Connect with us

Politics, Law & Military

လာမည့် အစိုးရ ၅ နှစ် သက်တမ်းအတွင်း ဝန်ကြီးအရေအတွက် လျော့နည်းသွားခြင်းကြောင့် ကျပ်သန်းပေါင်း ၅၀၀၀ ခန့်ခြိုးခြံချွေတာပြီး ဖြစ်မည်

နိုင်ငံတော် သမ္မတ အဖြစ် ရွေးချယ် တင်မြှောက်ခံထားရသူ ဦးထင်ကျော်က ယနေ့မတ် ၂၁ ရက် ပြည်ထောင်စု လွှတ်တော် အစည်းအဝေးတွင် ရှင်းလင်းရှင်းပြောကြားနေစဉ် (ဆင်ဟွာ)

ရန်ကုန် ၊ မတ် ၂၁ ရက် (ဆင်ဟွာ)

အစိုးရ ငါးနှစ် သက်တမ်းအတွင်း လျော့နည်းသွားသည့် ဝန်ကြီးများ၏ လစာငွေ နှင့် အဆောင်အယောင် ၊ အသုံးစရိတ် သည် ကျပ်သန်းပေါင်း ၅၀၀၀ ခန့် ချိုးခြံချွေတာ ပြီး ဖြစ်မည် ဖြစ်ကြောင်း နိုင်ငံတော် သမ္မတ အဖြစ် ရွေးချယ် တင်မြှောက်ခံထားရသူ ဦးထင်ကျော်က ယနေ့မတ် ၂၁ ရက် ပြည်ထောင်စု လွှတ်တော် အစည်းအဝေးတွင် ရှင်းလင်း ပြောကြားခဲ့သည်။

ထို လျှော့ချလိုက်သည့် ဝန်ကြီးများ၏ ကျပ်သန်းပေါင်း ၅၀၀၀ ခန့်ရှိသည့် လစာ နှင့် အဆောင်အယောင် စရိတ်များကို နိုင်ငံ ပညာရေး ၊ ကျန်းမာရေး ၊ ကျေးလက် ဒေသ ဖွံ့ဖြိုး တိုးတက်ရေး တို့တွင် ပိုမို သုံးစွဲနိုင်မည် ဖြစ်ကြောင်း နိုင်ငံတော် သမ္မတ အဖြစ် ရွေးချယ် တင်မြှောက်ခံထားရသူ ဦးထင်ကျော်က ပြောကြားခဲ့သည်။

ထိုပြင် အစိုးရ ဝန်ကြီးဌာနများ ပေါင်းစပ်ဖွဲ့စည်းထားရှိမှုများကြောင့် ဝန်ကြီးဌာနနှင့် ဝန်ကြီး ဦးရေ လျှော့နည်း သွားခြင်းသာ ရှိမည် ဖြစ်ပြီး ဝန်ထမ်းများကို သင့်လျှော်သလို ပြောင်းရွှေ့နေရာချထားခြင်း အားဖြင့် အလုပ်အကိုင် လုံခြုံမှု ပေးမည် ဖြစ်ကြောင်း ၊ နိုင်ငံဝန်ထမ်းများ အနေဖြင့် ဥပဒေ ၊ စည်းမျဉ်းစည်းကမ်း များနှင့် ညီညွှတ်ခြင်း ရှိသည့် အလုပ်မျိုးကိုသာ လုပ်ကိုင်မည် ဆိုပါက အလုပ်လက်မဲ့ ဖြစ်စရာ အကြောင်း လုံး၀ မရှိပါကြောင်း ပြောကြားခဲ့သည်။

ယခုကဲ့သို့ပြည်ထောင်စု အစိုးရ ဝန်ကြီးဌာန အရေအတွက်နှင့် ပြည်ထောင်စု ဝန်ကြီး လျော့နည်းသွားခြင်း အားဖြင့် နိုင်ငံတော်နှင့် နိုင်ငံသူ/သားများ အတွက် စီမံကိန်း လုပ်ငန်းများ ဆောင်ရွက်ရာတွင် ဖြစ်စေ ၊ အစိုးရ၏ မူဝါဒများကို ဖော်ဆောင်ရာတွင် အချိန်နှောင့်နှေး ကြန့်ကြာမှုများ ၊ မလိုအပ်ဘဲ ငွေကုန် ကြေးကျ များမှု များ များစွာ လျော့နည်းသွားမည် ဖြစ်ကြောင်း ပြောကြားခဲ့သည်။
နိုင်ငံသည် ပြည်သူ့ဘဏ္ဍာငွေ သုံးစွဲမှုကို တတ်နိုင်သမျှ လျော့နည်း သက်သာ စေနိုင်ပါမှ ၊ အတတ်နိုင်ဆုံး ခြိုးခြံချွေတာ နိုင်ပါမှ နိုင်ငံတော် ဘဏ္ဍာငွေများ စုဆောင်းနိုင်ပြီး ဖွံ့ဖြိုးမှု အနည်းဆုံး နိုင်ငံ အဖြစ်မှ လွတ်မြောက်နိုင်မည် ဖြစ်ကြောင်း ၊ နောင်မျိုးဆက်များ အတွက် နိုင်ငံဘဏ္ဍာ အရန်ငွေများ ချန်ထားနိုင်ခဲ့ပြီး တိုင်းပြည် ဖွံ့ဖြိုး တိုးတက်လာနိုင်မည် ဖြစ်ကြောင်း ၊ နိုင်ငံ ဘဏ္ဍာငွေများ လေလွင့် ဆုံးရူံးမှု မရှိစေဘဲ ပိုနေသည့် နေရာမှသည် လိုနေသည် နေရာဆီသို့ပြည်သူလူထု လူနေမှု ဘ၀ အဆင့်အတန်း မြင့်မားရေး အတွက် မျှဝေပေးနိုင်မည် ဖြစ်ကြောင်း ထည့်သွင်း ပြောကြားခဲ့သည်။
ထိုကြောင့် အရေအတွက်ထက် အရည်အချင်းကို ဦးစားပေးရေး ၊ အဂတိ ကင်းစင်သော လူ့အသိုင်းအဝိုင်း ဖော်ဆောင်ရေး ၊ အမျိုးသား အကျိုးစီးပွားကို ရှေးရှုရေး ၊ ပြည်သူ့ဘဏ္ဍာငွေများ ခြိုးခြံ ချွေတာရေး နှင့် စွမ်းဆောင်ရည် ပြည့်ဝနေသည့် ကျစ်လစ်ခိုင်မာနေသော ပြည်ထောင်စု အစိုးရ တစ်ရပ် ဖွဲ့စည်းနိုင်ရေး ကိစ္စတို့ကို ဦးတည် ဆောင်ရွက်ပါကြောင်း ပြောကြားခဲ့သည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.


Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117