Connect with us

Politics, Law & Military

ရန်ကုန်တိုင်းဒေသကြီးရှိ အင်းလျားကန်ဘောင်၊ တိရစ္ဆာန်ဥယျာဉ်၊ ပန်းခြံများနှင့် ကစားကွင်းများအားလုံးကို ဒီဇင်ဘာ ၂၁ ရက် မှ ၃၁ ရက်အထိ ခေတ္တပိတ်ရန်ညွှန်ကြားထားကြောင်းဆို

အင်းလျားကန်ဘောင်တွင် လေ့ကျင့်ခန်းလုပ်နေသူတစ်ဦးအားတွေ့ရစဉ် (ဆင်ဟွာ)

ရန်ကုန်၊ ဒီဇင်ဘာ ၁၉ ရက် (ဆင်ဟွာ) ရေးသားသူ/အေးလပြည့်

ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ ပြည်သူ့ဥယျာဉ်၊ တိရစ္ဆာန်ဥယျာဉ်၊ အင်လျားကန်ဘောင်၊ ပန်းခြံများနှင့် ကစားကွင်းများအားလုံးကို ခရစ္စမတ်နှင့် နိုင်ငံတကာနှစ်သစ်ကူး ပိတ်ရက်ကာလအတွင်း လူစုလူဝေးမဖြစ်ပေါ်စေရေးအတွက် ဒီဇင်ဘာ ၂၁ ရက်မှ ၃၁ ရက်ထိ ပိတ်ထားရန် ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့က ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီသို့ ညွှန်ကြားထားကြောင်း ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီ၊ ပန်းဥယျာဉ်နှင့်အားကစားကွင်းများဌာနမှ တာဝန်ရှိသူတစ်ဦးက ဆင်ဟွာသို့ ဒီဇင်ဘာ ၁၉ ရက်တွင် အတည်ပြုပြောကြားသည်။

“ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့က ပိတ်ဖို့အတွက် ညွှန်ကြားချက်ထုတ်တယ်။ ဒါကြောင့် ကျွန်တော်တို့က အခု ပိတ်တဲ့ဗီနိုင်းတွေလိုက်ကပ်ဖို့လုပ်နေပါတယ်။ လိုက်နာမှုရှိမရှိနဲ့ပတ်သက်ပြီး ကျွန်တော်တို့ ဆီက လုံခြုံရေးအဖွဲ့ရှိမယ်၊ မြို့နယ်ရဲရှိမယ်၊ နောက်တစ်ခါ ရန်ကုန်တိုင်းဒေသကြီး COVID-19 ထိန်းချုပ်ရေးနဲ့ အရေးပေါ်တုံ့ပြန်ရေးလုပ်ငန်းကော်မတီရှိမယ်၊အဲဒီအဖွဲ့တွေက သက်ဆိုင်ရာဥယျာဉ်တွေ၊ ကစားကွင်းတွေ မှာ စောင့်ကြည့်သွားမှာပါ။’’ ဟု ၎င်းကဖြည့်စွက်ပြောကြားသည်။

အင်းလျားကန်ဘောင်တွင် လေ့ကျင့်ခန်းလုပ်နေသူတစ်ဦးအားတွေ့ရစဉ် (ဆင်ဟွာ)

ရန်ကုန်တိုင်းဒေသကြီးတွင် Stay at Home သတ်မှတ်ထားသည့် မြို့နယ်များအတွင်းရှိ ပြည်သူများအနေဖြင့် ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၏ ထုတ်ပြန်သောစည်းကမ်းများအား လိုက်နာခြင်းမရှိဘဲ ပြင်ပ၌သွားလာနေခြင်းများနှင့် စပ်လျဥ်း၍ လိုအပ်သော သတိပေးစစ်ဆေးတင်းကြပ်မှုများဆောင်ရွက်သွားရန် Coronavirus Disease 2019 (COVID-19) ကာကွယ်၊ ထိန်းချုပ်၊ ကုသရေး အမျိုးသားအဆင့်ဗဟိုကော်မတီမှ အကြောင်းကြားလာခဲ့ကြောင်း၊ အဆိုပါကိစ္စနှင့်စပ်လျဉ်း၍ ခရစ္စမတ်နှင့် နိုင်ငံတကာနှစ်သစ်ကူးပိတ်ရက်ကာလ အတွင်း လူစုလူဝေးမဖြစ်ပေါ်စေရေးအတွက် ရန်ကုန်တိုင်းဒေသကြီးရှိ အများပြည်သူများစုဝေးတတ်သော နေရာများဖြစ်သည့် ပြည်သူ့ဥယျာဉ်၊ တိရစ္ဆာန်ဥယျာဉ်၊ အင်းလျားကန်ဘောင်၊ ပန်းခြံနှင့်ကစားကွင်းများအားလုံးကို ဒီဇင်ဘာ ၂၁ ရက်မှ ၃၁ ရက်အထိ ခေတ္တပိတ်ထားရန် ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့မှ ညွှန်ကြားချက်ထုတ်ပြန်ခဲ့ခြင်းဖြစ်ကြောင်း ဆိုသည်။ (Xinhua)


Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117