Connect with us

Politics, Law & Military

ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင် အဖွဲ့ဝင်ငါးဦး အမည်စာရင်း ပြည်ထောင်စု လွှတ်တော်သို့ တင်ပြ

ဒုတိယ အကြိမ် ပြည်ထောင်စု လွှတ်တော် အစည်းအဝေး ကျင်းပနေစဉ် (ဆင်ဟွာ)

ရန်ကုန်၊ မတ် ၂၅ ရက် (ဆင်ဟွာ)

နိုင်ငံတော် သမ္မတအဖြစ် ရွေးချယ် တင်မြှောက်ခံရသူသည် ယနေ့ မတ်လ ၂၅ ရက်တွင် ပြည်ထောင်စု လွှတ်တော်သို့ ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင် အဖွဲ့ဝင် ငါးဦး အမည်စာရင်းကို တင်ပြလာကြောင်း ပြည်ထောင်စု လွှတ်တော် နာယက ဦးမန်းဝင်းခိုင်သန်းက ကြေညာသည်။

ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင် ဥက္ကဋ္ဌ အဖြစ် ဦးလှသိန်း အပါအဝင် အဖွဲ့ဝင်များအဖြစ် ဦးအောင်မြင့် ၊ ဦးစိုးရယ်၊ ဦးထွန်းခင် နှင့် ဦးလှတင့် တို့ဖြင့် ဖွဲ့စည်းရန် ယနေ့ ပြည်ထောင်စု လွှတ်တော်သို့ တင်ပြကြောင်း ၎င်းက ကြေညာသည်။

အဆိုပါ တင်ပြလာသော အမည်စာရင်းများနှင့် ပတ်သက်ပြီး လွှတ်တော် ကိုယ်စားလှယ်များက ကန့်ကွက် ဆွေးနွေးရန် ရှိပါက မတ်လ ၂၆ ရက်နေ့ ညနေတွင် ပြည်ထောင်စု လွှတ်တော်ရုံးသို့ အမည်စာရင်း တင်သွင်းရမည် ဖြစ်ပြီး ယင်း ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင် အမည်စာရင်းနှင့် ပတ်သက်ပြီး မတ်လ ၂၈ ရက်နေ့တွင် ပြည်ထောင်စု လွှတ်တော်၌ ပြန်လည် ဆွေးနွေးမည် ဖြစ်သည်။

ယနေ့ ပြည်ထောင်စု လွှတ်တော်သို့ တက်ရောက်ရန် ရှိသည့် ကိုယ်စားလှယ် ၆၅၃ ဦးရှိရာ ၆၄၆ ဦး တက်ရောက်သည်။ (Xinhua)

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117