Connect with us

WORLD

တိရစ္ဆာန်မှ လူသို့ ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခဲ့မှုသည် ဝူဟန့်မြို့မှဟု သေချာပေါက်မဆိုနိုင်ကြောင်း WHO ကျွမ်းကျင်သူပြော

ကမ္ဘာ့ကျန်းမာရေးအဖွဲ့၊ အရေးပေါ်ကျန်းမာရေးအစီအစဉ်၏ အမှုဆောင်ဒါရိုက်တာ ဒေါက်တာ မိုက်ကယ်ရိုင်း (ဝဲ) အား တွေ့ရစဉ် (ဆင်ဟွာ)

ဂျီနီဗာ၊ သြဂုတ် ၄ ရက် (ဆင်ဟွာ)

တရုတ်နိုင်ငံ ဝူဟန့်မြို့တွင် ခြွင်းချက်အနေဖြင့် ပထမဆုံးအဆုတ်ရောင်ရောဂါအစုလိုက်ဖြစ်ပွားခဲ့သော်လည်း ယင်းမှာ COVID-19 ရောဂါသည် ဝူဟန့်မြို့၌ တိရစ္ဆာန်မှ လူသားသို့ကူးစက်ခဲ့ခြင်းဖြစ်သည်ဟု သေချာပေါက်ဆိုလို၍မရကြောင်း ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO) ကျွမ်းကျင်သူတစ်ဦးက သြဂုတ် ၃ ရက်တွင် ပြောကြားခဲ့သည်။

ရောဂါဖြစ်ပွားမှုများအကြား ချိတ်ဆက်မှုများကို အပြည့်အဝနားလည်သဘောပေါက်ရန် “ကပ်ရောဂါဆိုင်ရာ နောက်ကြောင်းပြန်ကျယ်ကျယ်ပြန့်ပြန့်လေ့လာမှု” ကို ပိုမိုလုပ်ဆောင်သွားမည်ဖြစ်ကြောင်း ဩဂုတ် ၃ ရက်က ပြုလုပ်ခဲ့သည့် COVID-19 ဆိုင်ရာ ပုံမှန်သတင်းစာရှင်းလင်းပွဲ၌ WHO အမှုဆောင်ညွှန်ကြားရေးမှူး ဒေါက်တာ မိုက်ကယ်ရိုင်း (Michael Ryan) က ပြောကြားခဲ့သည်။ 

တိရစ္ဆာန်ဘက်အခြမ်းကို လေ့လာမှုများမပြုမီ ရောဂါကူးစက်မှုသည် တိရစ္ဆာန်နှင့် လူသားများအကြား မျိုးစိတ်အတားအဆီးကို ကျော်ဖြတ်သွားကြောင်း ပထမဆုံး အချက်ပြမှုကို စနစ်တကျရှာဖွေရန် ပထမဆုံးသတင်းရရှိသည့် အစုလိုက်အပြုံလိုက် ရောဂါကူးစက်ခဲ့သည့်လူများအား လေ့လာမှုများစတင်ရန် လိုအပ်ကြောင်း ၎င်းက အလေးထားပြောခဲ့သည်။ 

COVID-19 ရောဂါသည်   တိရစ္ဆာန်မှ ကူးစက်သော အရင်းအမြစ်ကို လေ့လာဆန်းစစ်မှုဆိုင်ရာ နိုင်ငံတကာမစ်ရှင်အတွက် ပြင်ဆင်ရန် WHO အဆင့်မြင့်အဖွဲ့တစ်ခုသည် တရုတ်နိုင်ငံသို့ သွားရောက်ခဲ့ရာ မကြာသေးမီက တာဝန်များ ပြီးဆုံးခဲ့ကြောင်း အဆိုပါ WHO ကျွမ်းကျင်သူက ဆိုသည်။ ဝူဟန့်ပင်လယ်စာဈေးဝန်းကျင်၌ တရုတ်နိုင်ငံဘက်မှ ကျွမ်းကျင်သူများမှ ဆောင်ရွက်ခဲ့သည့် ကနဦးစုံစမ်းလေ့လာမှုများကိုလည်း နောက်ထပ် လေ့လာမှုများ ဆက်လက် လုပ်ဆောင်သွားမည် ဖြစ်သည်။ 

WHO အနေဖြင့် နိုင်ငံတကာအဖွဲ့နှင့် သဘောတူညီထားသည့်အတိုင်း ရှေ့ဆက်ဆောင်ရွက်သွားမည် ဖြစ်ပြီး မှန်ကန်သော ကျွမ်းကျင်မှုဖြင့် တရုတ်နိုင်ငံမှ ကျွမ်းကျင်ပညာရှင်များနှင့်အတူ နောက်ထပ်လေ့လာမှုများကို စီစဉ်ကာ အကောင်အထည်ဖော်သွားမည်ဟု ရိုင်းက မှတ်ချက်ပြုခဲ့သည်။  (Xinhua) 


Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117