Connect with us

Politics, Law & Military

ကချင်ပြည်နယ် ဖားကန့်၌သက်တမ်းကုန် လုပ်ကွက်အတွင်းမှတွေ့ရှိသည့် ကျောက်စိမ်းရိုင်းတုံးအား နိုင်ငံတော်ပိုင်အဖြစ်သိမ်းဆည်း

ဖားကန့်မြို့နယ် ဝှေခါမှော်ရွာရှိ သက်တမ်းကုန်လုပ်ကွက်တစ်ခုအတွင်းမှ အရွယ်အစား ကြီးမားသည့် ကျောက်စိမ်းရိုင်းတုံးအားတွေ့ရစဉ် (ဓာတ်ပုံ--ပြန်ကြားရေးဝန်ကြီးဌာန)

ရန်ကုန်၊ အောက်တိုဘာ ၁၃ ရက် (ဆင်ဟွာ)

ကချင်ပြည်နယ် ဖားကန့်မြို့နယ် ဝှေခါမှော်ရွာရှိ သက်တမ်းကုန်လုပ်ကွက်တစ်ခုအတွင်းမှ အောက်တိုဘာ ၁၂ ရက် ညပိုင်းက တွေ့ရှိခဲ့သော် အရွယ်အစား ကြီးမားသည့် ကျောက်စိမ်းရိုင်းတုံးကို နိုင်ငံတော်ပိုင်အဖြစ် သိမ်းယူသွားမည်ဖြစ်ကြောင်း မြန်မာ့ကျောက်မျက်ရတနာရောင်းဝယ်ရေးလုပ်ငန်းမှသိရသည်။

မြန်မာ့ကျောက်မျက်ရတနာရောင်းဝယ်ရေးလုပ်ငန်းမှ အထွေထွေမန်နေဂျာဦးသက်ခိုင်က “အောက်တိုဘာ ၁၂ ရက် ညပိုင်းကတွေ့ရတယ်။ကျောက်စိမ်းရိုင်းရဲ့တန်ချိန်ကတော့ ကတော့မသိရသေးပါဘူး။ အရည်အသွေးကိုကြည့်ပြီး သက်ဆိုင်ရာတန်ဖိုးဖြတ်တဲ့အဖွဲ့ကတန်ဖိုးဖြတ်မှာပါ’’ ဟုဆင်ဟွာသို့ အောက်တိုဘာ ၁၃ ရက်တွင်ပြောသည်။

ဝှေခါမော်၌ တရားမဝင် ကျောက်စိမ်းခိုးတူးဖော်နေသူများရှိပြီးသက်ဆိုင်ရာတာဝန်ရှိသူများက ခိုးတူးသူများအား လိုက်လံတားဆီးခြင်း နှင့် သက်တမ်းကုန် နှင့် သက်တမ်းကျန်လုပ်ကွက်များအတွင်းဝင်ရောက်ခြင်းမပြုရန် ကွင်းဆင်းစစ်ဆေးစဉ် အဆိုပါ ကျောက်စိမ်းရိုင်းတုံးအားတွေ့ရှိခဲ့ခြင်းဖြစ်ကြောင်း သိရသည်။ (Xinhua)

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117