Connect with us

Politics, Law & Military

ရွေးကောက်တင်မြှောက်ခံရသည့် လွှတ်တော်ကိုယ်စားလှယ် ၁၆ ဦး၏ အမည်စာရင်းအား ကော်မရှင် ထုတ်ပြန်ကြေညာ

၂၀၂၀ ပြည့်နှစ် အထွေထွေ ရွေးကောက်ပွဲတွင် ရန်ကုန်မြို့ရှိ မဲရုံတစ်ခု၌ ဆန္ဒမဲများ ရေတွက်နေမှုအား တွေ့ရစဉ်(ဆင်ဟွာ)

ရန်ကုန် ၊ နိုဝင်ဘာ ၉ ရက်(ဆင်ဟွာ) ရေးသားသူ/ဟေမာန်

ကယားပြည်နယ် ၊ ချင်းပြည်နယ် ၊ တနင်္သာရီတိုင်းဒေသကြီး ၊ ပဲခူးတိုင်းဒေသကြီး ၊ မန္တလေးတိုင်းဒေသကြီးတို့မှ ရွေးကောက်တင်မြှောက်ခံရသည့် အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် ပါတီကိုယ်စားပြု ဝင်ရောက်ယှဉ်ပြိုင်ခဲ့သည့် လွှတ်တော်ကိုယ်စားလှယ် ၁၆ ဦး၏ အမည်စာရင်းများကို ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်က ယနေ့ ညပိုင်းတွင် ထပ်မံ ထုတ်ပြန်ခဲ့သည်။

ချင်းပြည်နယ် မင်းတပ်မဲဆန္ဒနယ်တွင် ဦးနေလင်းအောင် ၊ တနင်္သာရီတိုင်းဒေသကြီး လောင်းလုံမဲဆန္ဒနယ်တွင် ဒေါ်ခင်စန္ဒီ ၊ မန္တလေးတိုင်းဒေသကြီး ဒဏ္ခိဏသီရိမဲဆန္ဒနယ်တွင် ဦးသန့်ဇင်ထွန်း တို့အား အဆိုပါမဲဆန္ဒနယ်များ၏ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်များအဖြစ် ရွေးကောက်တင်မြှောက်ခံရသူများ အဖြစ် ကြေညာခဲ့သည်။

၂၀၂၀ ပြည့်နှစ် အထွေထွေ ရွေးကောက်ပွဲတွင် ရန်ကုန်မြို့ရှိ မဲရုံတစ်ခု၌ ဆန္ဒမဲများ ရေတွက်နေမှုအား တွေ့ရစဉ်(ဆင်ဟွာ) 

အမျိုးသားလွှတ်တော် ကိုယ်စားလှယ်များအဖြစ် ကယားပြည်နယ် မဲဆန္ဒနယ် အမှတ်(၅)တွင် ဦးစိုင်းပန်ဖ ၊ ချင်းပြည်နယ် မဲဆန္ဒနယ်အမှတ်(၆)တွင် ဒေါက်တာငိုင်းတမ်မောင်း ၊ တနင်္သာရီတိုင်းဒေသကြီး မဲဆန္ဒနယ် အမှတ်(၅)တွင် ဒေါ်ဥမ္မာခင်တို့အား အဆိုပါမဲဆန္ဒနယ်များ၏ အမျိုးသားလွှတ်တော်ကိုယ်စားလှယ်များအဖြစ် ရွေးကောက်တင်မြှောက်ခံရကြောင်း ကြေညာခဲ့သည်။

တိုင်းဒေသကြီး လွှတ်တော် သို့မဟုတ် ပြည်နယ် လွှတ်တော်ကိုယ်စားလှယ်များ အဖြစ် ကယားပြည်နယ် မယ်စဲ မဲဆန္ဒနယ် အမှတ်(၁)တွင် ဦးအောင်နိုင်ဦး နှင့် အမှတ်(၂)တွင် ဦးအယ်လ်ဖောင်းရှို ၊ ချင်းပြည်နယ် မင်းတပ် မဲဆန္ဒနယ် အမှတ်(၁)တွင် ဦးထန်းချွမ်ဖေ နှင့် အမှတ်(၂)တွင် ဦးဟုန်းနိုင်း ၊ တနင်္သာရီတိုင်းဒေသကြီး လောင်းလုံ မဲဆန္ဒနယ် အမှတ်(၁)တွင် ဦးဗိုလ်ထွေး နှင့် အမှတ်(၂)တွင် ဦးမြင့်စန်း ၊ ပဲခူးတိုင်းဒေသကြီး ဇီးကုန်း မဲဆန္ဒနယ် အမှတ်(၁)တွင် ဒေါ်ခင်အေးရီ နှင့် အမှတ်(၂)တွင် ဦးမင်းမင်းထိုက်(ခ)တာတီး ၊ မန္တလေးတိုင်းဒေသကြီး ချမ်းအေးသာစံ မဲဆန္ဒနယ် အမှတ်(၁)တွင် ဦးသူရလင်း နှင့် အမှတ်(၂)တွင် ဒေါက်တာစိုးသန်း(ခ)ကျော်စိုးသန်းတို့အား အဆိုပါမဲဆန္ဒနယ်များ၏ တိုင်းဒေသကြီး လွှတ်တော် သို့မဟုတ် ပြည်နယ် လွှတ်တော်ကိုယ်စားလှယ်များ အဖြစ် ရွေးကောက်တင်မြှောက်ခံရသူများ အဖြစ် ကြေညာခဲ့သည်။

၂၀၂၀ ပြည့်နှစ် အထွေထွေရွေးကောက်ပွဲတွင် တစ်နိုင်ငံလုံး အတိုင်းအတာဖြင့် တစ်သီးပုဂ္ဂလ ကိုယ်စားလှယ်လောင်း ၂၆၀ ဦး အပါအဝင် နိုင်ငံရေးပါတီ ၈၇ ခု မှ ကိုယ်စားလှယ်လောင်း စုစုပေါင်း ၅,၆၃၉ ဦးပါဝင်ယှဉ်ပြိုင်ကြခဲ့ပြီး ဆန္ဒမဲပေးခွင့် ရှိသူ မဲဆန္ဒရှင် ၃၇ သန်းကျော် ရှိကြောင်း သိရသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.


Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117