Connect with us

Local

မြန်မာ့ရွှေဈေး တစ်ကျပ်သား ကျပ် ၁,၃၀၉,၀၀၀ အထိ ၂၀၂၀ ပြည့်နှစ် တွင် စံချိန်သစ်တင်မြင့်တက်ခဲ့

ရွှေဆိုင်တစ်ခုတွင် ရွှေဝယ်ယူနေသူအားတွေ့ရစဉ် (ဆင်ဟွာ)

 

ရန်ကုန်၊ သြဂုတ် ၄ ရက် (ဆင်ဟွာ) 

မြန်မာ့ရွှေဈေးသည် တစ်ကျပ်သားလျှင် ကျပ် ၁,၃၀၉,၀၀၀ အထိ ၂၀၂၀ ပြည့်နှစ် တွင် စံချိန်သစ်တင်မြင့်တက်ခဲ့ ကြောင်း မြန်မာနိုင်ငံရွှေလုပ်ငန်းရှင်များအသင်းမှ ဒုတိယဥက္ကဋ္ဌ ဦးအောင်ဆန်းဝင်းက ဆင်ဟွာသို့ သြဂုတ် ၄ ရက်တွင် ပြောကြားခဲ့သည်။

ကမ္ဘာ့ရွှေဈေး သည် ဇူလိုင် လ မှ စ၍ ဆက်တိုက်မြင့်တက်လျက်ရှိပြီးသြဂုတ် ၁ရက်တွင် ကမ္ဘာ့ရွှေဈေး တစ်အောင်စ ၁,၉၅၂ ဒေါ်လာရှိပြီး၊ မြန်မာ့ရွှေဈေးသည် တစ်ကျပ်သားလျှင် ၁,၂၉၀,၀၀၀ ပေါက်ဈေးရှိခဲ့ကြောင်း၊ ၄ ရက်အတွင်း မြန်မာ့ရွှေဈေးသည်တစ်ကျပ်သားလျှင် ကျပ် ၁၀,၀၀၀ထိ ဈေးတက်ခဲ့ကြောင်း သိရသည်။

ဦးအောင်ဆန်းဝင်းက  “ကမ္ဘာ့ရွှေဈေးက ၁၃ နှစ်အတွင်း အမြင့်ဆုံးတက်သွားတယ်။ ဒါကြောင့် မြန်မာ့ရွှေဈေးလည်း လိုက်တက်တာပါ။ မြန်မာ့ရွှေဈေးရော၊ ကမ္ဘာ့ရွှေဈေးရော အခုဈေးနှုန်း တွေ က ၁၃ နှစ်အတွင်း အမြင့်ဆုံးဈေး နှုန်းတွေပါ’’ ဟုရှင်းပြခဲ့သည်။

မြန်မာ့ရွှေဈေးကွက်တွင် တစ်ကျပ်သားလျှင် ကျပ် ၁,၂၀၀,၀၀၀ တန်းဖြင့်ဝယ်ယူထားသူများ အနေဖြင့် ယခု အချိန် တွင် ပြန်လည်ရောင်းချသူများကြောင်း၊ COVID-19 ရောဂါကာအတွင်း ရွှေဈေး ကွက်တွင် အဝယ်ထက် ရွှေပြန်ရောင်း သူပိုမိုများလျက်ရှိကြောင်း သိရသည်။

ရန်ကုန်မြို့၊ ၂၉ လမ်းအောက်ဘလောက်ရှိ ကောင်းစံရွှေဆိုင်ပိုင်ရှင် ဦးမျိုးကျော်ကျော်က “ ရွှေဈေးက ဆက်တိုက်တက်နေတယ်။ အဓိကက ကမ္ဘာမှာလည်း ဒေါ်လာဈေးကျပြီး ရွှေဝယ်ယူမှုများတယ်။ ဒါကြောင့် ကမ္ဘာ့ရွှေဈေးက ဆက်တိုက်တက်နေတာ။ ကမ္ဘာ့ရွှေဈေးတက်လို့ မြန်မာ့ရွှေဈေးလည်းလိုက်တက်တာပါ။ မြန်မာ့ရွှေဈေးအတက်အကျ က ကမ္ဘာ့ရွှေဈေးပေါ်မှာပဲ မူတည်ပါတယ်။’’ ဟု ဆိုသည်။ယနေ့သြဂုတ် ၄ ရက်၊ မွန်းလွဲပိုင်းအထိ ကမ္ဘာ့ရွှေဈေး တစ်အောင်စ ၁,၉၈၀ ဒေါ်လာ နှင့် မြန်မာ့ရွှေဈေး တစ်ကျပ်သား ကျပ် ၁,၃၀၉၀,၀၀၀ ပေါက်ဈေး အသီးသီးရှိခဲ့ကြောင်း သိရသည်။  (Xinhua) 

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.