Connect with us

Politics, Law & Military

နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် နေပြည်တော်တွင် ရွေးကောက်ပွဲ လုပ်ငန်းစဉ် သရုပ်ပြပွဲ ဒုတိယ အကြိမ် သွားရောက် ကြည့်ရှုစစ်ဆေး

မဲပေးခြင်း သရုပ်ပြ စမ်းသပ်လေ့ကျင့်ပွဲသို့ နိုင်ငံတော် ၏ အတိုင်ပင်ခံ ပုဂ္ဂိုလ် လာရောက် စစ်ဆေးစဉ်( ဆင်ဟွာ)

နေပြည်တော်၊ အောက်တိုဘာ ၁၃ ရက်(ဆင်ဟွာ)

မြန်မာနိုင်ငံတစ်ဝှမ်းရှိ မဲရုံအားလုံးက စံနမူနာ ယူဆောင်ရွက်နိုင်ရန် ပြည်ထောင်စု နယ်မြေ နေပြည်တော် ဇမ္ဗူသီရိ မြို့နယ်၊ ဇေယျ သိဒ္ဓိ ရပ်ကွက် မဲရုံ အမှတ်(၁) တွင် ပြုလုပ်သော ဒုတိယအကြိမ် သရုပ်ပြပွဲ စိစစ်ခြင်းကို ယနေ့နံနက်ပိုင်းက ဆောင်ရွက်ခဲ့ပြီး နိုင်ငံတော်၏ အတိုင်ပင်ခံ ပုဂ္ဂိုလ် လာရောက် ကြည့်ရှု စစ်ဆေးခဲ့သည်ဟု ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်ရုံး ညွှန်ကြားရေးမှူးချုပ် ဦးခင်မောင်ဦးက ဆင်ဟွာသို့ဖြေကြားခဲ့သည်။

“မဲပေးခြင်း သရုပ်ပြပွဲကို ဒုတိယအကြိမ် လုပ်တာပါ၊ အဓိကကတော့ COVID-19 ကာကွယ် ထိန်းချုပ် ရေး လုပ်ငန်းစဉ်တွေနဲ့ အညီ ဘေးအန္တရာယ် ကင်းရှင်းစွာနဲ့ မဲပေးနိုင်ဖို့ရယ်၊ မဲပေးခြင်း process ကို စနစ်တကျ အချိန်မီ ပြီးစီးရေးရယ် အဲဒါကို ရည်ရွယ်တာပြီး ဆောင်ရွက်ကြတာပါ” ဟုလည်း ၎င်းက ဖြည့်စွက် ပြောကြားခဲ့သည်။

မဲပေးခြင်း သရုပ်ပြ စမ်းသပ်လေ့ကျင့်ပွဲသို့ နိုင်ငံတော် ၏ အတိုင်ပင်ခံ ပုဂ္ဂိုလ် လာရောက် စစ်ဆေးစဉ်( ဆင်ဟွာ)

မဲရုံပြင်ဆင်ခြင်းအပိုင်းကိုလည်း စိစစ်ခဲ့ရာ မဲရုံသို့ ရောက်လာသူများ ခြောက်ပေအကွာ တန်းစီနိုင်ရန် ၊ mask နှင့် face shield များ လိုအပ်လျှင် ပေးရန် ၊ မှတ်ပုံတင်ကိုလည်း ထိတွေ့မှု မရှိအောင် လည်ဆွဲ ကတ်ဖြင့် စီစဉ်ပေးရန် ၊ လက်ဆေးသည့် အခါ အခြောက်မြန်သည့် 85% အယ်လ်ကိုဟော ပါသော Hand Spray ကို အသုံးပြုရန် ၊ မဲရုံအဝင်၌ temperature တိုင်းခြင်း၊ မဲရုံအဖွဲ့ဝင်များ Mask နှင့် Face shield များ တပ်ဆင်ရန် ၊ Glass များပါ စနစ်တကျ သုံးရန် ၊ voter slip များကို အမှိုက်ပုံးထဲ စွန့်ပစ်စေရန် ၊ လက်သန်းဖျား မင်တို့ခါနီးတွင် အားလုံး save ဖြစ်အောင် hand spray နှင့် ဖြန်းပြီးမှ တို့ရန် ၊ ယာယီ မဲရုံများ ဆောက်ရာတွင် လေဝင်လေထွက် ကောင်းပြီး အလင်းရောင် ကောင်းစွာ ရရန် နှင့် သတ်မှတ် အကျယ်အဝန်းရှိရန် စသည့် အချက်များကို အသေးစိတ် သရုပ်ပြ စိစစ်ခဲ့ကြောင်း၊ အဆိုပါ သရုပ်ပြပွဲသို့ နိုင်ငံတော်၏ အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် နှင့့် လာရောက် စစ်ဆေးကာ လိုအပ်ချက်များအား ညွှန်ကြားခဲ့ကြောင်း ညွှန်ကြားရေးမှူးချုပ်က ရှင်းလင်း ဖြေကြားခဲ့သည်။

ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်ရုံး ညွှန်ကြားရေးမှူးချုပ် ဦးခင်မောင်ဦးက မီဒီယာသို့ ဖြေကြားနေစဉ် (ဆင်ဟွာ)

“သာမန်ကတော့ ရွေးကောက်ပွဲ ကော်မရှင်မှာ မဲရုံ လုပ်ငန်း Process က ရှိပြီးသားပါ။ အခုက COVID-19 ကြောင့် ဒီ လုပ်ငန်းတွေ ပိုမို စနစ်ကျအောင်၊ ပိုပြီး save ဖြစ်အောင်လို့အခုလို နိုင်ငံတော်ရဲ့ အတိုင်ပင်ခံ ပုဂ္ဂိုလ်က လာကြည့်တာပါ၊ ပထမ အကြိမ် သရုပ်ပြပွဲနဲ့စာရင် အခု ဒုတိယ အကြိမ်က လိုအပ်ချက်တွေ ပိုနည်းသွားတယ်၊ ပိုပြီးလည်း စနစ်ကျလာပါတယ်” ဟု ၎င်းက ပြောကြားခဲ့သည်။
မဲရုံ လုပ်ငန်းများနှင့် COVID-19 ကာကွယ်ရေး လုပ်ငန်းများ ပိုပြီး ပြည့်စုံ မြန်ဆန်စေရန် တတိယ အကြိမ် ထပ်စစ်ဆေးရန် ရှိကြောင်းနှင့် တတိယ အကြိမ် သရုပ်ပြပွဲကို လာမည့် သီတင်းပတ်အတွင်း ယခု မဲရုံမှာပင် ဆက်လက် ဆောင်ရွက်မည် ဖြစ်ကြောင်းသိရသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.