Connect with us

Politics, Law & Military

ဝန်ကြီးဌာန ၂၁ ဌာနနှင့် ပြည်ထောင်စု ဝန်ကြီး ၁၈ ဦး ထားရှိရန် ပြည်ထောင်စု လွှတ်တော် အတည်ပြု

ပြည်ထောင်စု လွှတ်တော် အစည်းအဝေးကျင်းပနေစဉ် (ဆင်ဟွာ)

ရန်ကုန်၊ မတ် ၂၁ ရက် (ဆင်ဟွာ)

နိုင်ငံတော် သမ္မတ အဖြစ်ရွေးကောက်ခံရသော ဦးထင်ကျော် တင်သွင်းလာသော ဝန်ကြီးဌာန ၂၁ ဌာနနှင့် ပြည်ထောင်စု ဝန်ကြီး ၁၈ ဦး ထားရှိမှုကို ပြည်ထောင်စု လွှတ်တော်က ယနေ့ အတည်ပြုလိုက်သည်။

ဝန်ကြီးဌာန ၂၁ ခု ထားရှိမှုကို ပြည်ထောင်စု လွှတ်တော်တွင် ကိုယ်စားလှယ်များ စက်ခလုတ်နှိပ်ပြီး မဲပေးရာ ထောက်ခံမဲ ၆၁၁ မဲ၊ ကန့်ကွက်မဲ ၃ မဲ နှင့် ကြားနေ ၂၂ မဲ ရရှိသဖြင့် ဦးထင်ကျော် တင်သွင်းလာသည့် ဝန်ကြီး ဌာန ၂၁ ခု အတိုင်း ထားရှိရန် ပြည်ထောင်စု လွှတ်တော်က အတည်ပြုလိုက်သည်။

ဝန်ကြီးဌာနများ အနက် ယဉ်ကျေးမှုနှင့် သာသနာရေးဝန်ကြီး ဌာနအစား သာသနာရေးနှင့် ယဉ်ကျေးမှု ဝန်ကြီးဌာနအဖြစ် ယနေ့ ပြောင်းလဲ သတ်မှတ် အတည်ပြုလိုက်သည်။

အဆိုပါ ပြည်ထောင်စု ဝန်ကြီး ၁၈ ဦး ထားရှိမှုနှင့် ပတ်သက်ပြီး စက်ခလုတ်နှိပ်ပြီး မဲခွဲဆုံးဖြတ်ရာ ထောက်ခံမဲ ၆၀၁ မဲ၊ ကန့်ကွက်မဲ ၂၂ မဲနှင့် ကြားနေမဲ ၁၄ မဲ ရရှိသဖြင့် ထောက်ခံမဲများ၍ ပြည်ထောင်စု ဝန်ကြီး ၁၈ ဦးသာ ထားရှိရန် ပြည်ထောင်စု လွှတ်တော်က အတည်ပြု လိုက်သည်။ (Xinhua)

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117