Connect with us

Politics, Law & Military

တပ်မတော်အနေဖြင့် အကြမ်းဖက်အဖွဲ့အစည်းများရှိသည့်နေရာများမှအပ ကျန်နယ်မြေများတွင် စစ်ရေးဆိုင်ရာလှုပ်ရှားမှုများ တစ်လထပ်မံရပ်ဆိုင်း

၇၁နှစ်မြောက် တပ်မတော်နေ့ အခမ်းအနား၌ စစ်ကြောင်းများချီတက်နေစဉ် (ဆင်ဟွာ)

ရန်ကုန်၊ စက်တင်ဘာ ၂၉ ရက် (ဆင်ဟွာ)

တပ်မတော်အနေဖြင့် အကြမ်းဖက်အဖွဲ့အစည်းများရှိသည့်နေရာများမှအပ ကျန်နယ်မြေများတွင် စစ်ရေးဆိုင်ရာလှုပ်ရှားမှုများကို  အောက်တိုဘာ ၁ရက်မှ ၃၁ ရက်အထိ တစ်လထပ်မံရပ်ဆိုင်းမည်ဖြစ်ကြောင်း တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံးက ယနေ့(စက်တင်ဘာ ၂၉ ရက်) ညပိုင်းတွင် သတင်းထုတ်ပြန်ခဲ့သည်။

 COVID-19 ရောဂါကာကွယ်၊ ထိန်းချုပ်၊ ကုသရေးလုပ်ငန်းများကို အရှိန်အဟုန်မြှင့်ဆောင်ရွက်နိုင်ရေးနှင့် ထာဝရငြိမ်းချမ်းရေးဖော်ဆောင်ရာတွင် ထိရောက်အောင်မြင်စွာဆောင်ရွက်နိုင်ရေးတို့အတွက် တပ်မတော်အနေဖြင့် စစ်ရေးလှုပ်ရှားမှုများအား တစ်လ ထပ်တိုးရပ်ဆိုင်းခြင်းဖြစ်ကြောင်း ဖော်ပြထားသည်။

၇၁နှစ်မြောက် တပ်မတော်နေ့ အခမ်းအနား၌ စစ်ကြောင်းများချီတက်နေစဉ် (ဆင်ဟွာ)

ယခုအခါ မိမိတို့နိုင်ငံတွင် COVID-19 ရောဂါ ကူးစက်ပြန့်ပွားမှု ဒုတိယလှိုင်းအတွင်း နိုင်ငံအနှံ့အပြားတွင် ကူးစက်နှုန်းမြင့်မားခြင်းနှင့် သေဆုံးမှုများရှိနေခြင်းကြောင့် COVID-19  ရောဂါကာကွယ်၊ ထိန်းချုပ်၊ ကုသရေးလုပ်ငန်းများကို တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် အရှိန်အဟုန်မြှင့်ဆောင်ရွက်လျက်ရှိရာ မြန်မာ့တပ်မတော်အနေဖြင့်လည်း နိုင်ငံတော်နှင့်အမျိုးသားအကျိုးစီးပွားအတွက်  အင်တိုက်အားတိုက်တက်ကြွစွာ ပူးပေါင်းပါဝင်ဆောင်ရွက်လျက်ရှိကြောင်း သတင်းထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

နိုင်ငံတော်မှ အကြမ်းဖက်ဟုသတ်မှတ်ကြေညာထားသော အကြမ်းဖက်အဖွဲ့အစည်းများရှိသည့်နေရာများမှအပ ကျန်နယ်မြေများတွင် ၂၀၂၀ ပြည့်နှစ်၊ စက်တင်ဘာလ (၁)ရက်မှ (၃၀)ရက်အထိ တပ်မတော်အနေဖြင့် ပစ်ခတ်တိုက်ခိုက်မှုတိုးမြှင့်ရပ်စဲမည် ဖြစ်ကြောင်း သိရသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117