Connect with us

Politics, Law & Military

နိုင်ငံတော် သမ္မတ ဦးထင်ကျော် နှင့် ဇနီး တို့၏ ဂုဏ်ပြု ညစာ ဧည့်ခံပွဲ သမ္မတ အိမ်တော်၌ ပြုလုပ်

နိုင်ငံတော် သမ္မတသစ် ဦးထင်ကျော်၏ ဂုဏ်ပြု ညစာစားပွဲ ကျင်းပနေစဉ် (ဆင်ဟွာ)

နေပြည်တော် ၊ မတ် ၃၀ ရက် (ဆင်ဟွာ)

နိုင်ငံတော် သမ္မတသစ် ဖြစ်သူ ဦးထင်ကျော် နှင့် ဇနီး ဒေါ်စုစုလွင် တို့၏ ဂုဏ်ပြု ညစာ ဧည့်ခံပွဲကို ယနေ့မတ်လ ၃၀ ရက် ညပိုင်း အချိန်တွင် နိုင်ငံတော် သမ္မတ အိမ်တော် မြက်ခင်းပြင်၌ ပြုလုပ်ခဲ့သည်။

ထို ဂုဏ်ပြု ညစာ ဧည့်ခံပွဲသို အထူး ဂုဏ်ထူးဆောင် ဧည့်သည်တော် အဖြစ် ဒေါ်အောင်ဆန်းစုကြည် နှင့် အတူ ဒုတိယ သမ္မတ နှစ်ဦး နှင့် ၎င်းတို့၏ ဇနီးများ ၊ ပြည်ထောင်စု တရားသူကြီးချုပ် ဦးထွန်းထွန်းဦး ၊ ပြည်ထောင်စု လွှတ်တော် နာယက ၊ အမျိုးသား လွှတ်တော် ဥက္ကဋ္ဌ ဦးမန်းဝင်းခိုင်သန်း ၊ ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌ ဦးဝင်းမြင့် ၊ တပ်မတော် ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် နှင့် အတူ အစိုးရ အဖွဲ့သစ် အဖွဲ့ဝင်များ ၊ ပြည်ထောင်စု လွှတ်တော် ဥပဒေရေးရာ နှင့် အထူးကိစ္စရပ်များ လေ့လာဆန်းစစ်သုံးသပ်ရေး ကော်မရှင် ဥက္ကဋ္ဌ သူရဦးရွှေမန်း နှင့် အတူ လွှတ်တော်ရေးရာကော်မတီ ၊ ကော်မရှင် ဥက္ကဌများ ၊ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် (NLD) ဗဟိုအလုပ်အမှုဆောင်များ၊ နိုင်ငံခြား သံတမန်များ နှင့် အခြား ဖိတ်ကြားထားသူများ အပါအဝင် စုစုပေါင်း ဧည့်သည် သုံးရာခန့်တက်ရောက်ခဲ့ကြောင်း သိရသည်။

နိုင်ငံတော် သမ္မတသစ် ဦးထင်ကျော်၏ ဂုဏ်ပြု ညစာစားပွဲ ကျင်းပနေစဉ် (ဆင်ဟွာ)

နိုင်ငံတော် သမ္မတသစ် ဦးထင်ကျော်၏ ဂုဏ်ပြု ညစာစားပွဲ ကျင်းပနေစဉ် (ဆင်ဟွာ)

ဧည့်ခံပွဲသို့တက်ရောက်လာသူများအား နိုင်ငံတော် သမ္မတ ဦးထင်ကျော် နှင့် ဇနီး တို့က ကြိုဆို နှုတ်ဆက်ခဲ့ကြပြီး အခမ်းအနားတွင် အနုပညာရှင်များမှလည်း တေးဂီတ ၊ အက များဖြင့် ဖျော်ဖြေတင်ဆက်မှုများ ပါဝင် ပြုလုပ်ခဲ့သည်။(Xinhua)

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117