Connect with us

International Organizations

နျူကလီးယားစစ်ပွဲက အောင်မြင်မည်မဟုတ် ၊ တိုက်ခိုက်၍လည်းမရနိုင်ဟု ကုလသမဂ္ဂအကြီးအကဲပြော

ကုလသမဂ္ဂအထွေထွေအတွင်းရေးမှူးချုပ် အန်တိုနီယိုဂူတာရက်စ်အားတွေ့ရစဉ်(ဆင်ဟွာ)

ကုလသမဂ္ဂ ၊ စက်တင်ဘာ ၂၇ ရက်(ဆင်ဟွာ)

ကမ္ဘာ့ကုလသမဂ္ဂ အထွေထွေအတွင်းရေးမှူးချုပ် အန်တိုနီယိုဂူတာရက်စ်က နျူကလီးယားစစ်ပွဲတစ်ခုသည် အောင်မြင်မှုရရှိမည်မဟုတ်ကြောင်း နှင့် တိုက်ခိုက်၍လည်း မရနိုင်ကြောင်း စက်တင်ဘာ ၂၆ ရက်တွင် ထုတ်ဖော် ပြောကြားခဲ့သည်။ 

“ နျူကလီးယားလက်နက်တွေကို သုံးမယ်ဆိုရင် နိုင်ငံအားလုံအပေါ် သက်ရောက်မှုတွေ ရှိလာလိမ့်မယ်။ အဓိပ္ပါယ်က ကမ္ဘာ့နိုင်ငံတွေအနေနဲ့ အဲဒီလို လူအမြောက်အများသေစေမယ့် နျူလက်နက်တွေကို နောက်တစ်ကြိမ် ထပ်အသုံးမပြုဖို့ မဖြစ်မနေတားဆီးသွားရမယ့် တာဝန်ရှိသလို အဲဒီလက်နက်တွေကို နိုင်ငံတွေရဲ့ စစ်လက်နက်အဖြစ်ကနေ အပြီးအပိုင် လုံးဝ ဖယ်ရှားသွားရမှာဖြစ်ပါတယ်” ဟု နိုင်ငံတကာ နျူကလီးယားလက်နက်ဖျက်သိမ်းရေးနေ့သို့ ပေးပို့သော ကုလသမဂ္ဂအထွေထွေအတွင်းရေးမှူးချုပ်၏ သဝဏ်လွှာထဲတွင် ဖော်ပြထားသည်။

နျူကလီးယားလက်နက်ပိုင်ဆိုင်ထားသောနိုင်ငံများအနေဖြင့် “ ယုံကြည်မှု နှင့် အမှန်တရားကို ပြန်လည်ရရှိအောင် စစ်မှန်ပြီး သဘောထားမှန်ကန်သော ဆွေးနွေးပွဲစကားဝိုင်းဆီသို့ ပြန်လာကြရန် ၊ နျူကလီးယားခြိမ်းခြောက်မှုအန္တရာယ်ကို လျှော့ချရန် နှင့် နျူကလီးယားလက်နက်ဖျက်သိမ်းရေးအတွက် မှန်ကန်သော ခြေလှမ်းများကို ထုတ်ဖော်ပြသရန်” ကုလသဂ္ဂအထွေထွေအတွင်းရေးမှူးချုပ်က တိုက်တွန်းပြောကြားခဲ့ပြီး “ သူတို့တွေအနေနဲ့ နျူကလီးယားစစ်ပွဲတစ်ခုဟာ အောင်မြင်မှု မရနိုင်သလို တိုက်ခိုက်လို့လည်းမရဘူးဆိုတာကို အပြန်အလှန် နားလည်သဘောပေါက်ကြောင်း ထုတ်ဖော်ပြသသင့်ပါတယ် ၊ သူတို့ပေးထားခဲ့ပြီးတဲ့ ကတိကဝတ်တွေလည်းကို အပြည့်အဝ အကောင်အထည်ဖော်ဖို့ ခြေလှမ်းတွေကို လုပ်ဆောင်သင့်ပါတယ် ” ဟု ၎င်းကဆိုသည်။

နယူးယောက်မြို့ တွင် ၂၀၁၃ ခုနှစ် စက်တင်ဘာ ၂၆ ရက်က ကျင်းပခဲ့သည့် ကုလသဂ္ဂအထွေထွေညီလာခံအဆင့်မြင့်ကိုယ်စားလှယ်များအစည်းအဝေး၏ နောက်ဆက်တွဲတစ်ခုဖြစ်သော ၆၈/၃၂ ဆုံးဖြတ်ချက်အား ၂၀၁၃ ခုနှစ် ဒီဇင်ဘာလတွင် ကျင်းပခဲ့သည့် ကုလသမဂ္ဂအထွေထွေညီလာခံ၏ နိုင်ငံတကာနေ့၌ ထုတ်ဖော်ကြေညာခဲ့သည်။ယင်းနေ့တွင် ကမ္ဘာလုံးဆိုင်ရာနျူကလီးယားလက်နက်ဖျက်သိမ်းရေးကို ဦးစားပေးအစီအစဉ်တစ်ခုအဖြစ်လုပ်ဆောင်ရန် ကမ္ဘာ့အသိုင်းအဝိုင်းအနေဖြင့် ကတိကဝတ်အား ထပ်လောင်းအတည်ပြုခြင်းဖြစ်သည်။ ယင်းအစီအစဉ်များထဲတွင် နျူလက်နက်ကဲ့သို့သော စစ်လက်နက်များအား ဖျက်သိမ်းခြင်းဖြင့် ယင်းတို့အတွက် လူမှုရေး နှင့် စီးပွားရေး ကုန်ကျစရိတ်များ သက်သာလာမည်ဖြစ်ကြောင်း နှင့် အမှန်တကယ်ရရှိမည့်အကျိုးကျေးဇူး ရလဒ်များအပေါ် ပြည်သူများ နှင့် ၎င်းတို့၏ ခေါင်းဆောင်များ သိရှိအောင် ပညာပေး လှုံ့ဆော်မှု တစ်ခု လုပ်ဆောင်ရန်ဖြစ်ကြောင်း သိရသည်။(Xinhua) 


Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117