WORLD
သက်ကြီးရွယ်အိုများ သေဆုံးမှုရှိခဲ့သော်လည်း Pfizer ကာကွယ်ဆေး ထိုးနှံမည့်အစီအစဉ် သြစတြေးလျက ဆက်လက်လုပ်ဆောင်မည်ဟုဆို
ကန်ဘာရာ၊ ဇန်နဝါရီ ၁၉ ရက် (ဆင်ဟွာ) ဘာသာပြန် – ခေါန်ရိန်
နော်ဝေနိုင်ငံတွင် ကာကွယ်ဆေးထိုးနှံမှုခံယူသူများ သေလုမျောပါးအခြေအနေများရှိခဲ့သော်လည်း သြစတြေးလျနိုင်ငံ၌ Pfizer ကာကွယ်ဆေးထိုးနှံခြင်းကို ဆက်လက်လုပ်ဆောင်သွားမည် ဖြစ်ကြောင်း သြစတြေးလျ အစိုးရ၏ ကာကွယ်ဆေးဆိုင်ရာ အကြံပေးပညာရှင်တစ်ဦးက ပြောကြားခဲ့သည်။
တာဝန်ရှိသူများသည် သြစတြေးလျနိုင်ငံသား ၁၀၀,၀၀၀ လျှင် ခန့်မှန်းခြေ တစ်ယောက်ခန့် ဓာတ်မတည့်တုံ့ပြန်မှုဖြစ်ပေါ်မည်ဟု မျှော်လင့်ထားသော်လည်း ကာကွယ်ဆေးသည် ရောဂါကူးစက်နိုင်ခြေ အများဆုံးရှိသူများကို ကာကွယ်ပေးနိုင်မည်ဟု သြစတြေးလျ ကာကွယ်ဆေးဆိုင်ရာ နည်းပညာအကြံပေးအဖွဲ့ (ATAGI) ဒုတိယဥက္ကဋ္ဌ Allen Cheng က ပြောခဲ့သည်။
“ကျွန်တော်တို့ ဒီအတွက် ပြင်ဆင်ဖို့ လိုအပ်လိမ့်မယ်ဆိုတဲ့ အဓိပ္ပာယ်ပါပဲ” ဟု ၎င်းက Nine Entertainment သတင်းစာကို ဇန်နဝါရီ ၁၈ ရက်က ပြောခဲ့သည်။
“ကာကွယ်ဆေးထိုးနှံပြီးဖြစ်ပေမဲ့လည်း လူတွေအနေနဲ့ ရောဂါကူးစက်ခံရနိုင်ပါတယ်။ ဒါပေမဲ့ ဒီကာကွယ်ဆေးထိုးနှံမယ့် စိတ်ကူးက ကိုရိုနာဗိုင်းရပ်စ် အန္တရာယ်ကို လျှော့ချနိုင်ပါတယ်။ အပြည့်အဝဖယ်ထုတ်ရှင်းလင်းနိုင်တာ ဖြစ်ချင်မှဖြစ်မယ်။ ဒါပေမဲ့ လျှော့ချနိုင်မှာပါ”
ဖေဖော်ဝါရီတွင် လုပ်ဆောင်မည့် သြစတြေးလျနိုင်ငံ၏ ကာကွယ်ဆေး အစီအစဉ် ဆက်လက်လုပ်ဆောင်ရာတွင် COVID-19 ကာကွယ်ဆေး၏ ဦးစားပေးလုပ်ဆောင်မှု ၊ဘေးကင်းမှု၊ ဖြန့်ဝေမှု နှင့်စောင့်ကြည့်မှုတို့ အကြံပြု ရန် ATAGI က ကျန်းမာရေးဝန်ကြီး Greg Hunt က တိုက်တွန်းထားကြောင်း သိရသည်။
နော်ဝေနိုင်ငံတွင် ကာကွယ်ဆေးထိုးနှံပြီးနောက် သက်ကြီးရွယ်အို ၃၀ ဦး သေဆုံးခဲ့ရသော်လည်း စောင့်ရှောက်ရေးဂေဟာများရှိ သက်ကြီးရွယ်အိုများအား Pfizer ကာကွယ်ဆေးထိုးနှံမှု အစီအစဉ် ဆက်လက်လုပ်ဆောင်မည်ဖြစ်ကြောင်း Cheng က ဆိုသည်။
သြစတြေးလျနိုင်ငံသား အမြောက်အမြား ကာကွယ်ဆေးထိုးနှံမှု၌ ပါဝင်ပြီးနောက်ပိုင်းတွင် လူအုပ်စုအကြား ရောဂါဒဏ်ခံနိုင်ရည်ရှိခြင်းကို ရေရှည်ပန်းတိုင်တစ်ရပ်အဖြစ် လုပ်ဆောင်သွားမည်ဖြစ်ကြောင်း News Corp Australia နှင့် သီးခြားအင်တာဗျူးတစ်ခုတွင် Cheng က ဖော်ပြခဲ့သည်။
“ကျွန်တော်တို့ လူတွေ မကျန်းမမာဖြစ်ပြီး သေဆုံးတာကို ရပ်တန့်ချင်စေလိုတဲ့အတွက် ကာကွယ်မှုကို စတင်တော့မှာဖြစ်ပါတယ်”ဟု ၎င်းက ပြောခဲ့သည်။“ကျွန်တော်တို့ မကျန်းမမာဖြစ်ပြီးသေဆုံးနိုင်ခြေအများဆုံးရှိတဲ့ လူတွေကို ပထမဆုံးကာကွယ်ဆေး ထိုးနှံပေးမယ်လို့ ဆိုလိုတာပါပဲ” ။(Xinhua)
——————————————–
(English Version)
Australia to go ahead with Pfizer vaccine despite elderly deaths: vaccine adviser
CANBERRA, Jan. 19 (Xinhua) — A vaccine adviser to the Australian government said that the country will likely go ahead with the Pfizer vaccine despite recipients dying in Norway.
Allen Cheng, the co-chair of the Australian Technical Advisory Group on Immunisation (ATAGI), said that authorities were expecting approximately one out of every 100,000 Australians to have an allergic reaction to vaccines but that they would protect the most vulnerable people.
“That means we will need to prepare for that,” he told Nine Entertainment newspapers on Monday.
“There will be people that do get the infection despite having the vaccination, but the idea is that it reduces the risk (of catching the coronavirus). It may not eliminate it completely, but it will reduce it.”
The ATAGI has been advising Health Minister Greg Hunt on the prioritization, safety, distribution and monitoring of COVID-19 vaccines ahead of the beginning of Australia’s vaccine program in February.
Cheng said the plan to vaccinate aged care residents with Pfizer’s vaccine would likely go ahead despite 30 elderly people in Norway dying after receiving it.
In a separate interview with News Corp Australia, Cheng described the attainment of herd immunity as a “long-term goal” that could involve Australians being immunized multiple times.
“We’re going for protection to start with; we want to stop people getting sick and dying,” he said.
“That will mean that we will give the vaccine firstly to people who are at the highest risk of getting sick and dying.” Enditem
A notice reminding people to protect themselves from the coronavirus is seen at a food booth amid the COVID-19 pandemic in Sydney, Australia, on June 19, 2020. (Xinhua/Bai Xuefei)