့စမ်းသပ်မှုများကိုလည်း ဆောင်ရွက်ခဲ့ကြောင်း ၎င်းက ပြောကြားခဲ့သည်။ အင်ဒိုနီးရှားနိုင်ငံ၌ နေရာဒေသများစွာတွင် ဗိုင်းရပ်စ်ကူးစက်မှု လျော့ကျသွားခဲ့သော်လည်း နေ့စဉ် ကူးစက်ခံမှုအသစ်မှာ ၁,၀၀၀ ကျော် ရှိနေဆဲ ဖြစ်ကြောင်း သိရသည်။

အင်ဒိုနီးရှား နိုင်ငံ ကျန်းမာရေး ဝန်ကြီးဌာန၏ ထုတ်ပြန်ချက်အရ ဇူလိုင် ၁၃ ရက်တွင် လူနာသစ် ၁,၂၈၂ ဦး ထပ်မံ တွေ့ရှိခဲ့ကြောင်း ၊ ယခုအခါ စုစုပေါင်း အတည်ပြုလူနာ ၇၆,၉၈၁ ဦးထိ ရှိလာခဲ့ပြီး သေဆုံးသူ ၃,၆၅၆ ဦး ရှိခဲ့ကြောင်း သိရသည်။ (Xinhua)


Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117